Sunday, August 24, 2014

အသက်ရှည်စေလိုလျှင်

် အသက်ရှည်စေရန် နည်းလမ်းအသွယ်သွယ်ကို လူသားတိုင်းက အမျိုးမျိုး စဉ်းစားတွေးတော ကြံဆကြရာတွင် လူတို့၏စိတ်ကို အေးချမ်းတည်ငြိမ်အောင် ထားခြင်းဖြင့် အသက်ပိုရှည်နိုင်ကြောင်း တွေ့လာကြ သည်။ မြန်မာ့တိုင်းရင်း ဆေးသဘော၌လည်း ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဓာတ်ကြီးလေးပါးပေါ် တည်မှီနေသည်ဟု ဆိုထားပါသည်။ ကံဆိုသည့် မိမိတို့ပြုသမျှ၊ လုပ်သမျှတွင် အသက်ရှင်ရေးနှင့် အသက်ရှည်ရေးတို့မှာ မိမိပြု လုပ်သမျှ ကောင်းမှုကြောင့် အသက်ရှည်နိုင်သကဲ့သို့ မိမိလုပ်သမျှ မကောင်းမှုကံကြောင့်လည်း အသက်တို နိုင်ကြသည်ကို လူတိုင်း သိကြပါသည်။ လုပ်ဆောင်မှုကောင်းလျှင် ကံကောင်းမည်၊ လုပ်ဆောင်မှု မကောင်း လျှင် ကံမကောင်းဟုလည်း ဆိုသည်။ လူတိုင်းလူတိုင်း အရွယ်နှင့် အလိုက်ပြုလုပ်ရမည့် အလုပ်သုံးမျိုးရှိ သည်။ ပထမအရွယ် (ငါးနှစ်မှ ၂၅နှစ်) တွင် ပညာရှာ၊ ဒုတိယအရွယ်(၂၆နှစ်မှ ၅၉ နှစ်) တွင် ဥစ္စာရှာ၊ တတိယအရွယ်(အသက် ၆ဝ နှင့်အထက်) တွင် တရားရှာဟုဆိုသည်။ တကယ်လည်း ယနေ့အထိ မြန်မာ လူမျိုးတို့ ကျင့်သုံးလျက် ရှိကြပါသည်။ အနောက်နိုင်ငံများ၌ အရွယ်လတ်ရှိသူ (၄၁ နှစ်မှ ၅ဝ ကြား) အလုပ် လုပ်ကိုင်ကြသူများသည် အရွယ်ကို လိုက်၍ပြုလုပ်ကြ၊ တွေးတောခဲ့ကြရာ လုပ်ငန်း စိတ်ဖိစီးမှုများကြောင့် မအိုသင့်ဘဲ အိုကြရသည်ဟုဆိုသည်။ သတ်မှတ်ထားသော အသက်ပေါ်၌မတည်၊ မိမိကိုယ်ပိုင်ခံယူမှုနှင့် လုပ်ကိုင်မှုအပေါ်တွင် မူတည်သည်ဟု ဆိုကာ လူငယ်လူရွယ်များလို မိမိတို့၏ နေထိုင်မှု၊ စားသောက်မှုပုံစံကို လူငယ်များကဲ့သို့ အတုခိုးကြသည်။ ငယ်ရွယ်နုပျို ကျန်းမာသည်ဟု ဆိုသည်။ စိတ်ပျိုကိုယ်နုဟု ဆိုလိုကြခြင်း ဖြစ်သည်။ မျှော်လင့် ထားသော ပြောင်းလဲမှု တက္ကသိုလ်တက်ခြင်း၊ ဘွဲ့ယူခြင်း၊ အလုပ်ရခြင်း၊ အိမ်ထောင်ပြုခြင်း၊ ကလေးယူခြင်း၊ ရာထူးတိုးခြင်း၊ အလုပ် မှအနားယူခြင်းနှင့် အငြိမ်းစားယူခြင်း တို့သည် လူ့ဘဝလမ်းခရီး တစ်လျှောက်တွင် တွေ့ကြုံကြရမည့် မျှော် လင့်ချက် ထားနိုင်သော ပြောင်းလဲမှုများပင် ဖြစ်သည်။ မျှော်လင့် မထားသော ပြောင်းလဲမှု တက္ကသိုလ်တက်နေစဉ် ရုတ်တရက် ဘဝအစီအစဉ် လွဲကုန်ခြင်း၊ ပညာရှာစဉ်၌ပင် မမျှော်လင့်ဘဲ အိမ်ထောင် ကျခြင်းနှင့် ကလေးရခြင်းတို့ ဖြစ်သည်။ မျှော်လင့် ထားသော်လည်း ဖြစ်မလာခြင်း ဘွဲ့ရလျှင် အလုပ်ရမည်ဟု မျှော်လင့်ခဲ့ရာ ဘွဲ့ရသော်လည်း စီးပွားရေး အခြေအနေ ပြောင်းလဲကာ အလုပ် မရခြင်း သို့မဟုတ် ကိုယ်ရည်မှန်းသည့် အလုပ်က ဝင်ငွေလုံလောက်မှု မရှိခြင်းတို့ ဖြစ်သည်။ ပြောင်းလဲမှု တိုင်း၌ အဖု အထစ် တွေ့ခြင်း တက္ကသိုလ်ကျောင်း တက်နေစဉ် ကျောင်းစရိတ်ကြီးခြင်း၊ အလုပ်အကိုင် ရသော်လည်း လခနှင့် မလောက် ခြင်း၊ အလုပ်မှရသည့် ငွေ(လစာ) မှာ မလုံလောက်ခြင်းများ ဖြစ်သည်။ အထက်ပါ ပြောင်းလဲမှုများကို လူကအလိုက်သင့် မစီးမျောနိုင်သည့်အခါ လူသည်လုပ်ငန်းခွင်၌ ပျော်ရွှင်ခြင်း ကင်းမဲ့လာတော့သည်။ စား၍မဝင်၊ အိပ်၍မပျော်တော့ဘဲ စိတ်ဖိစီးမှုကြောင့် ဇရာ၏ဒဏ်ကို ခံရတတ်သည်။ ပို၍ မြန်မြန် အိုလွယ်စေတတ်သည်။ မျှော်လင့်မထားသော အခက်အခဲများ ပေါ်ပေါက်လာလေတိုင်း ပြောင်း လဲမှုတိုင်းသည် အဆိုးမဟုတ်ပါ။ အချို့နိုင်ငံရေး အခြေအနေ ပြောင်းလဲမှု၊ စီးပွားရေးစနစ် ပြောင်းလဲမှုကြောင့် မမျှော်လင့်ဘဲ ရာထူးကြီးများရခြင်း၊ အစိုးရလခစားမှ ထွက်၍ ကုန်သည်ဖြစ်ကာ ချမ်းသာလာခြင်း၊ ဘဝ အဆင်ပြေ၍ နုပျိုစွာနေနိုင်ခြင်းတို့ ရှိကြပါသည်။ လူတိုင်း အပေါင်းအသင်း ရှိရပါမည်။ အသင်းအဖွဲ့များမှာ ပါဝင်ဆောင်ရွက်နိုင်သည့် အလေ့အထလိုသည်။ လူဆိုသည်မှာ တစ်ဦးတည်း နေ၍မရပါ။ တစ်ဦးတည်း အထီးကျန်စွာနေပါက အထွေထွေသော ကိစ္စများ အဆိုးဘက်မှ ပေါ်ပေါက်လာတတ်သည်။ အသက် ၆ဝ ပြည့်၍ အငြိမ်းစားယူသည့် အချိန်အတွက် အရန်သင့် မပြင်ဆင်ထားမိသူများ၊ ဆေးစွဲနေသူများ၊ အိပ်မပျော် စိတ္တဇဖြစ်၍ ဆေးရုံတက်ရသူများ၊ တစ်သက်လုံး မပေါ် ဖူးသည့် ရောဂါများ ပေါ်လာခြင်းတို့ကို တွေ့ရတတ်သည်။ မိမိကိုယ်တိုင် အသက်ကြီးပြီဆိုသည်ကို နားလည် သဘောပေါက် ခံယူနိုင်ရန်လိုသည်။ စိတ်ဓာတ်ကျခြင်းကို ဆိုလိုခြင်းမဟုတ်ပါ။ ကိုယ့်ဘဝကို ကိုယ်တိုင် ရောင့်ရဲတင်းတိမ်နိုင်ပြီး လောဘ၊ ဒေါသ၊ မာန်မာနမရှိဘဲ စိတ်ချမ်းသာစွာ နေထိုင်တတ်ရန် လိုအပ်ပါသည်။

မိုးညှင်းသတင်းများကိုWebsiteမှဲာ
ဝင်ကြည့်လို့ရပါပြီ

Websiteလိပ်စာ
   http://mohnyinnews.blogspot.com

သို့မဟုတ် google မှာလဲ မိုးညှင်းသတင်း  လို့ရှိက်ပြီဝင်ရောက်
ကြညိ့ရှုနိုင်ပါတယ်


Posted via Blogaway

No comments:

Post a Comment