Friday, November 14, 2014

မြန်မာနိုင်ငံ ဗုဒ္ဓသာသနာသမိုင်း (၁)

မြန်မာနိုင်ငံ ဗုဒ္ဓသာသနာသမိုင်း (၁) ------------------------------------- မြန်မာနိုင်ငံ ဗုဒ္ဓသာသနာသမိုင်းအကြောင်း ပြောဆိုပြုစုရန်“မြန်မာနိုင်ငံသို့ ဗုဒ္ဓဘာသာ ဘယ်အချိန်က စတင်ရောက်ရှိခဲ့သလဲ” ဟူသော မေးခွန်းကို ရာဇ၀င်များ၊ ဘုရားသမိုင်းများသက်သက်ဖြင့် ဖြေကြားခြင်း မဟုတ်ပဲ ခေတ်ပြိုင်အထောက်အထားများဖြင့် ဖြေဆိုပေးရန် လိုအပ်ပါသည်။ ထို့ပြင် အထက်ပါမေးခွန်းကို ဖြေဆိုနိုင်ရန် နောက်ထပ်မေးခွန်းတစ်ချို့ကိုပါ ထပ်မံဖြေဆိုပေးရန် လိုအပ်ပါသည်။ ၁။(က) မြန်မာနိုင်ငံသို့ ဗုဒ္ဓဘာသာ မည်သည့်အချိန်က စတင်ရောက်ရှိခဲ့သည် ဆိုသော ဂျီအိပ်ခ်ျလုစ်နှင့် ချားနူဂွိုင်ဆယ် တို့၏ ပြောကြားချက် မှန်ရဲ့လား ? (ခ) ၎င်းတို့ ၂ဦးအနေဖြင့် မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာစတင်ရောက်ရှိသည့်အချိန်ကို ပြောဖို့ရန် သုတေသန လုံလောက်စွာ လုပ်ခဲ့ပါသလား ? (ဂ) ၎င်းတို့ခေတ်(ကိုလိုနီခေတ်) မြန်မာနိုင်ငံတွင် တွေ့ရှိပြီးဖြစ်သော ခေတ်ပြိုင်အထောက်အထားများကို စုံစုံလင်လင် ပြောဆိုခဲ့ပါသလား ? (ဃ) မြန်မာနိုင်ငံတွင် ရှိနေသော ဗုဒ္ဓသာသနာဆိုင်ရာ ခေတ်ပြိုင်အထောက်အထားများကို မချွင်းမချန် စုံစုံလင်လင်ဖော်ပြခြင်းမပြုပဲ ပြောသော မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာသမိုင်း မှန်ကန်နိုင်ပါ့မလား? (င) ဘာကြောင့် သူတို့သည် မြန်မာနိုင်ငံတွင် ရှိနေ တွေ့မြင်နေရသော ဗုဒ္ဓသာသနာဆိုင်ရာ ခေတ်ပြိုင်အထောက်အထားများကို စုံလင်စွာ မဖော်ပြခဲ့သည်မှာ မည်သည့် သဘောနည်း ? ၂။ မြန်မာနိုင်ငံတွင် မည်သည့်အချိန်ကစ၍ လူသားသမိုင်းစတင်ခဲ့ပါသနည်း ? ၃။ ဗုဒ္ဓ-အသောက ခေတ်ပြိုင် မြန်မာနိုင်ငံတွင် လူသားသမိုင်းအရ မည်သည့် လူသားခေတ်နေ လူနေဒေသများထွန်းကားခဲ့ပါသနည်း ? ၄။ ထိုလူနေဒေသများတွင် မည်သည့်လူမျိုး ယဉ်ကျေးမှုအထောက်အထားများ တွေ့မြင်ရသနည်း ? ၅။ မြန်မာနိုင်ငံတည်နေရာသည် ဂေါတမမြတ်စွာဘုရားတရားဟောသာသနာပြုရန် ဒေထစာရီကြွချီသော ခရီးအကွာအဝေးအတွင်းမှာ ပါဝင်တည်ရှိပါသလော ? ၆။ မြန်မာနိုင်ငံသို့ ဗုဒ္ဓခေတ်-အသောကခေတ် သာသနာရောက်ကြောင်း အထောက်အထားများ ရှိပါသလား ? ၇။ အနော်ရထာမင်းမတိုင်ခင် မြန်မာပြည်မပုဂံဒေသကြီး၌ထေရ၀ါဒဗုဒ္ဓသာသနာမရှိဟူသော ရာဇ၀င်စကား မှန်ကန်ရဲ့လား ? ၈။ ပုဂံသရေခေတ္တရာပြည်က ထေရ၀ါဒဗုဒ္ဓသာသနာ ရရှိခြင်းဖြစ်ကြောင်း အထောက်အထားများ ရှိသလော။(သို့မဟုတ်) ပုဂံမှာ ဒွါရာဝတီ၊ သထုံနှင့် ကျောက်ဆည်မွန်တို့ထံက ထေရ၀ါဒဗုဒ္ဓသာသနာ ရရှိခြင်းဟူသောအထောက်အထားများ ရှိပါသလား ? ၉။ ပထမမြန်မာနိုင်ငံသည် သရေခေတ္တရာလော ? ပုဂံလော ? ၁၀။ ပထမမြန်မာနိုင်ငံတွင် မည်သည့်သာသနာ ထွန်းကားခဲ့ပါသနည်း ? မေးခွန်း (၁-က) မှ (င)အထိ သက်ဆိုင်ရာအဖြေများကိုပေါင်းစု၍ ဖြေဆိုကြည့်ပါမည်။ -------------------------------------------------------- မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာသည် အေဒီ ၄ ရာစု ရှင်မဟာဗုဒ္ဓဃောသ ခေတ်မှ မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသနှင့် အနောက်ဘက်ကမ်းရိုးတန်းဒေသများကို စတင်ရောက်ရှိကြောင်း၊ သို့တိုင်အောင် ကုန်းတွင်းပိုင်း မြန်မာပြည်မ (အညာ)သို့ ဗုဒ္ဓသာသနာမရောက်ရှိသေးဟု ဆိုခဲ့ကြသော ဂျီအိပ်ခ်ျလုစ် နှင့် ချားနူဂွိုင်ဆယ်လ် တို့ ပြောကြားချက်များ မမှန်ကန်ပါ။ သူတို့နှစ်ဦးအနေဖြင့် မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာ စတင်ရောက်ရှိသည့်အချိန်ကို ပြောနိုင်ဖို့ရန် ဗုဒ္ဓသာသနာသမိုင်းသုတေသန လုံလောက်စွာ လုပ်ခဲ့သည်ဟူသော သုတေသနလုပ်ငန်း မပြနိုင်ခဲ့ပါ။ မြန်မာနိုင်ငံ ဗုဒ္ဓသာသနာသမိုင်းစတင်ရောက်ရှိသည့်အချိန်နှင့်ပက်သက်၍ သူတို့နှစ်ဦး၏ သုတေသနစာတမ်း မတွေ့မြင်ရပါ။ အခြားသောစာတမ်းများရေးစဉ် အနည်းငယ် ကြားညှပ်ရေးခြင်းမျိုးသာ တွေ့ရပါသည်။ ၎င်းတို့ခေတ်(ကိုလိုနီခေတ်) မြန်မာနိုင်ငံတွင် တွေ့ရှိပြီးဖြစ်သော ဗုဒ္ဓသာသနာဆိုင်ရာ ခေတ်ပြိုင်အထောက် အထားအချို့ကို ပြည့်စုံစွာပင် ဖော်ပြပြောဆိုခြင်း မပြုခဲ့ပါ။ ယင်း ဗုဒ္ဓဘာသာအထောက်အထားတို့မှာ သရေ ခေတ္တရာမြို့ဟောင်း၊ ဟန်လင်းမြို့ဟောင်းနှင့် ဓည၀တီမြို့ဟောင်းတို့တွင် တွေ့ရှိပြီးဖြစ်သော ဘီစီ ၆ ရာစု- ၃ရာစု ဗြဟ္မီအက္ခရာစာ အရေးအသားများဖြစ်သည်။(နောက်ပိုင်းတွင် အကျယ်ဖော်ပြပါမည်) မြန်မာနိုင်ငံတွင်၎င်းတို့ခေတ်၌ တွေ့ရှိထားပြီးဖြစ်သောဘီစီ ၆ရာစု-၃ ရာစု ဗြဟ္မီအက္ခရာ စာအရေးအသား အထောက်အထားများကို ပြည့်စုံ စုံလင်စွာဖော်ပြခြင်းမပြုပဲ ၎င်းတို့နှစ်ဦး ပြောခဲ့သော မြန်မာနိုင်ငံဗုဒ္ဓသာသ နာသမိုင်းသည် အမှန်ကိုဖော်ပြနိုင်စွမ်းမရှိပဲ မှားယွင်းနေကြောင်းတွေ့မြင်ရပါသည်။ အဘယ့်ကြောင့် ၎င်းတို့နှစ်ဦးသည် မြန်မာနိုင်ငံတွေ့ဗုဒ္ဓ-အသောကခေတ် ဗုဒ္ဓသာသနာ ရောက်ကြောင်း အထောက်အထားများဖြစ်သော ဘီစီ ၆ရာစု-၃ ရာစုဗြဟ္မီအက္ခရာ စာအရေးအသား အထောက်အထား များကို ဖော်ပြသုံသပ်ပြောဆိုခြင်းမပြုခဲ့ပါသနည်း။အဘယ်သို့သော စိတ်နေသဘောထားပါနည်း။ သ မိုင်းပညာ ရှေးဟောင်းသုတေသန အနုပညာများတွင် ခေတ်ပြိုင်အထောက်အထားများသည် အဓိ ကကျ အရေးကြီးလှကြောင်း သူတို့မသိဟုဆိုလျှင်မည်သို့ယုံရမည်နည်း။ “ခေတ်ပြိုင်အထောက်အထားကို အလေးထားရမည်။ ခေတ်ပြိုင်အထောက်အထားအပေါ် သစ္စာရှိရမည်။ ခေတ်ပြိုင်အထောက်အထား တွေ့ရှိသည့်အတိုင်း မှန်ကန်စွာပြောရမည်” ဟု ဆရာကြီး ဒေါက်တာ သန်းထွန်း (အရေးကြီးသဖြင့်) ပြောလေ့ရေးလေ့ရှိပါသည်။ လုစ်နှင့် ဒူဂွိုင်ဆယ်လ် တို့ နှစ်ဦးသည် ခေတ်ပြိုင်အထောက်အထားပေါ် အဘယ့်ကြောင့်သစ္စာမရှိခဲ့ကြသနည်း။ မည်သို့သော သဘောနည်း။ ဗြိတိန်ကျွန်းအပါအ၀င် အနောက်ဥရောပနိုင်ငံအချို့မှလူများသည် အေဒီ (၂)ရာစုအထိ မိမိနယ်မြေအတွင်း ၀င်ရောက်လာသော သူစိမ်းတို့ကို ၀ိုင်းဝန်းဖမ်းဆီးပြီးဝက်သစ်ချပင်ကြီးရှေ့ ကျောက်တုံးကြီးပေါ်တင်ကာ ခေါင်းဖြတ်သတ်ဖြတ်နေဆဲပင်ဖြစ်သည်။ယင်းနှင့်ကွဲပြားစွာ ရှေးဟောင်းခေတ် မြန်မာနိုင်ငံမှ မြန်မာတို့သည် ဘီစီ ၆ရာစု-၃ ရာစု ကာလတည်းက ဗုဒ္ဓဘာသာဝင်များဖြစ်ကာ စေတီပုထိုး၊ တရားဓမ္မတို့ဖြင့် လူယဉ်ကျေးများဖြစ်နေပြီဆိုသော *ယဉ်ကျေးမှုသမိုင်း စောလှခြင်း အကြောင်းကို သူတို့ မနာလိုဝန်တိုခဲ့ကြသလော* ထိုသို့ မနာလို၍ မဟုတ်ပါဆိုလျှင် ကိုလိုနီနိုင်ငံရေးအရ အကျိုးအမြတ်ထုတ်ရန် (ဘီစီခေတ်)ဗုဒ္ဓ-အသောကခေတ်မှဗုဒ္ဓသာသနာမှတ်တမ်းများကို ဗုဒ္ဓဘာသာဝင်ပြည်သူများအထင်လွဲ အထင်သေးကာ ယုံကြည်လေးစားမှု တစ်ဖြည်းဖြည်းလျော့ပါးလျှက် ပညာတတ်လူငယ် မျိုးဆက်သစ်များ ကြားတွင် ဗုဒ္ဓဘာသာကို ကိုင်းရှိုင်းမှုယုတ်လျော့ကာ ဗုဒ္ဓဘာသာတိမ်ကောရန်၊ သူတို့ဘာသာသို့ သိမ်းသွင်းတပည့်ခံစေရန် ဗုဒ္ဓ-အသောကခေတ် ဘီစီ ၆ရာစု-၃ ရာစု ဗြဟ္မီအက္ခရာ အထောက်အထားများကို သမိုင်းအဓိပ္ပယ်မဖွင့်ပြောကြခြင်းလော။ (ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment