ပြည်တွင်းမိုဘိုင်းဖုန်းဈေးကွက်အတွင်း၌ ယခုလ ၁ ရက်နေ့မှ
စတင်ရောင်းချခဲ့သည့် ၁၅၀၀ ကျပ်တန် MPT ဆင်းမ်ကတ်များ ကို
အသုံးပြုသူအရေအတွက်မှာ ရက်သတ္တပတ် နှစ်ပတ်ကျော်အတွင်း
သုံးသိန်းရှစ်သောင်းကျော်ရှိပြီဖြစ်ကြောင်း မြန်မာ့ ဆ က် သွယ်ရေးလုပ်ငန်းမှ
သတင်းရရှိသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အဆိုပါ WCDMA
ဆင်းမ်ကတ်များကို ၂၀၁၄ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှ ၈
ရက်နေ့အထိပြည်တွင်းမိုဘိုင်းဖုန်းဈေးကွက်အတွင်းသို့ အရေအတွက် ၇
သိန်းဝန်းကျင် ဖြန့်ချိပြီးဖြစ်သည်။
ပြည်ပဆက်သွယ်ရေးအော်ပရေတာများနှင့်အပြိုင် ဆက်သွယ်ရေးဝန်ဆောင်မှုများကို ရောင်းချမည့်
မြန်မာ့ဆက်သွယ်ရေးသည် ၎င်းတို့၏ ၁၅၀၀ ကျပ်တန် ဆင်းမ်ကတ်များကို ယခုနှစ်အတွင်း အရေအတွက် ငါးသန်းအထိရောင်းချရန် ပြင်ဆင် ထားပြီးဖြစ်သည်
No comments:
Post a Comment