Saturday, August 23, 2014

အမြဲတမ်းပင်ပန်းနေသူတို့ အတွက် သိကောင်းစရာလေးပါ

ခံစားနေရတဲ့တာရှည်ပင်ပန်းမှု ဝေဒနာသက်သာအောင် မိမိဘာသာ ပြောင်းလဲ လုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေကို အကြံပြုလိုက်ပါတယ်။

၁။ စိတ်ဖိစီးမှုကို လျှော့ချပါ

စိတ်ဖိစီးမှုနဲ့စိတ်ပင်ပန်းရတဲ့ ကိစ္စတွေကို ရှောင်ရှားနိုင်ဖို့ အစီအစဉ်တစ်ခု ချမှတ်ထားပါ။ နေ့တိုင်းစိတ်သက်သာရာရအောင် လုပ်ဆောင်နိုင်ဖို့အချိန် ပေးပါ။

၂။ အိပ်ရေးဝဝအိပ်ပါ

အိပ်ရေးဝဝအိပ်တာဟာ တာရှည်ပင်ပန်းမှု မဖြစ်အောင် ကူညီနိုင်တဲ့ နည်းလမ်းကောင်းပါ။ အိပ်ချိန် အလုံအလောက်ရဖို့အပြင် အိပ်ရာဝင်ချိန်၊အိပ်ရာထချိန်တွေကို တိတိကျကျ သတ်မှတ်ထားပြီး အိပ်စက်တဲ့ အလေ့အထကို တည်ဆောက် လေ့ကျင့်ပါ။

၃။ ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းကို ဖြည်းဖြည်းမှန်မှန် စတင်ပြုလုပ်ပြီးတဖြည်းဖြည်းနဲ့ တိုးမြှင့် ပြုလုပ်သွားပါ။ ပုံမှန်အားကစားလုပ်တာဟာ တာရှည် ပင်ပန်းနေတာကို ပြေပျောက် စေပါတယ်။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်းစတဲ့ လေ့ကျင့်ခန်းတွေနဲ့ အကြောဆန့် ထုတ်ခြင်း၊ တရားထိုင်ခြင်း၊ ယောဂကျင့်ြ ခင်းစတဲ့စိတ်အပန်းပြေ လေ့ကျင့်ခန်းတွေကို အဆင်ပြေသလို လုပ်ဆောင် ပေးပါ။

၎။ ပုံမှန်ပဲ အလုပ်လုပ်ပါ

တချို့နေ့တွေမှာခန္ဓာကိုယ် အင်အားနဲ့မမျှအောင် အလုပ်လုပ်တာမျိုးကိုရှောင်ပါ။ နေ့စဉ်ကိုယ်တတ်နိုင်တဲ့ အင်အားနဲ့ညီမျှတဲ့အလုပ်ကိုသာ လုပ်ပါ။

၅။ ကျန်းမာရေးနဲ့အညီနေပါ

ကောင်းမွန်တဲ့ အစားအသောက် စားပါ။အရည်များများသောက်ပါ။ ကဖင်းဓာတ်ပါတဲ့ အရည်ကို လျှော့သောက်ပါ။ ဆေးလိပ်မသောက်ပါနဲ့။ပြည့်ပြည့်ဝဝ အနားယူပါ။ကိုယ်လက် လှုပ်ရှား အားကစားကိုပုံမှန်လုပ်ပါ။ ကိုယ်တကယ် ဝါသနာပါပြီး လုပ်ဆောင်ချင်တဲ့ဝါသနာအတွက် အချိန်ပေးပါ။

မိုးညှင်းသတင်းများကိုWebsiteမှဲာ
ဝင်ကြည့်လို့ရပါပြီ

Websiteလိပ်စာ
   http://mohnyinnews.blogspot.com


Posted via Blogaway

No comments:

Post a Comment