Saturday, September 6, 2014
ဝီစကီတစ်လုံးကို (၁၀) စက္ကန့်အတွင်း သောက်ပြခဲ့လို့ ဝေဖန်စရာ ဖြစ်လာ
ဝေလနိုင်ငံ မြောက်ပိုင်းမှာ နေထိုင်တဲ့ ၀ီလျံဟာ ၀ီစကီတစ်လုံးကို (၁၀) စက္ကန့်အတွင်း သောက်ပြခဲ့လို့ ဝေဖန်စရာဖြစ် လာကြောင်း သိရပါ တယ်။ အယ်လ်ကိုဟော (၄၀) ရာခိုင်နှုန်း ပါဝင်ပြီး (70 CL) ရှိတဲ့ Jack Daniels အမှတ်တံဆိပ် ၀ီစကီတစ်လုံးကို (၁၀) စက္ကန့်အတွင်း သောက်ပြခြင်းဟာ ရှုးမိုက်တဲ့ လုပ်ရပ်ဖြစ်ပြီး ကျန်းမာရေးအရ ထိခိုက်မှုတွေရှိလာ နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေး ပြောဆိုခဲ့ပါတယ်။
ဝီလျံဟာ ၀ီစကီပုလင်းကို ပါးစပ်နဲ့တေ့ ပြီးနောက် ရုတ်တရက်မော့ချလိုက်တာ ဖြစ်ပြီး စုစုပေါင်း (၁၀) စက္ကန့်အတွင်း ကုန်စင်အောင် သောက်ကာ ပုလင်းကို လွှင့်ပစ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ကို You Tube မှာ ရိုက်ကူးတင်ခဲ့ပြီး ၀ီလျံ ၀ီစကီပုလင်းဖွင့်သောက်ချိန်မှာ သူငယ်ချင်းဖြစ်သူတို့ရဲ့ ရယ်မောသံကို ကြားနေခဲ့ရပါတယ်။ ဒီဗီဒီယိုဖိုင် ကို ကြည့်ရှု့ သူ အရေအတွက်က (၄၀၀၀၀၀) ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ကြည့်ရှု့ခဲ့သူများစု ကတော့ ၀ီလျံရဲ့ အပြုအမှုနဲ့ ပတ်သက်ပြီး ဝေဖန် မှတ်ချက်တွေပေးခဲ့ ပါတယ်။ ရှုးမိုက်သူ တစ်ဦးဟာ ဒီလို ပြုမှုခြင်း ဖြစ်ကြောင်း၊ အယ်လ်ကိုဟော ပါဝင်မှု နှုန်းမြင့်မားတဲ့ ၀ီစကီကို ယခုလို သောက်သုံးခြင်းဟာ ကိုယ့်ကိုယ်ကို သေကြောင်း ကြံစည်ခြင်းသာ ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ ပါတယ်။ အမျိုးသမီးတစ်ဦးကတော့ ၀ီလျံနဲ့ လက်ထပ်ချင်ကြောင်း ရေးသားခဲ့ပါတယ်။
ဒါပေမဲ့ အချို့ကတော့ စတန့်ထွင်ခြင်း သက်သက် သာဖြစ်တယ်လို့ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြတဲ့ အပေါ် ၀ီလျံက ငြင်းဆိုသွားခဲ့ပါတယ်။ အယ်လ်ကိုဟော ပါဝင်မှုများပြားတဲ့ ၀ီစကီကို ၀ီလျံလိုသောက်သုံးဖို့ လည်ပင်းက လက်ခံဖို့ မလွယ်ပဲ အော့အန်မှု ဖြစ်သွားနိုင်ကြောင်း ထောက်ပြခဲ့ပါတယ်။ ၀ီလျံက မိမိအနေဖြင့် ဘာမှမခံစားရကြောင်း၊ မိမိ၏ အပြုအမှု အတွက်လည်း နောင်တရနေမည် မဟုတ်ကြောင်း၊ သို့သောလည်း မိမိကဲ့သို့ လိုက်မလုပ်စေ လိုကြောင်း ပြောကြားခဲ့ပါတယ်။ အယ်လ်ကိုဟောနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူတွေက အယ်လ်ကိုဟောသည် အဆိပ်ဖြစ်ကြောင်း၊ အလွန်အကျွံ သောက်သုံးပါက ဆိုးရွားတဲ့ အန္တရာယ်နဲ့ကြုံတွေ့ရ နိုင်ကြောင်း သတိပေး ပြောကြားခဲ့ပါတယ်။
No comments:
Post a Comment