ယခုကော်ဖီက သင်္ကြန်မှာအသုံးများတဲ့ပစ္စည်းတခုပါသတိထားပါ
သတင်းနှင့်ဓါတ်ပုံများပေးပို့နိုင်ပါပြီ ဘာသာရေးကြော်ငြာများ ပရဟိတပွဲများ အလှူပွဲများအခမဲ့ ကြော်ငြာပေးပါမည် mohnyinnews@gmail.com
ယခုကော်ဖီက သင်္ကြန်မှာအသုံးများတဲ့ပစ္စည်းတခုပါသတိထားပါ
လျှပ်စစ်အပ်ချုပ်သင်တန်းဖွင့်
ဗန်းမော် မတ် ၂၇
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် အမျိုးသမီးငယ်များအား လျှပ်စစ် အပ်ချုပ်စက်တတ်မြောက်စေပြီး အသက်မွေးဝမ်းကျောင်း လုပ်ကိုင်စားသောက်ရန်ရည်ရွယ်၍ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှကျင်းပသော လျှပ်စစ်အပ်ချုပ်စက်သင်တန်းကို မတ် ၂၄ ရက်က အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ကျင်းပ ရာ သင်တန်းသူ ၂ဝ တက်ရောက်ကြပြီး သင်တန်းကာလမှာ တစ်လဖြစ်ကြောင်း သိရသည်။
ဝါဝါ(ဗန်းမော်)

၈၈၈၈ သွေးသစ်မှ ဥပဒေဆိုင်ရာအမြင်ဖွင့်ဆွေးနွေးပွဲကို မတ်လ ၂၈ ၊ ၂၉ ရက်နေများမှာ အရှေ့ကျောင်း သာသနာ့ဗိမာန်အောက်ထပ်တွင် ကျင်းပပါမည်။ မည်သူမဆို အခမဲ့တက်ရောက်နိုင်ပါတယ်။ လယ်ယာဥပဒေများ အဓိကပါမည်ဟု သိရပါကြောင်း အသိပေးအပ်ပါသည်။
ကျောက်ကပ်ရောဂါအတွက် သဘာဝဆေးနည်းများ
---------------------------------------------------------
ကျောက်ကပ်ရောဂါဟာ အသက်အန္တရာယ်အတွက် အလွန်အရေးကြီးသည့် ရောဂါတစ်ခု ဖြစ်ပါတယ်။ ကျောက်ကပ်ဝေဒနာကို ကုသနေရသူများဟာ ငွေကြေးကုန်ကျမှုလည်း အလွန်များပြားလွန်းလှပါတယ်။
အနောက်တိုင်းသားများဟာလည်း ယခုဆိုလျှင် ဘေးထွက်ဆိုးကျိုးမရှိသည့် သစ်ဥ သစ်ဖုများနှင့် အသီးအနှံများဖြင့် သဘာဝကျကျ ဖော်စပ်ပြီး သုံးစွဲရသည့် သဘာဝဆေးနည်းများကို အားကိုပြီး သုံးစွဲလာနေကြပါပြီ။
ကျောက်ကပ်အတွက် သဘာဝဆေးနည်းကို မျှဝေပေးလိုက်ပါတယ်။
(၁) ကျောက်ဖရုံသီး ဟင်းချိုကို အသား၊ ငါးတို့မထည့်ပဲ မကြာခဏ ချက်ပြီး သောက်ပေးပါ။
(၂) တရုတ်နံနံပင်ကို (၅)ရွက်ခန့် ရေနွေးထဲ ထည့်စိမ်ပြီး သောက်ပါ။ အရွက်စိမ်း၊ အရွက်ခြောက်တို့ကို လက်ဖက်ခြောက်ခပ်သလို ခပ်၍ သောက်ပါ။ အဖတ်များကိုလည်း ၀ါးစားနိုင်ပါတယ်။ ညစာစားပြီး အိပ်ယာမ၀င်ခင် ည(၇) နာရီခန့်တွင် သောက်လျှင် အသင့်တော်ဆုံးပါ။
(၃) ကျောက်ကပ်ကြောင့် ဗိုက်အောင့်ဗိုက်နာနေလျှင် ကျောက်ဖရုံသီးကို ခွဲ၍ အူတိုင်ကို ထုတ်ပြီး အတွင်းသားဖြင့် ကျောက်ကပ်ရှိသည့်နေရာသို့ ကပ်၍ စည်းထားပါ။ တဖြေးဖြေး သက်သာလာပါလိမ့်မည်။
(၄) ရေပူစမ်းနှင့်နီးပါက တစ်ပါတ်တစ်ကြိမ် ချိုးပေးပါ။ ရေပူစမ်းမရှိပါက
ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။ ချွေးထုတ်ပါ။
(၅) မြင်းခွါရွက် လက်တစ်ဆုပ်ခန့်ကို ရေစင်အောင်ဆေး၊ ဆား၊ ရှာလကာရည်၊ သကြားတို့ကို အနည်းငယ်စီထည့်၊ ရေသန့် သို့မဟုတ် ရေကျက်အေး တစ်ခွက်ထည့်၍ ဖျော်ရည်စက်ဖြင့် ဖျော်ပါ။ ကော်ဖီစစ်ဖြင့် အရည်ကို စစ်ယူ၍ ဗူး၊ ပုလင်းဖြင့် ထည့်ကာ ရေခဲသေတ္တာထဲ ထည့်ထားပါ။ ၄င်းဆေးရည်ကို ဖျော်ရည်သောက်သလို မကြာဏ သောက်ပေးပါ။ ကျောက်ကြေစေပါမည်။ ဆီးရွှင်၍ ၀မ်းမှန်စေပါသည်။
(၆) သံမနိုင်ကျောက်မနိုင်ပင်၏ ပဉ္စငါးပါးကို အရည်ညှစ်ပြီး ကျိုချက်၍လည်းကောင်း၊ အခြောက်ကို လက်ဖက်ရည်ကဲ့သို့ ပြုလုပ်၍ လည်းကောင်း သောက်လျှင် ဆီးချုပ်၊ ဆီးပူ၊ ကျောက်တည် ရောဂါများ
ပျောက်ကင်းစေပါသည်။
၎င်းသဘာဝနည်းများကို ပြုလုပ်ပေးပါက (၃)လအတွင်း ကျောက်ကပ်ရောဂါ လုံးဝသိသာစွာ သက်သာလာပါလိမ့်မည်။
နေဆိုင် (ပူတာအို)
ကိုးကား ။ ။ Sandar Laynyuntmg ၊ ရိုးရာဆေးမြီးတိုများ
Credit to ကျန်းမာရေးသတင်းများ
မူရင်း - www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751
မျက်နှာမှာ အရေးအကြောင်း နည်းလိုသူများအတွက်
=======================
ဘယ်သူမဆို မိမိရဲ့မျက်နှာလေးမှာ အရေးအကြောင်းတွေထလာမှာ စိုးရိမ်တတ်ကြပါတယ်။ အထူးသဖြင့် မိန်းကလေးတိုင်း အရေးအကြောင်းတွေကို မရှိစေချင်၊ နည်းစေချင်ကြတာ အမှန်ပါပဲ၊
ဒီအတွက် မျက်နှာပေါင်းတင်လွာလေးတွေနဲ့ အရေးအကြောင်းမရှိအောင် ကာကွယ်တတ်ကြပါတယ်၊ မျက်နှာပေါင်းတင်လွာတွေနဲ့ လုပ်ကြတဲ့တစ်ချိန်တည်းမှာ အခြားအချက်တွေကိုလည်း သတိပြုလိုက်နာဖို့လိုပါတယ်။
ပထမဦးစွာ အသားအရေခြောက်သွေ့တာဟာ မျက်နှာမှာ အတွန့်အရစ်တွေ၊ အရေးအကြောင်းတွေပေါ်စေတဲ့ အဓိကအကြောင်း ဇစ်မြစ်ဖြစ်ကြောင်း သိရှိဖို့လိုပါတယ်။ အရေပြားမှာ ရေဓါတ်မလုံလောက်ရင် ရွှန်းစိုပြောင်လက်မူနဲ့ ကြွကန်အားတွေ လျှော့ပါးကင်းမဲ့နေလို့ အေ၇းအကြောင်းတွေထလာတတ်တာ အမှန်ပါပဲ။ ဒါကြောင့် မျက်နှာ စိုပြေစေမယ့် အစိုထိန်း မျက်နှာပေါင်းတင်လွာကို နေ့စဉ်ပြုလုပ်ပြီး ရေဓါတ်ပံ့ပိုးပေးပါ။ ရေ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပေး၊ သောက်ပေးပါ။
မျက်နှာသစ်တဲ့အခါ သိပ်အားမစိုက်ဖို့လည်း သတိထားပါ။ မျက်နှာကို အားနဲ့ပွတ်တိုက်ရင်၊ အသားအရေကို အားနဲ့ဆွဲလွန်း၊ဖိလွန်းရင် အရေပြားမှာစုကပ်မူကြောင့် အရေးအကြောင်းလေးတွေ ထလာတတ်ပါတယ်။ ဒါကြောင့်ဒီအချက်ကို အလေးအနက်ထားရှောင်ရှားပါ။
နောက်တစ်ချက်ကတော့ မျက်နှာသစ်တဲ့အခေါက်ရေ များလွန်းရင် (သို့) အပူချိန် မြင့်လွန်းတဲ့ရေပူနဲ့ မျက်နှာသစ်ရင် မျက်နှာပေါ်က အဆီတွေဆုံးပါးကုန်မှာမို့ အသားအရေမှာ အဆီဓါတ်ကင်းပြီး ခြောက်သွေ့နေလိမ့်မယ်။ အဲဒီအခါ အတွန့်အရစ်၊ အရေးအကြောင်းတွေထလာတတ်ပါတယ်။
ဒါ့အပြင် ခရမ်းလွန်ရောင်ခြည်နဲ့ အထိများရင် (နေပူခံလွန်းရင်) လည်း အရေးအကြောင်း ပေါ်တတ်ပါတယ်။ ခရမ်းလွန်ရေင်ခြည်ဟာ အရေပြားအတွင်းက ကော်လိုက်ဖိုင်ဘာမျှင်ကို ဖျက်ဆီးပစ်နိုင်လို့ပါပဲ။ ဒါကြောင့် အကာအကွယ်မပါဘဲ နေပူထဲမထွက်ပါနဲ့။ ဦးထုပ်ဆောင်းပါ။ နေဒဏ်ခံ အရည်၊ ခရင်(မ်)တစ်မျိုးမျိုးလိမ်းပေးပါ။
ဆေးလိပ်သောက်တာဟာလည်း အသားအရေ အလှအပကို ဖျက်ဆီးပစ်နိုင်တယ်။ ဆေးရွက်ကြီးမှာပါတဲ့ နီကိုတင်းဓာတ်ဟာ သွေးလည်ပတ်မှုကိုထိပါးနိုင်လို့ အရေပြားလျော့ရဲတွဲကျကာ၊ အရေးအကြောင်းပေါ်တာတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့် မျက်နှာမှာ အရေးအကြောင်းကင်းချင်၊ နည်းချင်ရင် ဆေးလိပ်ကို ဝေးဝေးရှောင်ပါ။
အခုဖော်ပြပေးတဲ့ အချက်လေးတွေကို လိုက်နာကြည့်မယ်ဆိုရင် အသက်အရွယ်ကြောင့် အရေးအကြောင်းလေးတွေ ထတတ်တာနဲ့ သဘာဝတရားကြောင့် ထတတ်တဲ့ မျက်နှာပေါ်က အရေးအကြောင်းတွေကို အတိုင်းအတာတခုအထိ သိသိသာသာ ကာကွယ်နိုင်ပါတယ်...။
Credit' #ကျန်းမာရေးအကြောင်းသိကောင်းစရာ
ကျေးဇူးတော်ရှင် ဆရာတော်ကြီး(၈)ပါးတို့၏
လိုရင်း တိုရှင်း ဆုံးမ ဩဝါဒ ဓမ္မစာစုများ။
●●●●●●●●●●●●●●●●●●●●●●●●
လက္ခဏာရေးသုံးပါးနဲ့ ခန္ဓာ
~~~~~~~~~~~~~~~
အနိစ္စဆိုတာလည်း ခန္ဓာ၊
ဒုက္ခဆိုတာလည်း ခန္ဓာ၊ အတူတူပဲ၊
ခန္ဓာကို တွေ့ရင် အနိစ္စကို
ဆက်တိုက် တွေ့ရမယ်။
ခန္ဓာကို တွေ့ရင် ဒုက္ခကိုလည်း
ဆက်တိုက် တွေ့ရမယ်။
ခန္ဓာကိုတွေ့ရင် အနတ္တဆိုတာလည်း
တွေ့ရမယ်။
သဘောက
အနိစ္စဆိုတာ ခန္ဓာ၊
ဒုက္ခဆိုတာ ခန္ဓာ၊
အနတ္တဆိုတာ ခန္ဓာ။
သီတဂူ ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်ဉာဏိဿရ
*******************
ပြဿနာတစ်ခု ဖြေရှင်းမယ်ဆိုရင်
~~~~~~~~~~~~~~~~~~~~
ပြဿနာတစ်ခုဖြေရှင်းတော့မယ်ဆိုရင်
မဖြေရှင်းမီ
ကြိုတင်သိထားရမယ့် အချက်တွေက...
(၁) ပြဿနာ
(၂) ပြဿနာဖြစ်ရခြင်းအကြောင်း
(၃) ပြဿနာပြေလည်ခြင်း
(၄) ပြဿနာပြေလည်ရန် နည်းလမ်း
ဆိုတာတွေပဲဖြစ်တယ်။
မြတ်စွာဘုရားဟောထားတဲ့
သစ္စာလေးပါး ဆိုတာ
ယခုလိုဟာမျိုးပဲ။
အေး.... ဒါကြောင့်မို့
` ဘဝဆိုတာ သိရမယ် ´၊
ဘဝကို တည်ဆောက်နေတဲ့
အကြောင်းတရားကို သိရမယ်၊
ဘဝချုပ်ငြိမ်းသွားတာကို သိရမယ်။
ဘဝချုပ်ငြိမ်းကြောင်း
နည်းလမ်းကို သိရမယ့်
မဂ္ဂင်ရှစ်ပါးအကျင့်တရား၊
ဒီအကျင့်လမ်းကြောင်းအတိုင်း
လျှောက်လှမ်းမယ်ဆိုရင်တော့
ဘဝနိရောဓ ဆိုတဲ့ ပန်းတိုင်ကို
မျက်မှောက်ပြုနိုင်ကြမှာ ဖြစ်ပါတယ်။
ဒေါက်တာနန္ဒမာလာဘိဝံသ
ပါမောက္ခချုပ် ဆရာတော်
********************
လူ့အားမာန်
~~~~~~~~
ခြေထောက်မပါ၊ မြွေသတ္တဝါလည်း
လိုရာကိုပြေး၊ ရောက်နိုင်သေး၏။
ဦးခေါင်းမပါ၊ ပုဇွန်မှာလည်း
လိုရာကိုပြေး၊ ရောက်နိုင်သေး၏။
ငါ့မှာလက်ခြေ၊ စုံလင်ပေခဲ့
တစ်ထွေဦးခေါင်း၊ ပြည့်စုံရှောင်းခဲ့
အပေါင်းအင်္ဂါ၊ စုံလင်ပါသော်
လိုရာပန်းတိုင်၊ ငါလှမ်းကိုင်
အနိုင်ရဖို့၊ သေချာလှ။
ကြက်တူရွေးပင်၊ စကားသင်ပေး
ပြောတတ်သေး၏။
မျောက်ကလေးပင်၊ လူ့တို့သင်ပေး
ကတတ်သေး၏။
ငါကားလူသား၊ ငါ လူသားတည့်
လူသားတို့မာန်၊ လုံလသန်၍
ဉာဏ်ရည်ကိုပြု၊ ဇွဲဖြင့်တုသော်
လူတို့ပြည်မှာ၊ မစွမ်းရာ
ဘယ်ဟာ မရှိကြ။
တိပိဋကဓရ ယောဆရာတော်ကြီး
********************
မကောင်းတာကို
~~~~~~~~~~~
မကောင်းမှန်းသိဖို့သာ လိုရင်း
~~~~~~~~~~~~~~~~~~~
မကောင်းမှုဆိုတာ
နည်းနည်းမှကြောက်စရာမလို၊
မကောင်းမှန်းမသိတာ (သို့)
မကောင်းကို
အကောင်းထင်နေတာသာလျှင်
ကြောက်စရာ။
ငရဲ၊ ပြိတ္တာ၊ အသူရကာယ်၊
တိရစ္ဆာန်ဘုံတွေဆီ
ဒီမကောင်းမှုတွေကြောင့်
ရောက်မှန်းသိလျှင်
ဒီမကောင်းမှုတွေ
လုပ်ချင်ပါဦးမလား။
ဒါကြောင့်
မကောင်းတာကို
မကောင်းမှန်းသိဖို့သာ
လိုရင်းဖြစ်ပါတယ်။
မဟာဗောဓိမြိုင် ဆရာတော်ကြီး။
*********************
အသိဉာဏ်ရဖို့
~~~~~~~~~
We eat to live,
we don't live to eat.
အသက်ရှင်ဖို့ စားနေရတာ၊
စားဖို့အသက်ရှင်နေတာ မဟုတ်ဘူး။
စားဝတ်နေရေးဟာ
ခန္ဓာဝန် ထမ်းတာပါ။
မလုပ်မဖြစ်ဘူး၊ လုပ်ရမယ်။
ဒါပေမဲ့ လူ့ဘဝရတာဟာ
အသိဉာဏ်ရဖို့ပါ။
အဲဒီ အသိဉာဏ်ရဖို့
ကြိုးစားကြပါ။
ဆရာတော် ဦးဇောတိက
(မဟာမြိုင်တောရ)
*********************
အမှားနဲ့အမှန်၊ အဆိုးနဲ့အကောင်း
~~~~~~~~~~~~~~~~~~~~
သံသရာတစ်လျှောက်မှာ
မသိတဲ့အလျှောက်
မိုက်မိုက်မဲမဲ ပြုဖူးတဲ့
အကုသိုလ်အမှုတွေဟာ
ရှိကြပါတယ်။
ပြီးပြီးသား ကိစ္စတွေဟာ
ဘာတတ်နိုင်တော့မှာလဲ။
မကောင်းမှုမပြုဖူးသူဆိုတာ
ဘယ်မှာရှိနိုင်ပါမလဲ။
အနည်းနဲ့အများ၊
ပြုဖူးသူချည်းပါပဲ။
အခုလို အမှားနဲ့အမှန်၊
အဆိုးနဲ့အကောင်း
ခွဲခြားပြီးသိတတ်လာတဲ့အချိန်ကစလို့
မကောင်းမှုတွေ မဖြစ်အောင်၊
မပြုမိအောင် ရှောင်ကြဉ်ရမှာပေါ့။
ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒ
********************
အမှားက ခင်းပေးတဲ့လမ်း
~~~~~~~~~~~~~~~~
အမှားဆိုတာ ဘဝရဲ့
လမ်းပြကြယ်တစ်မျိုးပါ။
တစ်ခါတစ်ရံ အမှားတွေက
ကိုယ်လျှောက်ရမယ့်လမ်းကို
ထင်ထင်ရှားရှား
မီးမောင်းထိုးပြတတ်ပါတယ်။
ကိုယ့်စိတ်နဲ့ကိုယ်
မဆုံးဖြတ်နိုင်ဖြစ်နေလို့
ကံတရားက အမှားကို
ကိုယ်စားလှယ်လွှတ်ပြီး
ရွေးချယ်ပေးလိုက်တဲ့လမ်းဟာ
တကယ်တော့
ကံခင်းပေးတဲ့လမ်းပါပဲ။
ကံတရားရဲ့ကိုယ်စား အမှားက
ခင်းပေးတဲ့လမ်းဟာ
တကယ်လည်း ကိုယ့်ဘဝအတွက်
အသင့်တော်ဆုံးဆိုတာကို
ဉာဏ်နဲ့ သိခဲ့ရင်
အဲဒီ အမှားခင်းပေးတဲ့ လမ်းမှန်ပေါ်မှာပဲ
ယုံယုံကြည်ကြည်၊ တည့်တည့်မတ်မတ်
လျှောက်လှမ်းသင့်ပါတယ်။
ဆရာတော် အရှင်ဆန္ဒာဓိက
(ရွှေပါရမီတောရ)
********************
ကိုယ့်နေရာမှာ ကိုယ်နေ
~~~~~~~~~~~~~~~
မကောင်းတဲ့ လူနဲ့ ပေါင်းမိလို့
လူကောင်းတစ်ယောက်
ပျက်စီးရသလို၊
မကောင်းတဲ့ အာရုံနဲ့ ပေါင်းမိရင်
ကောင်းတဲ့စိတ်ကလေး
ပျက်စီးသွားပါတယ်။
ကောင်းတဲ့စိတ်ကလေး
မပျောက်ပျက်အောင်
ကိုယ့်အရှုခံ အာရုံမှာ ကိုယ်နေတာဟာ
အကောင်းဆုံးပါ။
ဓမ္မဒူတ ဒေါက်တာ အရှင်ပညိဿရ
********************
Credit to Dr Shwe Tun
ကကြိုးပျောက်မည့်သင်္ကြန်ည :-
၁၃၇၆ /၇၇ ခု မိုးညုင်း အတာသင်္ကြန် ပွဲတော်ဗဟိုမဏ္ဍပ်ကို ရွှေသာလျောင်း ကန်သာတွင် ပြုလုပ်မည်ဟုသိရသည် ၊၊
အတာသင်္ကြန်ပွဲတော် ဖြစ်မြောက်ရေး
ကော်မတီ မှယိမ်းပြိုင်ပွဲများပြုလုပ်ပေးမည်ဟုသိရသည်.၊၊အဖွဲ့ပေါင်း(၁၁)ဖွဲ့ပါဝင်ယှဉ်ပြိုင်ကြပါမည်
၊၊ ယခုနှစ်မှာ ယခင်နှစ်များကဲ့သို့မဟုတ် ၉. ၃၅ မိနစ်စာ သီချင်းတစ်ပုဒ်တည်းကိုသာယှဉ်ပြိုင်ရမည်ဟုကန့်သတ်ထားပါသည်
ပြိုင်ပွဲဝင် ယိမ်းလှပျိုဖြူယိမ်းသမလေးများက တီထွင်ဆန်းသစ်မူဖြင့် မိမိအက မိမိသီချင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်လိုကြပါသည်။ သို့ပါ၍ ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှ လူကြီးမင်းများ မိမိတို့ ကြိုတင်ပေးထားသော သီချင်းအားသေသေချာချာခံစားပြီး အချိန်မှီပြုပြင်နိုင်ရန်အကြံပေးအပ်ပါသည်ခင်/ဗျား
februarykotut@gmail.com
ဘယ်သူတွေလုပ်မလဲလုပ်ရဲရင်လောပန
်ဖြစ်မယ်

ခြေစစ်ပွဲနှင့် ခြေစမ်းပွဲများအတွက် အင်္ဂလန်အသင်း လူစာရင်းထုတ်ပြန်
Wednesday, March 25, 2015
အင်္ဂလန်လက်ရွေးစင်နည်းပြ ဖြစ်သူ ရွိုင်းဟော့ဆန်သည် ခြေစစ် ပွဲနှင့် ခြေစမ်းပွဲစဉ်များ အတွက် က စားသမားစာရင်းထုတ်ပြန်ခဲ့ရာတွင် ကစားသမား သစ်များ ပါဝင်လာခဲ့ သလို ဒဏ်ရာရကစားသမားများနေ ရာတွင် ပရီးမီးယား၌ ခြေစမ်းပြနေ သည့် လူငယ်ကစားသမားတချို့အား အစားထိုး ရွေးချယ်ခဲ့သည်။
လူစာရင်းထုတ်ပြန်မှုတွင် ဝါ ရင့် ကွင်းလယ်ကစားသမားဖြစ်သည့် ကာရစ်ပြန်လည် ပါဝင်လာခဲ့ပြီး စပါး တောင်ပံကစားသမားဖြစ်သူ တောင်း ဆန့်မှာလည်း လက်ရွေးစင်အသင်း တွင် တစ်ကျော့ပြန် ပါဝင်ခွင့်ရရှိခဲ့ သည်။
နည်းပြရွိုင်းဟော့ဆန်အနေ ဖြင့် ဒဏ်ရာပြဿနာရှိနေခဲ့သည့် လီဗာပူး ကွင်းလယ်လူ လယ်လာနာ ၏နေရာတွင် စပါးကွင်းလယ်လူမာ ဆန်အား ပထမဦးဆုံး အကြိမ်အဖြစ် ရွေးချယ်ခဲ့ပြီး ပရီးမီးယားလိဂ်အ ကောင်းဆုံး လူငယ်ကစားသမားဆု အတွက် ရေပန်းစားနေသည့် စပါး လူငယ်တိုက်စစ်မှူး ဟာရီကိန်းကို လည်း လူစာရင်းအတွင်း ထည့်သွင်း ရွေးချယ်ခဲ့သည်။
လူစာရင်းတွင် ပါဝင်ခဲ့သည့် အက်စတွန်ဗီလာကွင်းလယ်လူ ဖေ ဘီယန်ဒီလက်ပ်မှာ အစာအိမ်ဒဏ် ရာရှိနေခဲ့သော်လည်း နည်းပြရွိုင်း ဟော့ဆန်အနေဖြင့် ရွေးချယ်မှုများ ပြုလုပ်ခဲ့သော်လည်း လီဗာပူးတိုက် စစ်မှူး စတာရစ်ခ်ျကိုမူ ကြံ့ခိုင်မှုမပြည့် ဝခြင်းကြောင့်ဟူသော အကြောင်း ပြချက်ဖြင့် ချန်လှပ်ခဲ့သည်။
အင်္ဂလန်လက်ရွေးစင်အသင်း သည် ၂ဝ၁၆ဥရောပဖလားခြေစစ်ပွဲ စဉ်အဖြစ် မတ် ၂၇ရက်တွင် လစ်သူ ယေးနီးယားအသင်းနှင့် ယှဉ်ပြိုင်က စားရမည်ဖြစ်ပြီး ဧပြီ ၁ရက်တွင်မူ အီတလီ လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရ မည်ဖြစ်သည်။
ခြေစမ်းပွဲနှင့် ဥရောပခြေစစ်ပွဲ ယှဉ်ပြိုင်ကစားမည့်
အင်္ဂလန်အသင်း လူစာရင်း
--------------------------------------------------------
ဂိုး - ဂျဟက်(မန်စီးတီး)၊ ရော်ဘတ်ဂရင်း(ကျူပီအာ)၊ ဂျက်ဘတ်လန်
(ဘရစ္စတိုးယူနိုက်တက်)။
နောက်တန်း - ဒန်နီရို့စ်၊ ဝေါလ်ကာ(စပါး)၊ စမောလင်း၊ ဖီးလ်ဂျုံးစ်(မန်ယူ)၊
ကလိုင်း(ဆောက်သမ်တန်)၊ လေတန်ဘိန်းစ်၊ ဂျာဂျီရယ်ကာ(အဲဗာတန်)၊
ကီရန်ဂစ်ဘ်(အာဆင်နယ်)၊ ကာဟေးလ်(ချဲလ်ဆီး)။
အလယ်တန်း - ကာရစ်(မန်ယူ)၊ ဝဲလ်ကော့(အာဆင်နယ်)၊ ဘာကလေ(အဲဗာတန်)၊ စတာလင်း၊ ဟန်ဒါဆန်(လီဗာပူး)၊ ဂျိမ်းစ်မီလ်နာ(မန်စီးတီး)၊ မာဆန်၊ တောင်းဆန့်(စပါး)၊ ဒီလပ်(ဗီလာ)။
ရှေ့တန်း - ဝဲလ်ဘတ်(အာဆင်နယ်)၊ ရွန်းနီ(မန်ယူ)၊ ဟာရီကိန်း(စပါး)။
WKM
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
ကကြိုးပျောက်မည့်သင်္ကြန်ည :-
၁၃၇၆ /၇၇ ခု မိုးညုင်း အတာသင်္ကြန် ပွဲတော်ဗဟိုမဏ္ဍပ်ကို ရွှေသာလျောင်း ကန်သာတွင် ပြုလုပ်မည်ဟုသိရသည် ၊၊
အတာသင်္ကြန်ပွဲတော် ဖြစ်မြောက်ရေး
ကော်မတီ မှယိမ်းပြိုင်ပွဲများပြုလုပ်ပေးမည်ဟုသိရသည်.၊၊အဖွဲ့ပေါင်း(၁၁)ဖွဲ့ပါဝင်ယှဉ်ပြိုင်ကြပါမည်
၊၊ ယခုနှစ်မှာ ယခင်နှစ်များကဲ့သို့မဟုတ် ၉. ၃၅ မိနစ်စာ သီချင်းတစ်ပုဒ်တည်းကိုသာယှဉ်ပြိုင်ရမည်ဟုကန့်သတ်ထားပါသည်
ပြိုင်ပွဲဝင် ယိမ်းလှပျိုဖြူယိမ်းသမလေးများက တီထွင်ဆန်းသစ်မူဖြင့် မိမိအက မိမိသီချင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်လိုကြပါသည်။ သို့ပါ၍ ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှ လူကြီးမင်းများ မိမိတို့ ကြိုတင်ပေးထားသော သီချင်းအားသေသေချာချာခံစားပြီး အချိန်မှီပြုပြင်နိုင်ရန်အကြံပေးအပ်ပါသည်ခင်/ဗျား
februarykotut@gmail.com
ကကြိုးပျောက်မည့်သင်္ကြန်ည :-
၁၃၇၆ /၇၇ ခု မိုးညုင်း အတာသင်္ကြန် ပွဲတော်ဗဟိုမဏ္ဍပ်ကို ရွှေသာလျောင်း ကန်သာတွင် ပြုလုပ်မည်ဟုသိရသည် ၊၊
အတာသင်္ကြန်ပွဲတော် ဖြစ်မြောက်ရေး
ကော်မတီ မှယိမ်းပြိုင်ပွဲများပြုလုပ်ပေးမည်ဟုသိရသည်.၊၊အဖွဲ့ပေါင်း(၁၁)ဖွဲ့ပါဝင်ယှဉ်ပြိုင်ကြပါမည်
၊၊ ယခုနှစ်မှာ ယခင်နှစ်များကဲ့သို့မဟုတ် ၉. ၃၅ မိနစ်စာ သီချင်းတစ်ပုဒ်တည်းကိုသာယှဉ်ပြိုင်ရမည်ဟုကန့်သတ်ထားပါသည်
ပြိုင်ပွဲဝင် ယိမ်းလှပျိုဖြူယိမ်းသမလေးများက တီထွင်ဆန်းသစ်မူဖြင့် မိမိအက မိမိသီချင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်လိုကြပါသည်။ သို့ပါ၍ ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှ လူကြီးမင်းများ မိမိတို့ ကြိုတင်ပေးထားသော သီချင်းအားသေသေချာချာခံစားပြီး အချိန်မှီပြုပြင်နိုင်ရန်အကြံပေးအပ်ပါသည်ခင်/ဗျား
februarykotut@gmail.com
ကကြိုးပျောက်မည့်သင်္ကြန်ည :-
၁၃၇၆ /၇၇ ခု မိုးညုင်း အတာသင်္ကြန် ပွဲတော်ဗဟိုမဏ္ဍပ်ကို ရွှေသာလျောင်း ကန်သာတွင် ပြုလုပ်မည်ဟုသိရသည် ၊၊
အတာသင်္ကြန်ပွဲတော် ဖြစ်မြောက်ရေး
ကော်မတီ မှယိမ်းပြိုင်ပွဲများပြုလုပ်ပေးမည်ဟုသိရသည်.၊၊အဖွဲ့ပေါင်း(၁၁)ဖွဲ့ပါဝင်ယှဉ်ပြိုင်ကြပါမည်
၊၊ ယခုနှစ်မှာ ယခင်နှစ်များကဲ့သို့မဟုတ် ၉. ၃၅ မိနစ်စာ သီချင်းတစ်ပုဒ်တည်းကိုသာယှဉ်ပြိုင်ရမည်ဟုကန့်သတ်ထားပါသည်
ပြိုင်ပွဲဝင် ယိမ်းလှပျိုဖြူယိမ်းသမလေးများက တီထွင်ဆန်းသစ်မူဖြင့် မိမိအက မိမိသီချင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်လိုကြပါသည်။ သို့ပါ၍ ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှ လူကြီးမင်းများ မိမိတို့ ကြိုတင်ပေးထားသော သီချင်းအားသေသေချာချာခံစားပြီး အချိန်မှီပြုပြင်နိုင်ရန်အကြံပေးအပ်ပါသည်ခင်/ဗျား
februarykotut@gmail.com
ကကြိုးပျောက်မည့်သင်္ကြန်ည :-
၁၃၇၆ /၇၇ ခု မိုးညုင်း အတာသင်္ကြန် ပွဲတော်ဗဟိုမဏ္ဍပ်ကို ရွှေသာလျောင်း ကန်သာတွင် ပြုလုပ်မည်ဟုသိရသည် ၊၊
အတာသင်္ကြန်ပွဲတော် ဖြစ်မြောက်ရေး
ကော်မတီ မှယိမ်းပြိုင်ပွဲများပြုလုပ်ပေးမည်ဟုသိရသည်.၊၊အဖွဲ့ပေါင်း(၁၁)ဖွဲ့ပါဝင်ယှဉ်ပြိုင်ကြပါမည်
၊၊ ယခုနှစ်မှာ ယခင်နှစ်များကဲ့သို့မဟုတ် ၉. ၃၅ မိနစ်စာ သီချင်းတစ်ပုဒ်တည်းကိုသာယှဉ်ပြိုင်ရမည်ဟုကန့်သတ်ထားပါသည်
ပြိုင်ပွဲဝင် ယိမ်းလှပျိုဖြူယိမ်းသမလေးများက တီထွင်ဆန်းသစ်မူဖြင့် မိမိအက မိမိသီချင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်လိုကြပါသည်။ သို့ပါ၍ ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှ လူကြီးမင်းများ မိမိတို့ ကြိုတင်ပေးထားသော သီချင်းအားသေသေချာချာခံစားပြီး အချိန်မှီပြုပြင်နိုင်ရန်အကြံပေးအပ်ပါသည်ခင်/ဗျား
februarykotut@gmail.com
ဘောလုံးပွဲရွေးချယ်မှုများ (မတ် ၂၂)
ပရီးမီးယားလိဂ်
. . . . . . . . . . .
လီဗာပူး *- မန်ယူ (ည ၈း၀၀)
ဟူးလ်စီးတီး - * ချဲလ်ဆီး (ည ၁၀း၃၀)
ကျူ ပီအာ * - အဲဗာတန် (ည ၁၀း၃၀)
ဘွန်ဒက်စ်လီဂါ
. . . . . . . . . . .
မိန့်ဇ် * - ၀ုဖ်ဘတ် (ည ၉း၀၀)
ဘိုင်ယန်မြူးနစ် - * မိုချန်ဂလာဘတ် (ည ၁၁း၀၀)
စီးရီးအေ
. . . . . . .
အမ်ပိုလီ * - ဆက်ဆူအိုလို (ည ၆း၀၀)
ဂျူ ဗင်တပ် * - ဂျီနိုအာ (ည ၈း၃၀)
နာပိုလီ - * အတ္တလန္တာ (နံနက် ၂း၁၅)
အူဒီးနီးစ် * - ဖီအိုရင်တီးနား (နံနက် ၂း၁၅)
လာဇီယို - * ဗီရိုနာ (နံနက် ၂း၁၅)
ဆမ်ဒိုးရီးယား * - အင်တာမီလန် (နံနက် ၂း၁၅)
ဆက်ဆနာ * - ရိုးမား (နံနက် ၂း၁၅)
ပါးမား * - တိုရီနို (နံနက် ၂း၁၅)
လာလီဂါ
. . . . . . .
ဒီပို့တီဗို * - အက်စ်ပန်ညို (ည ၅း၃၀)
ဗီလာရီးရဲလ် * - ဆီဗီလာ (၁၀း၃၀)
ဆိုစီဒက် * - ကော်ဒိုဘာ (နံနက် ၀၀း၃၀)
ဘာစီလိုနာ * - ရီးရဲလ် (နံနက် ၂း၃၀)