Tuesday, November 11, 2014

အိုဘားမားလာလို့ အမေစု ကို မှာချင်တယ်…


၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင် အမေရိကန်သမ္မတဘား ရက်အိုဘားမားသည် အရှေ့ အာရှနှင့် ပစိဖိတ်ဒေသစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့(အေ ပက်)ဖိုရမ်ကို တက်ရောက်ပြီး ချစ်ကြည်ရေးအလည်အပတ် ခရီးဆက်ရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ရောက်ရှိမည်ဖြစ် သည်။ သမ္မတအိုဘားမားသည် နိုဝင်ဘာ ၁၂ ရက်တွင် ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံ
နေ ပြည်တော်သို့ ရောက်ရှိမည်ဖြစ်ပြီး အမေရိကန်-အာဆီယံထိပ်သီး အစည်းအဝေးကို တက်ရောက် မည် ဖြစ်သည်။ အမေရိကန် သမ္မတသည် နိုဝင်ဘာ ၁၂ ရက်မှ ၁၄ ရက်အထိ မြန်မာနိုင်ငံ ခရီး စဉ်အတွင်း မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲနှင့် စပ်လျဉ်း၍ သမ္မတဦးသိန်းစိန်၊ ပြည်ထောင် စုလွှတ်တော် နာယကသူရဦးရွှေ မန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးခင်အောင်မြင့်၊ ပြည် ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်ဥက္ကဋ္ဌဦးတင်အေး၊ အမေစု၊ တိုင်းရင်းသား ခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး
ခေါင်းဆောင်များနှင့် တွေ့ဆုံ၊ အမြင်ချင်းဖလှယ် ဆွေးနွေးမည်ဟုသိရသည်။ထိုအချိန်တွင် အမေစုအား အနေအထိုင်ဆင်ခြင်နေ ပေးပါရန် မေတ္တာရပ်ခံလိုပါသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၉၊ ရက်နေ့တွင် အမေရိကန် သမ္မတ ဘားရက် အိုဘားမား မြန်မာနိုင်ငံသို့ ပထမ
ဆုံးအကြိမ်လာရောက်လာပတ်ခဲ့စဉ်တွင် စတိတ်စင်တွင် အမေစု နှင့် အိုဘားမား၏ နမ်းရှုံ့နေမှု
များမှာ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ နှင့် မညီသကဲ့သို့ ကျွန်မတို့မိန်းမသားများအနေဖြင့်လည်း များစွာရှက်ရွံ့မိပါသည်။ ထို့အတူ လူထုခေါင်းဆောင် ဟူသည့်နာမ ၀ိသေသနကိုယူထားသည်နှင့်အညီ လူထုကိုခေါင်းဆောင်ကာ ကောင်းရာ ကောင်းကျိုးသာ လမ်းညွှန်ပြသင့်သည်။ထိုကဲ့သို့“ဟိရိသြတပ္ပ” တရားဟူသည့် လောကပါလတရားလည်းမညီညွတ် သည့် အပြုအမူမျိုးအား ငယ်ရွယ်သည့်အမျိုးသမီး၊ မိန်းကလေးများအတုယူမမှားရန်ရှေ့ဆောင်လမ်းပြမလုပ်သင့်။ လူဘုံအလယ်တွင် ဖက်ယက်နမ်းရှုံ့နေခြင်း
သည်လည်း မြန်မာ့ယဉ်ကျေးမှုမဟုတ်ပေ။ထို့ကြောင့် မြန်မာ့လူထုခေါင်း ဆောင်ဟု မိမိဖာသာ ခံယူထားလျှင်ဖြစ်စေ၊ ယူဆသည်ဖြစ်စေ မြန်မာယဉ်ကျေးမှုအားအထူးဂရုပြုစေလိုပါသည်။

ထိုအချိန်အခါက အမေစု ရဲ့အကြောင်းပြချက်တွေအရ နိုင်ငံတကာဆက်ဆံရေးအရဟု ဆိုသေးသည်။သို့
သော် ထိုအကြောင်းပြချက်မှာ မခိုင်လုံလှပါ။နိုင်ငံတကာဆက်ဆံရေးအရဟုဆိုလျှင် အိုဘားမားသည်
မြန်မာနိုင်ငံကိုလာသူဖြစ်သည်။မြန်မာယဉ်ကျေးမှု မြန်မာထုံးတမ်းဓလေ့အားအိုဘားမားကအလေးထားရမည်
သာဖြစ်သည်။မိမိတို့အိမ်ရှင်အနေဖြင့် မြန်မာယဉ်ကျေးမှုသွေဖီကာ မျက်စိစပါးမွှေးစူုးသည့်
အပြုအမူများလုပ်နေရန်မလို။အမေစု အနေဖြင့် မိမိသည် အမေရိကန် သမ္မတနဲ့ ဘယ်လိုနေထိုင်ကြောင်း၊
ဘယ်လောက် ဖက်လည်းတ ကင်း ရှိကြောင်း၊ ဘယ်လိုပိုင်ကြောင်းပြလိုလျှင် မြန်မာနိုင်ငံအတွက် တိုးတက်မှုများ၊ နည်းပညာအထောက်အပံ့ များကို ရယူပေးခြင်းဖြင့် ပြသနိုင်ပါသည်။
ထိုသို့အတုယူမှားစေမည့် မြန်မာယဉ်ကျေးမှုနှင့် မအပ်စပ်သော အပြု အမူမျိုးအား လူထုဗိုလ်ပါ ပရိသတ်ရှေ့တွင် ပို၍ ရှောင်ရှားသင့်သည်။နှစ်ယောက်ထဲတွေ့ချိန် ထိုထက်မကသော သံယောဇဉ်ကိုပြသလည်း ကိစ္စမရှိပေ။စင်မြင့်တွင်တော့ရှောင်ကျဉ်သင့်သည်။ဤသို့ပြောရခြင်းမှာ
နုနယ်သေးသော အမျိုးသမီးငယ်များ၊ မိန်းမသားများစိတ်ထဲတွင် အမှတ်မမှားစေရန်ဖြစ်သည်။

အိုဘားမားသည် အမေစုနှင့်တွေ့သည်သာ မဟုတ်။အမေရိကန် နိုင်ငံအတွက် အမျိုးသားအကျိုးစီးပွားရနိုင်
မည့် နိုင်ငံများနှင့်လည်းတွေ့ဆုံခဲ့သည်သာဖြစ်သည်။သို့သော် အခြားနိုင်ငံများတွင်ထိုနိုင်ငံ၏ယဉ်ကျေးမှု့
ဓလေ့စရိုက် အတိုင်းပြုမူနေထိုင်သည်သာတွေ့ရသည်။ဥပမာဆိုရလျှင် ထိုင်နိုင်ငံဝန်ကြီးချုပ်ဟောင်း ယင်လတ်ရှင်နာဝပ် နှင့်တွေ့ ဆုံစဉ်ကထိုသို့ နမ်းရှုံ့မှုမျိုးမရှိခဲ့။အဘယ်ကြောင့်နည်း အဖြေကရှင်းသည်။အနမ်းခံချင်သူကို နမ်းမည်သာဖြစ်သည်။ အနမ်းမခံချင်သူအား နမ်း၍ ရမည်မဟုတ်ပါ။ထို့ကြောင့် ယခုမြန်မာနိုင်ငံသို့ အမေရိကန်သမ္မတအိုဘားမားလာသည့် အချိန်တွင် အမေစုအနေဖြင့် အနေအထိုင်ဆင်ခြင်ရန်မေတ္တာရပ်ခံလိုပါသည်။ကျွန်မတို့ကသမီးရှင်မို့ရှက်ပါသည်။

မခင်သော်

www.mohnyinnews.blogspot.com

No comments:

Post a Comment