နိုဝင်ဘာ ၁၄ ရက် ညပိုင်းနှင့် နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် အုပ်စု D၊ အုပ်စု F နှင့် အုပ်စု I မှအသင်း များ ယူရို ၂ဝ၁၆ ခြေစစ်ပွဲအုပ်စုပွဲစဉ် ၄ အဖြစ်ကစား ကြမည်ဖြစ်သည်။ အုပ်စုပွဲ သုံးပွဲကစားအပြီး အုပ်စုကို ထိပ်ဆုံးမှ ဦးဆောင်နေသည့်အသင်းများ ရလဒ်ကောင်း ဆက်ရမည်လားဆိုသည်မှာ စိတ်ဝင်စားစရာဖြစ်နေသည်။
ဂျော်ဂျီယာ - ပိုလန်
ည ၁၁း၃ဝ (၁၄-၁၁-၂ဝ၁၄)
ပိုလန်အသင်း အုပ်စု(D)တွင် နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ရမှတ် ၇ မှတ်ရရှိပြီး ပထမနေရာ ရောက်ရှိနေသည်။ တိုက်စစ်ပိုင်း ထက်မြက်တိကျမှုရှိနေပြီး ခံစစ်ပိုင်းလည်း ကျစ်လျစ်ခိုင်မာမှုရှိနေသည်ဟု ပြောနိုင်သည်။ ပိုလန် အသင်း၏ တိုက်စစ်သုံးပွဲအပြီး ၁၁ ဂိုးသွင်းထားနိုင်သလို ခံစစ်က ပေးဂိုးနှစ်ဂိုးသာရှိနေသေးသည်။ အိမ်ရှင် ဂျော်ဂျီယာ က နှစ်ပွဲရှုံး၊ ရမှတ် သုံးမှတ်သာရရှိထား၍ အိမ်ကွင်းပွဲကို ဂရုစိုက်ကစားမည်ဖြစ်သည်။ သို့သော် လီဝမ်ဒေါစကီး ဦးဆောင်သည့် ပိုလန်တိုက်စစ်ကို ပွဲချိန်ပြည့်ထိန်းချုပ်ရန် ခက်ခဲနိုင်သည်။ အိမ်ရှင်အသင်း အများဆုံးသရေသာ မျှော်လင့်၍ ရနိုင်သည့်ပွဲဟု သုံးသပ်မိသည်။
ဂျာမနီ - ဂျီဘရော်တာ
နံနက် ၂း၁၅ (၁၅-၁၁-၂ဝ၁၄)
အိမ်ရှင် ဂျာမနီအသင်း သုံးပွဲမှာ ရမှတ်လေးမှတ် သာရရှိထား၍ ယခုပွဲမှာ ရမှတ်အပြည့်ရအောင် ကစား သွားပါလိမ့်မည်။ ပြိုင်ဘက်ကလည်း ခြေစွမ်းပိုင်းညံ့သည့် အသင်းဖြစ်နေသဖြင့် ဂျာမနီတို့ ဘယ်နှဂိုးသွင်းပြီး နိုင်ပွဲ ရယူမလဲ ဆိုသည်ကိုသာ စောင့်ကြည့်ရမည်ဖြစ်သည်။
ရိုမေးနီးယား - မြောက်အိုင်ယာလန်
နံနက် ၂း၁၅ (၁၅-၁၁-၂ဝ၁၄)
အုပ်စု(F)ထိပ်ဆုံးပိုင်းရောက် နှစ်သင်း၏ တွေ့ဆုံမှု ဖြစ်နေ၍ ပြိုင်ဆိုင်မှုပြင်းထန်ပါလိမ့်မည်။ ခြေစစ်ပွဲ သုံးပွဲစလုံး ရာနှုန်းပြည့်နိုင်ပွဲရပြီး ခြေစွမ်းထက်နေသည့် မြောက်အိုင်ယာလန်၏ ခြေစွမ်းအမှန်ကို ရိုမေးနီးယားနှင့် ပွဲတွင် အကဲဖြတ်ကြရမည်ဖြစ်သည်။ အိမ်ရှင်အသင်းက လည်း တစ်သင်းလုံးလိုလို တောင့်တင်းခိုင်မာနေ၍ မြောက် အိုင်ယာလန်တို့ အများဆုံးသရေသာမျှော်လင့်နိုင်သည့် အနေအထားဖြစ်နေသည်။
ဆားဘီးယား - ဒိန်းမတ်
နံနက် ၂း၁၅ (၁၅-၁၁-၂ဝ၁၄)
ဆားဘီးယားသည် နှစ်ပွဲကစားအပြီး တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ရှုံးပွဲမရှိခဲ့သော်လည်း မမျှော်လင့်ထားသော ပြဿနာကြောင့် သုံးမှတ်လျှော့ခံရသည့်အပြင် ဒိန်းမတ် နှင့်ပွဲ (ပွဲပိတ်ပြစ်ဒဏ်) ပရိသတ်မပါဘဲ ကစားရမည် ဖြစ်သည်။ နှစ်ပွဲရမှတ် တစ်မှတ်သာရရှိထား၍ ဒိန်းမတ်ကို မဖြစ်မနေ အနိုင်ရအောင်ကစားပါမှ ဆားဘီးယားတို့ ခြေစစ်ပွဲအောင်ဖို့မျှော်လင့်ချက် ဆက်ရှိမှာဖြစ်သည်။ လက်ရှိခြေစွမ်းပိုင်းတည်ငြိမ်မှု ပိုရှိနေသည့် အိမ်ရှင်အသင်း ကပ်ပြီးအောင်ပွဲခံသွားဖွယ် ရှိနေသည်။
www.mohnyinnews.blogspot.com
ကျွန်တော်များမိုးညှင်းသတင်းအဖွဲ့မှ
မကြာမီမှာ apk ဘားရှင်းအသစ်ထွက်ရှိပါတော့မည်
အမျိုးသားနေ့ကိုကြိုဆိုသောအားဖြင့်ကျွန်တော်များမိုးညှင်းသတင်းအဖွဲ့မှ
ယခု apk ဘားရှင်းအသစ်ကိုထွက်ရှိတာ
ဖြစ်ပါတယ်
No comments:
Post a Comment