Sunday, September 7, 2014

မိုးညှင်းကဟာသကြိုက်သူများအတွက်စုံပလုံစိ !! ကွာစိ !! နေကြာစိ !!











၁။ အငတ်ထားမယ်

အိပ်ပျော်ခါနီးမှ ခြင်တစ်ကောင် အကိုက်ခံလိုက်ရသူက ထလာပြီး ခြင်ကို မောင်းထုတ်တယ်။ ဘယ်လိုမောင်းထုတ်ထုတ် အခန်းထဲကနေ ခြင်ထွက်မသွားဘူး။

“ကောင်းပြီ... မင်းမထွက်ရင် ငါထွက်တယ်ကွာ”

ပြောပြောဆိုဆို အိပ်ခန်းထဲကနေ ထွက်သွားပြီး တံခါးကိုသော့ခတ်လိုက်တယ်။

ပြီးမှ အားရကျေနပ်ဟန်နဲ့...

“ဟင်း.. ဒီည ငါအခန်းထဲ ဝင်မအိပ်တော့ဘူး၊ အခန်းထဲမှာ မင်းကို အငတ်ထားပြီး သတ်ပစ်မယ်”

************************************

၂။ မှတ်ပြီလား

တစ်နေ့ လူတစ်ယောက်နေမကောင်းဖြစ်သဖြင့် ဆရာဝန်ထံသွားပြရာ...

ဆရာဝန် >> “ခင်ဗျားကဘာဖြစ်တာလဲ”

လူနာ >> “ကျနော် ကိုယ်လက်မအီမသာနဲ့ အားပြတ်နေသလိုပဲဗျာ”

ဆရာဝန် >> “အင်း... ခင်ဗျားအစားကို မှန်မှန်စားဗျာ၊ အဆီအဆိမ့်ကို လျှော့စား၊ အသီးအနှံတွေ များများစားပေးဗျ၊ အသီးအနှံစားရင်လဲ အခွံတွေကို ချန်မထားနဲ့ဗျ၊ အခွံတွေကလဲ အားရှိတယ်၊ ဒါနဲ့ ခင်ဗျားဘာသီးအကြိုက်ဆုံးလဲဗျ”

ထိုအခါ လူနာဖြေလိုက်သော အဖြေကြောင့် ဆရာဝန်ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားလေသည်။
လူနာပြောလိုက်သည်မှာကား...

လူနာ >> “အုန်းသီး”

************************************

၃။ နားလေးသူမို့ပါ

“ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျား မဟုတ်လား”

“ဟုတ်ပါတယ် ဟုတ်ပါတယ်၊ ကျွန်တော်က တက်သစ်စ အဆိုတော်ပါ”

“ဒါဆို တဆိတ်ကူညီစမ်းပါဗျာ၊ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့ လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ် အော်ပေးစမ်းပါ၊ သူက နားနည်းနည်းလေးတယ်”

************************************

၎။ သူဘယ်မှာလဲ

ကိုလှ >> “ဟေး ကိုမြ၊ ခင်ဗျားမျက်နှာကလဲဗျာ၊ ရှုံ့မဲ့နေတာပဲ၊ ဘာဖြစ်နေတာလဲဗျ”

ကိုမြ >> “သွားကိုက်လို့ပါဗျာ၊ သွားဆရာဝန်ကောင်းကောင်း တစ်ယောက်လောက်ခင်ဗျားသိလား၊
နှုတ်ပစ်မလို့ အဲဒီသွားကို”

ကိုလှ >> “ဟာ... နှုတ်ပစ်စရာမလိုပါဘူးဗျာ၊ ကျနော့လိုလုပ်ပါလား၊ ဟိုနေ့က ကျနော်လဲ သွားကိုက်တာ၊ အဲဒါကျနော့မိန်းမကိုခေါ်ပြီး နှုတ်ခမ်းချင်းစုပ်ပြီး နမ်းလိုက်တာ ကောင်းသွားရောဗျ၊ ခင်ဗျားလည်း စမ်းကြည့်ပါလား”

ကိုမြ >> “ဟာ... အဲဒါဆိုမဆိုးဘူးဗျ၊ ကျနော်စမ်းကြည့်မယ်ဗျာ၊ ဘယ်မှာလဲ ခင်ဗျားမိန်းမ”

************************************

၅။ မိုးရွာမှကျတာ

“အိမ်ခေါင်မိုးပေါ်က ရေတွေဟာ ဒီလိုပဲ အမြဲကျနေမှာလား”

“အမြဲမကျပါဘူး၊ မိုးရွာမှကျတာပါ”

************************************

၆။ အထင်နဲ့အမြင်

“ကျွန်မသားလေး ရေနစ်တုန်းက ဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား”

“ဟုတ်ပါတယ်၊ ဒီလိုပေါ့ဗျာ၊ ကြုံကြိုက်လို့ ကယ်တာပဲဟာ၊ ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး”

“ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့်၊ သူ့လက်ကဟန်းချိန်းပါမလာလို့”

************************************

၇။ မမြှောက်ပါနဲ့ဗျာ

“မင်းခိုးတဲ့ပစ္စည်းတွေက အစုံပါပဲလားကွ၊ တီဗွီရယ်၊ အောက်စက်ရယ်၊ ရေခဲသေတ္တာရယ်၊ ပန်ကာရယ်၊ မီးခံသေတ္တာရယ်၊ အိမ်သားတွေ တစ်ယောက်မှ မနိုးစေဘဲ အပြင်ကို ဒါတွေအကုန်သယ်ထုတ်နိုင်တာ ချီးကျူးပါတယ်ကွာ”

“ဟာ... တရားသူကြီးမင်းကလည်း ကျွန်တော့်ကို အနေခက်အောင် မြှောက်နေပြန်ပြီ”

************************************

၈။ ထင်တာကတခြား

တရားသူကြီး >> “တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး လူရှင်းတဲ့နေရာရောက်မှ ပါသမျှလုယက်သွားတယ်ဆိုတာ ဟုတ်သလား”

မိန်းကလေး >> “ဟုတ်ပါတယ်၊ တရားသူကြီးမင်း”

တရားသူကြီး >> “ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့ အော်ဟစ်အကူအညီမတောင်းခဲ့တာလဲ”

မိန်းကလေး >> “ကျွန်မနားကို အသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ်မထင်ခဲ့မိလို့ပါရှင်”

************************************

၉။ စနစ်တကျအသုံးပြုနည်း

“မနက်ကဝယ်သွားတဲ့ ယပ်တောင်က တစ်ခါနှစ်ခါပဲခတ်ရသေးတယ် စုတ်သွားပြီ၊ ဘယ်လိုဖြစ်တာရတာလဲ”

“အသုံးပြုပုံမှားလို့ဖြစ်ပါလိမ့်မယ်၊ ကျွန်တော်တို့ ရောင်းတဲ့ယပ်တောင်ဟာ လက်နဲ့ငြိမ်ငြိမ်လေးကိုင်ထားပြီး ခပ်စေချင်တဲ့ အရာဝတ္တုကို ယပ်တောင်ရှေ့မှာ ဟိုဖက်ဒီဖက် ခပ်မြန်မြန်လှည့်ပေးရပါတယ်ခင်ဗျား”

************************************

၁၀။ ပိုက်ဆံမပေးရအောင်

ဖရဲသီးရောင်းသူ >> “လာနော်... လာနော်... ဖရဲသီးချိုတယ်၊ မချိုရင် ပိုက်ဆံမယူဘူး”

ကလေးငယ် >> “အတော်ပဲ... ကျွန်တော့်ကို မချိုတာပေးပါ

No comments:

Post a Comment