Thursday, September 11, 2014

လေးနှစ်သမီးလေးအား မုဒိန်းကျင့်သတ်ဖြတ်ခဲ့သည့် တရားခံအား စစ်ဆေးရာမှ မြန်မာနိုင်ငံသားတဦးဖြစ်နေ











ထိုင်းနိုင်ငံဘန်ကောက်မြို့  ထုန်ဘူရီမြို့ နယ်ရချဒါလမ်းရှိ ကွန်ဒိုတိုက်ခန်းများ စောင့်ပေး
ရသည့် လုံခြုံရေး ၀န်ထမ်းတဦးမှာ တိုက်ခန်းတခုတွင်နေထိုင်နေသော လေးနှစ်
သာရှိသေးသည့် မိန်းခလေးငယ်လေးအား မုဒိန်းကျင့် သတ်ဖြတ်၍ အမှိုက်အိပ်
တခုတွင် ထည့်ကာ စွန့်  ပြစ်ထားခဲ့သည်။

လူသတ်သမားမှာ ထိုင်းနံမည် ချာသရီ ဖြစ်ပြီး ရဲများက တိုက်ခန်းများတွင် တတ်ဆင်ထားသည့် ကင်မရာများမှတဆင့် ဖေါ်ထုတ်နိုင်ခဲ့ပါသည်၊ တရားခံနှင့် ခလေးငယ်မှာ ရင်းနှီးနေသူများဖြစ်၍ အခင်းဖြစ်ပွားချိန်တွင် ခလေးကဌင်းနှင့် လာရောက် ဆော့ကစားနေစဉ် တရားခံက အခန်းတွင်းသို့  ခေါ်ဆောင်၍ ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ခလေးအော်ငိုနေစဉ် အသံမထွက်စေရန် နှခေါင်းနှင့်ပါးစပ်များကို ပိတ်ထားခဲ့ရာမှ ခလေးငယ်မှာ သတိမေံမျှောသွားခဲ့ရာ သေဆုံးသွားပြီး ဟုထင်ကာ အမှိုက်အိပ်တွင်းထည့်လျှက် စွန့် ပြစ်ခဲ့ကြောင်း ၄င်းက၀န်ခံခဲ့သည်။

တရားခံ ချာသရီ အား အမှုစစ်ဆေးရာမှ ၄င်း၏ ကိုယ်တွင် စုတ်ထိုးသည့် စာများမှာ ငါ့မှာမိဘမရှိ-အဖေနဲ့  အမေ ၇ူးနေသည် ဟု စာတန်းပါ မြန်မာစာများအား ရဲကသတိပြုမိရာမှ တရားခံမှာ ထိုင်းနိုင်ငံသားကပ်အတုဖြင့် ကိုင်ဆောင်ထားသူဖြစ်ကြောင်း ထုတ်ဖေါ်တွေ့ ၇ှိတော့သည်။
အဆိုပါအမှုနှင့်ပါတ်သက်၍ ထိုင်းနိုင်င့ရဲတပ်ဖွဲ့ အနေနှင့် ပြည်နယ်တ၀န်းမှ လှုံခြုံရေး အစောင့်လုပ် ကိုင်နေသည့် မြန်မာနိုင်ငံသားများ တင်းကြပ်စွာစစ်ဆေး မည်ဖြစ်ကြောင်း၊











ထိုင်းနိုင်ငံအတွင်း ထိုင်းမှတ်ပုံတင်များကိုင်ဆောင်နေသည့် မြန်မာနိုင်ငံသားအများစုမှာ ထိုင်းနိုင်ငံတွင်အနေကြာပြီး ထိုင်းဘာသာစကားတတ်ကျွမ်းသည့် မူဆလင် ဘာသာဝင်အများ အပြားဖြစ်ပြီး မြို့ နယ်ပေါင်းစုံ တွင် သွားရောက် လုပ်ကိုင်နေကြရာတချို့ မှာ ထိုင်းနိုင်ငံသား မှတ်ပုံတင်အတုများ ကိုင်ဆောင် ထားကြကြောင်း သိရပါသည်

No comments:

Post a Comment