Tuesday, September 9, 2014
ဝန်မခံချင်လို့ပါ ... ဟာသလေးပါ
အဖေ၊ အမေတို့နှစ်ဦးစလုံးအိမ်မှာရှိနေသည့် ရုံးပိတ်ရက်တစ်ရက်တွင် မူလတန်းကျောင်းသား သားငယ်ကလေးက သူ့ရဲ့ မိဘတွေကို သိချင်တာ လေးတွေမေးလေသည်။
ဧည့်ခန်းမှာရှိနေသည့် ဖခင်ဖြစ်သူကို အရင်စမေးသည်။
ကလေးငယ်။ ။ ဖေဖေ လူတွေက ဘယ်ကစဖြစ်လာတာလဲဟင်။
ဖခင်။ ။ အင်း လူတွေဘယ်လိုဖြစ်လာတာလဲဆိုတော့ ဧဒင် ဥယျာဉ် ကြီးထဲကနေမှ အာဒံ အမျိုးသားနဲ့ဧ၀တို့နှစ်ယောက်ပေါင်းပြီး စဖြစ်လာတာ ကွဲ့လို့ဖြေလိုက်သည်။
ဒီတော့ သားငယ်ကလေးက မီးဖိုတွင်ရှိနေသော မိခင်ဖြစ်သူကို တဖန်မေး ပြန်သည်။
ကလေးငယ်။ ။ မေမေ လူတွေက ဘယ်ကစဖြစ်လာတာလဲ။
မိခင်။ ။ အင်း လူဆိုတာက မျောက်ကစဖြစ်လာတာပဲကွဲ့ လို့ဖြေတော့ သားဖြစ်သူလည်း အခုနက ဖခင်ရဲ့ အဖြေကို စဉ်းစားပြီး ဖခင်ဖြစ်သူထံပြန် သွားသည်။
ကလေးငယ်။ ။ ဖေဖေက သားကိုလိမ်တယ်။ မေမေကပြောတယ်။ လူဆိုတာ မျောက်က စဖြစ်တာလို့။
ဒီတော့ ဖခင်ဖြစ်သူကလည်း သားနားရှင်းသွားအောင် စိတ်တိုင်းကျသွား အောင်ဖြေလိုက်တာက ….
ဖခင်။ ။ အင်း မင့်အမေက မိန်းကလေးတွေရဲ့ တကယ့်လုပ်ဆောင် ချက် တာဝန်အစစ်ကို ၀န်မခံချင်လို့ကွ။
No comments:
Post a Comment