Sunday, October 26, 2014

အရွယ်မရောက်သေးသော ကလေးများကို စစ်မှုထမ်းခိုင်းသော KIA အား အရေးယူပေးရန် UNICEF သို့ တိုင်ကြားမည်

အောက်တိုဘာ ၂၅ ရက်၊ ၂၀၁၄ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များ ၌ နေထိုင်သောဒေသခံ ကချင်လူ ငယ်များအား အောက်တိုဘာ ဒုတိယ အပတ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)အဖွဲ့မှ ဖမ်းဆီးကာ စစ်မှုထမ်းခိုင်းခြင်းအပေါ် အရေးယူပေးရန် ကမ္ဘာ့ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF ထံသို့တိုင်ကြား ရန် စီစဉ်နေကြောင်း အကျိုးတော်ဆောင် တစ်ဦးထံမှ သိရသည်။ “ ကျောင်းတက်နေတဲ့ကလေးကို ဖမ်းပြီး စစ်သားလုပ်ခိုင်းတဲ့အတွက် ပါ၊ နောက်ထပ်ကလေးသုံးယောက် ကိုလည်း လူမြင်ကွင်းကြီးမှာကို ဖမ်းခေါ်သွားတာ၊ ဒီအတိုင်းကြည့်နေရင် သူတို့ဗိုလ်ကျချင်တိုင်းကျနေမှာ စိုးတဲ့ အတွက် UNICEF ကိုတိုင်မှာပါ ” ဟု ကူညီဆောင်ရွက်ပေးနေသော မြို့ခံတစ်ဦးက ဆိုသည်။ အဆိုပါမြို့နယ်၊ နမ္မတီးကျေးရွာ၊ ရွှေလီရပ်ကွက်နေ မောင်ဘရန်လီ(၁၆)နှစ်၊ ၈ တန်းကျောင်းသားလေးအား အောက်တိုဘာ ၉ ရက်နေ့တွင် KIA အဖွဲ့မှ ဖမ်းဆီးသွားခဲ့ရာ ပြန်လွှတ်ပေးရေးအတွက် မိဘများကိုယ်တိုင် အောက်တိုဘာ ၂၂ ရက်နေ့တွင် KIA တပ်ရင်း(၁၁)တည်ရှိရာ ပန်ဆောင်ယန်သို့ ဆက်သွယ်တောင်းပန်သော် လည်း ယနေ့အချိန်အထိ ပြန်လည်စေ လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။ အလားတူ အောက်တိုဘာ ၁၄ ရက်နေ့ကလည်း အဆိုပါမြို့နယ်၊ မရမ်းကျေးရွာ၊ ရပ်ကွက်(၇)တွင် နေထိုင်သော မောင်မုန်ထွယ်အောင် (၁၆)နှစ် ၊ မောင်ဘောက်ဒူး(၁၇)နှစ်၊ မောင်ဂျန်မော်ဆိုင်းအောင်(၁၆)နှစ်တို့ ၃ ဦးအား KIA အဖွဲ့မှ မြစ်ကြီးနား-ရွှေဘိုကားလမ်းမပေါ်တွင် ဖမ်းဆီးကာ ပန်ဆောင်ယန် သို့ ခေါ်ဆောင်သွားကြောင်း မျက်မြင်သက်သေရွာသားများရှိသည်ဟု သိရသည်။ “အခုကလေးတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေယူနေပါတယ်၊ ကလေးမိဘတွေရဲ့လက်မှတ်နဲ့ အသနား ခံစာတွေလည်းလုပ်ထားတယ်၊ ဖမ်းသွားတဲ့အဖွဲ့၊ ဖမ်းသွားတဲ့အချိန်၊ ဖမ်းထားတဲ့နေရာတွေကိုလည်း မျက်မြင် သက်သေတွေနဲ့ အတိအကျလုပ်ထားပါတယ်၊ ကိုယ့်ကချင်တိုင်းရင်းသား အချင်းချင်းတောင် ညှာတာမှုမရှိတော့ တဲ့KIA ကို UNICEFလိုအဖွဲ့ က ဖြေရှင်းပေးမှသာအောင်မြင်မှာပါ၊ သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ အစိုးရတပ် တွေအနေနဲ့ကလည်း နယ်မြေဒေသလုံခြုံရေးအခြေအနေကြောင့် မဖြေရှင်းပေးနိုင်သလို KIA ကလည်းလက် နက်ကိုင်ထားတော့ ဒီအတိုင်းရှင်းမှာမဟုတ်ဘူး၊ ဒါကြောင့် UNICEF ကိုတိုင်ဖို့လုပ်ရတာပါ၊ ကချင်လူငယ်တွေရဲ့ အနာဂတ်အတွက်ပေါ့” ဟု အမည်မဖော်လိုသော အကျိုးတော်ဆောင် တာဝန်ရှိသူတစ်ဦးကပြောကြားသွား သည်။ ဇော်မိုင်

www.mohnyinnews.blogspot.com

No comments:

Post a Comment