Tuesday, September 9, 2014

ကျွန်တော်မြင်သလို ပြောမယ်ကွာသတိထားကြပါ


ကျွန်တော် မြင်သလို ပြောမယ် …

အခု ဖြစ်နေတာ ….

၁။ တပ်မတော်က တစ်အုပ်စု …

၂။ အန်အယ်လ်ဒီက တစ်အုပ်စု …

၃။ ပြည်ခိုင်ဖြိုးက တစ်အုပ်စု …

၎။ ကိုယ့်အယူအဆနဲ့  ကိုယ်ရှိနေတဲ့  ...
နိုင်ငံရေးပါတီတွေက တစ်အုပ်စု …

၅။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေထဲမှာ …လက်ရှိ အစိုးရ ၊တပ်မတော် နဲ့ ...အဆင်ပြေတဲ့  အုပ်စုတွေက တစ်အုပ်စု …

၆။ အဆင်မပြေတဲ့  အုပ်စုတွေက တစ်အုပ်စု ….

၇။ ကိုယ်ကျိုးစီးပွားအတွက် ရည်ရွယ်ပြီး ….နိုင်ငံရေးအခင်းအကျင်းကို ….ကိုယ့်အတွက် အကျိုးရှိအောင်ပြင်ဆင်ချင်နေတဲ့  ...ခရိုနီတွေက တစ်အုပ်စု …

၈။ ပြည်ပြေးတွေက တစ်အုပ်စု …

၉။ ၈၈ မျိုးဆက်က တစ်အုပ်စု …

၁၀။ အမျိုးသားရေး အုပ်စုတွေက တစ်အုပ်စု …

၁၁။ ဘင်္ဂါလီ အစွန်းရောက်တွေက တစ်အုပ်စု …

ဒါတွေက လက်ရှိ ကွဲနေကြတဲ့  အုပ်စုတွေပဲ ….

ဒီအုပ်စုတွေ အားလုံးက …သူ့ အိုင်ဒီယော်လော်ဂျီ သူ့ အယူအဆ နဲ့ သူ …ခိုင်ခိုင်မာမာ တည်ရှိနေကြတယ် …

အုပ်စုဆိုလို့  တပ်မတော်က လွဲရင် ….အချင်းချင်း သိပ် ညီညွတ်လှတယ်တော့လဲ မဟုတ်လှဘူး….
အတွင်းကြိတ် ပြသနာလေးတွေကလဲ ....ကိုယ်စီကိုယ်စီရှိကြတယ် …

ပြည်သူတွေကတော့…ကိုယ့် အယူအဆ ကိုယ့်ယုံကြည်ချက် အတိုင်း …ကိုယ် သန်ရာသန်ရာ အားပေးကြတယ် …

လက်ရှိ အာဏာရ အစိုးရကတော့ …သူ့ မူဝါဒအတိုင်း ...အခိုင်အမာရှေ့ ဆက်လျောက်နေတယ် …တပ်မတော်ကလဲ …သူ့ ကို ကျောထောက်နောက်ခံပြုထားတယ် …

အတိုက်အခံ အုပ်စုတွေကလဲ …အစိုးရ နဲ့  တပ် လုပ်သမျှကို …ထော်လော်ကန့် လန့်  တိုက်နေတယ် …
ကျန်တဲ့ ပါတီတွေ အုပ်စုတွေကလဲ …ကိုယ့်အယူအဆနဲ့  ကိုယ့်ယုံကြည်ချက်နဲ့  …ကိုယ့်လမ်း ကိုယ်လျှောက်ကြတယ် ….

လက်ရှိအခြေအနေကို မြင်သာအောင်ရေးပြတာပါ ….ဒီအတိုင်းဆို ...ကျုပ်တို့  ခရီးပေါက်ဖို့ အတော်ခက်နေပြီ …ဘယ်သူမှလဲ မလျှော့ကြမယ့် တူတူ …Power Sharing လုပ်ခြင်းကပဲ ….ထွက်ပေါက်ဖြစ်လာမယ် လို့ ယူဆတယ် …

အဲဒီအတွေး ပေါ်လာပြီးကတည်းက …ပီအာ ဟာ ထွက်ပေါက်လားလို့  …ကျွန်တော် အသေအချာစဉ်းစားခဲ့တယ် ….

အန်အယ်လ်ဒီ - ၃၀ နဲ့  ၄၀ ကြား ရာခိုင်နူန်း…တပ်မတော် - ၂၅ ၇ာခိုင်နူန်း …တိုင်းရင်းသားပါတီ - ၂၀ ရာခိုင်နူန်း …အခြားပါတီများ - ၁၅ ရာခိုင်နူန်း … ဆိုတဲ့ ကိစ္စက …၂၀၁၅ -၂၀၂၀ ကြားမှာ …
လက်သင့်ခံနိုင်လောက်တဲ့  ....အခြေအနေ တစ်ခု မဖြစ်နိုင်ဘူးလား ????

ခင်ဗျားတို့ တော့ မသိ …ကျွန်တော်ကတော့ …သမိုင်းကို ၄၈က တစ်ခါ ပြန်မစချင်တော့ဘူး … ။ ။


မိုးညှင်းသတင်းအဖွဲ့ www.mohnyinnews.blogspot.com gmail လိပ်စာ mohnyinnewsnow@gmail.com

No comments:

Post a Comment