Tuesday, October 28, 2014

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု ကို ပြောချင်တယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု ကို ပြောချင်တယ် ဒေသတွင်းနိုင်ငံများ စင်္ကာပူ ၊ မလေး ၊ အင်ဒို ၊ ထိုင်း စစ်အသုံးစားရိတ် တစ်နှစ်ထက်တစ်နှစ်မြှင့်တင်နေတဲ့ အာဏာရှင်ယူအက်စ်အေ စစ်အာဏာရှင်စနစ် က နေ ဒီမိုကရေစီအသွင်ပြောင်း တဲ့ (မြန်မာနဲ့ဆင်တူပါတယ်ဆိုတဲ့) အင်ဒိုနီရှား  စင်္ကာပူ ၊ အင်ဒို ၊ ထိုင်း ၊ မလေး ၊ ဗီယက်နာမ် ၊ ဖစ်လပိုင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု က Military Operation အတွက် ကျပ်သန်း ၃၀၀ ကိုများလွန်းတယ် ၊ ဒီမိုကရေစီ ဖော်ဆောင်နေတဲ့ကာလမှာ စစ်ရေးအသုံးစားရိတ်လျှော့သုံးသင့်တယ် လို့ ဆိုတယ် ။ ဦးပိုင်ကြီးဖျက်သိမ်းပါ လို့ သာ အော် ကြ တယ် ။ ဘာကြောင့် ရှိလာတယ်ဆိုတဲ့ ဇစ်မြစ် ကိုနားမလည်သလို ၊ ဘယ်လိုလုပ်ဆောင်ရင်တော့ဖျက်သိမ်းနိုင်တယ်ဆိုတဲ့စဉ်းစား/တွေးခေါ်မှုမျိုးလည်းမလုပ်ကြဘူး။ ဒီမိုကရေစီ ဖော်ဆောင်နေတဲ့ အတွက် စစ်ရေးအသုံးစားရိတ်ကိုလျှော့သုံးသင့်တယ်ဆိုလို့ တခြားနိုင်ငံတွေက ဂရပ်တွေ ယူပြတာပါ ။ အတော်များများ ဒီမိုကရေစီကျင့်သုံးနေတဲ့နိုင်ငံတွေ၊ ဒီမိုကရေစီ ဖော်ဆောင်နေတဲ့နိုင်ငံတွေပါ ။ အောက်ကိုထိုးကျသွားတယ်ဆိုတဲ့ ဂရပ်ရှိမရှိ ကြည့်စေချင်တယ် ။ ဒေါ်နန်းဝါနု ပြောသလိုဆိုရင် အားလုံး က အာဏာရှင်စနစ်ကိုဖော်ဆောင် နေသလိုဖြစ်နေတယ် ။ ဦးပိုင်ရှိနေတာ စောက်လုပ်ရှုပ်ပါတယ် ။ တပ်တစ်တပ် ရဲ့ တပ်ကိစ္စအပြင် အဲဒီသွင်းငွေ / ထုတ်ငွေ တွေ နဲ့ ဘယ်လောက်လုံးပမ်းရလဲဆိုတာ တပ်က ရေး/ထောက်တွေ အသိဆုံး ။ လကုန်လာရင် စစ်သည်တွေ ရဲ့ မလောက်မငှ လစာ ထဲက နေ အချိုးကျထည့်ဝင်ဖို့ မျက်နှာတွေကိုဘယ်လို စိတ်နဲ့ကြည့်နေရတယ်ဆိုတာ ဦးစီးအရာရှိတွေအသိဆုံး ။ ခုချိန်ထိ နိုင်ငံ ဘက်ဂျက် က နေ စစ်မှုထမ်းတွေအတွက် လစာငွေ တွေ မပေးနိုင်သေးဘူး ။ ပေးတဲ့ ဘက်ဂျက် က မဟာဗျူဟာမြောက်စစ်လက်နက်ပစ္စည်းတွေ ဝယ်တာ နဲ့ ကုန်တယ် ။ ရေပေါ်ဆီ လူတန်းစားတွေ ၊ အကျင့်ပျက်နေသူတွေ ရှိတယ်ဆိုတာ မှန်ပါတယ် ။ သို့သော် ဦးပိုင်ဖျက်သိမ်းလိုက်ရင် အဲဒီလစာ ရိက္ခာငွေ တွေ ဘယ်လိုရပ်တည်မလဲ ၊ တခြားနိုင်ငံတွေနဲ့ ပုခုံးချင်းယှဉ်နိုင်တဲ့ တပ်မတော်ဖြစ်အောင်ဘယ်လိုတည်ဆောက်မလဲ ဆိုတာ ဘယ်သူမှ အာမခံချက်မပေးနိုင်ကြသေးဘူး ။ နည်းလမ်းလည်းမရှိသေးဘူး ။ တပ်မတော် ဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တဲ့ လုပ်ရပ်မျိုး မလုပ်အောင် စစ်သည်တွေပေါ် စာနာနားလည်စိတ်ရှိရဲ့လား ဆိုတော့ လည်း မရှိဘူး ။ အဓိက က နိုင်ငံရေးအမြတ်ထွက်ဖို့ ၊ နိုင်ငံ ရေး နေရာရဖို့ ၊ အာဏာ လက်ဝယ်ရရှိဖို့လောက်သာ အာသီသရှိကြတယ် ။ တစ်နှစ်စာ military operation အတွက် အဆိုပြုတဲ့ ငွေ ဟာ မြန်မာငွေ ကျပ်သန်း ၃၀၀ ပါ ။ အမေရိကန် ဒေါ်လာ နဲ့ တွက်ရင် ၃ သိန်းပါ ။ မဇ်ဇိုင်းတစ်လုံးဖိုးတောင် မရှိတဲ့ ငွေ ဖြစ်ပါတယ် ။ အဲဒီ ကျပ်ငွေ သန်း ၃၀၀ ဆိုတာ တစ်ရက် အသုံးစားရိတ် ၈ သိန်း ၂ သောင်းကျော်ပဲရှိပါတယ်။ အဲဒါ တပ်မတော် တစ်ရပ်လုံး စစ်သည် ၄ သိန်းစာအတွက်ပါ ။ လွှတ်တော် ကိုယ်စားလှယ် ၆၄၆ ယောက်အတွက် တစ်ရက်လွှတ်တော်စားရိတ်ဟာ သိန်း ၃၀ ကျော်ရှိပါတယ် ။ ယူအက်စ် စစ်သည်တစ်ယောက်မှာ ဝတ်ဆင်ထားတဲ့ ယူနီဖောင်း တစ်စုံဟာ ကျည်ကာဟဲလ်မတ် ၊ ကျည်ကာအင်းကျီ မပါ ၊ equipment မပါ ဒေါ်လာ ၁၀၀၀ ကျော်ရှိတယ် ။ မြန်မာငွေ နဲ့ တွက်ရင် ၁၀ သိန်းနီးပါး ဖြစ်ပါတယ် ။ မြန်မာ့တပ်မတော် က စစ်သည်တွေ အတွက် ရှေ့တန်းမှာ ၆ လစကေးလ်နဲ့ထုတ်ပေးတဲ့ ယူနီဖောင်း ၊ တောစီးဖိနပ် ခံလှပါတယ်ဆိုရင် ၃ လပေါ့ ။ ဖာလိုက်ပြဲလိုက် ချုပ်မရတော့ တဲ့ အဆုံး ကျွတ်ကိုက်ခံ ဘောလုံးကန်ဘောင်းဘီဝတ် ၊ သုံးမရတော့တဲ့ ကျောပိုးအိတ်ပစ်... ကြိမ်ခြင်းတောင်းလွယ် ၊ ပါလာတဲ့ စလစ်ပါ ချစီး ၊ တောထဲမှာ မျှစ်ချိုးစားလိုက် ၊ ငှက်ပျောအူထုတ်စားလိုက် ၊ ကောက်ကောက်ညွန့် ခူးစားလိုက် ၊ ခွေးသေးပန်းရွက်ခူးစားလိုက် စားခဲ့ ရတဲ့ ဘဝတွေ ကို ပြန်သတိရတိုင်း ခင်ဗျားတို့ ပါးစပ်က စေတနာဆိုတဲ့ စကားတွေကို ရွံတယ် ။ အာဏာရှင်စနစ် မုန်းပါတယ် ။ ချစားမှုတွေ ၊ မမျှတမှုတွေကို ကိုယ်တိုင် တတ်နိုင်တဲ့ နေရာက ရှောင်ရှားခဲ့တယ် ။ တားဆီးခဲ့တယ် ။ ဒါပေမဲ့ အဲဒီ အတွေးတွေ ၊ အဲဒီအကွက်တွေ ကိုကြိုမြင် လို့ မလုပ်သင့် မလုပ်ထိုက်တဲ့ ကြားက ဦးပိုင်ဆိုတာကြီးကို ဖွဲ့သွားတဲ့ စစ်ခေါင်းဆောင်တွေလပ်ရပ်ကို လက်ခံနေရတုန်းပဲ ။ သူတို့ဘာသူတို့ ကောင်းချင်မှ ကောင်းလိမ့်မယ် ။ ဒါပေမဲ့ သူတို့ အတွေးမှန်တယ် ။ ရုပ်ဆိုး

www.mohnyinnews.blogspot.com

mohnyinnewsnow@gmail.com

No comments:

Post a Comment