Sunday, September 7, 2014
မိုးညှင်းကလက်ကိုင်အိတ်ကြိုက်သူများဖတ်ရန်ကမ္ဘာ့ ဈေးအကြီးဆုံး လက်ကိုင်အိတ်
လက်ကိုင်အိတ် တစ်လုံးရဲ့ တန်ဖိုးဟာ အသစ်စက်စက် မော်ဒယ်မြင့် ကားတစ်စီးထက် ပိုမိုနေတာမို့ အံအားသင့်စရာ ဖြစ်ခဲ့ပါ တယ်။ ပြင်သစ် အခြေစိုက် ဖက်ရှင်ကုမ္ပဏီတစ်ခုက ထုတ်လုပ်လိုက်တဲ့ လက်ကိုင်အိတ်တစ်လုံးကို စက်တင်ဘာလ (၂၃) မှာ လေလံတင် ရောင်းချ သွားမှာ ဖြစ်ပြီး၊ ပေါင် (၁၂၅၀၀၀) ခန့် အထိ ဈေးရှိနိုင်တာမို့ ကမ္ဘာ့ ဈေး အကြီးဆုံး လက်ကိုင်အိတ် အဖြစ် သတ်မှတ်ခံရဖွယ်ရှိ နေပါတယ်။
ဒီလက်ကိုင်အိတ်ကို Hermes က ထုတ်လုပ်ထားခြင်း ဖြစ်ပြီး၊ နာမည်ကျော် ဗြိတိန် သရုပ်ဆောင် Jane Birkin ရဲ့ အမည်ကိုယူပြီး Birkin အမည်နဲ့ လက်ကိုင်အိတ် အများအပြား ဈေးကွက် မှာ ရောင်းချနေခြင်း ဖြစ်ပါတယ်။ Hermes က ထုတ်လုပ်တဲ့ လက်ကိုင်အိတ်တွေဟာ နာမည်ကျော်တွေ အကြား ထင်ရှား ကျော်ကြားပြီး ကင်မ်ကာ ဒီရှီယန်း၊ ဂျနီဖာလိုပက်ဇ်၊ ဗစ်တိုးရီးယား ဘက်ခမ်းတို့ အမြတ်တနိုးနဲ့ ကိုင်တွယ်လေ့ရှိ ပါတယ်။ Hermes က ထုတ်တဲ့ လက်ကိုင်အိတ်ကို ၂၀၁၁ ကလည်း ကမ္ဘာ့ စံချိန်တင်ဈေးနဲ့ ရောင်းချခဲ့ဖူးပါတယ်။ ဗစ်တိုးရီးယားဘက်ခမ်း ဟာ Hermes လက်ကိုင်အိတ်တွေ ၀ယ်ယူထားတာ ပေါင်(၁ ဒသမ ၂) သန်းကျော်ဖိုး အထိရှိတယ်လို့ ဆိုထားပါတယ်။
အခု ရောင်းချသွားမယ့် လက်ကိုင်အိတ်ဟာ မိကျောင်းသားရေနဲ့ ပြုလုပ်ထားတာ ဖြစ်ပြီး၊ တွယ်ချိတ်ကို ရွှေဖြူနဲ့ လည်းကောင်း၊ အလှသံမှို ပုံစံ ကို စိန်အစစ်နဲ့ လည်းကောင်း ပြုလုပ်ထားတာမို့ ကမ္ဘာ့ ဈေးအကြီးဆုံး လက်ကိုင်အိတ်ဖြစ်သွားခဲ့တာပါ။ ဒီလက်ကိုင်အိတ်မှာ ပါဝင်တဲ့ ရွှေဖြူဟာ (၁၈)ကာ ရက် အပြည့် ဖြစ်ပြီး၊ စိန်ပွင့် အရေအတွက်က (၂၄၅)ပွင့် အထိရှိပါတယ်။ လေလံပွဲ တာဝန်ရှိသူ တစ်ဦးက သုံးနှစ်အတွင်း ကမ္ဘာ့ ဈေးအကြီးဆုံး လက်ကိုင်အိတ်နှစ်ခုကို မြင်တွေ့ခွင့်ရလို့ ကျေနပ်စရာ ဖြစ်ကြောင်း၊ ယခုရောင်းချမည့် လက်ကိုင်အိတ်မှာ အကောင်းဆုံး ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်း ဖြစ်ကြောင်း ဆိုခဲ့ပါတယ်
No comments:
Post a Comment