သနပ်ခါး၏ အရသာမှာ အေး၊ ချို၊ ခါး၊ ဖန် ဖြစ်သည်။ ငန်း၊ မန်းကိုနိုင်သော သတ္တိရှိသည်။ အခိုးအာကာသကို ရစေ၏။ စိတ်နှလုံးကို ကြည်လင်စေ၏။ အသားအရေကို နူးညံ့စေ၏။ အပူအအေး မျှ၏။ အပူရှိန်လွန်ကဲသော ဓာတ်သဘာဝကို သနပ်ခါးက ပြောင်းလဲစေ၏။ အေးမြကြည်လင်သော ဓာတ်သဘောကိုလည်း ဖန်တီး ပေးနိုင်သည်။ ၀က်ရူးပြန်ရောဂါ၊ ငှက်ဖျားရောဂါနှင့် အနာပေါက်ရောဂါတို့ကို အဓိက အသုံးပြုသည်။
အမျိုးသမီးများနှင့် သနပ်ခါး
အမျိုးသမီး မီးယပ်ရောဂါများတွင် သနပ်ခါးမြစ်ကို နနွင်းမြစ်ဖြင့်သွေး၍ လိမ်းပေးပါက မီးယပ်ရောဂါသည်များ သွေးသားမှန်ကန်စေ၏။
အမျိုးသမီးများ မီးယပ်ဖြူဆင်းပြီး ကြက်ကိုယ်ကဲ့သို့ အမြဲပူနွေးနေလျှင် သနပ်ခါးကို ကံ့ကော်ဝတ်ဆံနှင့်သွေး၍ သကြားအနည်းငယ် ထည့်တိုက်ကျွေးနိုင်ပြီး တစ်ကိုယ်လုံး သနပ်ခါးကျဲကျဲ လိမ်းပေးနိုင်သည်။ အပူများသော နေရာများတွင် ခြောက်လျှင် ထပ်ကာထပ်ကာ လိမ်း၍ပေးခြင်းဖြင့် ပျောက်ကင်းသွားနိုင်သည်။
သနပ်ခါးစစ်စစ်ကို နေ့စဉ်မှန်မှန် သွေး၍လိမ်းပေးခြင်းအားဖြင့် အမျိုးသမီးများတွင် ဖြစ်တတ်သော ၀က်ခြံ၊ တင်းတိပ်နှင့် မှဲ့ခြောက်ပေါက်ခြင်းမှ ကင်းဝေးစေတတ်ပါသည်။
အမျိုးသမီးများမှာ အချိန်အရွယ်ရောက်သောအခါ လစဉ်ပန်းပြရလေသည်။ ထိုသဘောကို ဆေးကျမ်းဆရာ တို့က သန္ဓေအောင်မြင်၍ လျှောကျသည်ဟု ယူဆ၍ သွေးမစင်သော် ပန်းကျန်ပြီးလျှင် ရောဂါဖြစ်တတ်သည်ဟု ယူဆကြသည်။ ထို့ကြောင့် အမျိုးသမီးများသည် ပန်းပြပြီးတိုင်း ရေချိုးခေါင်းလျှော်ပြီးလျှင် သနပ်ခါးကိုသွေး၍ ခြေဆုံးခေါင်းဆုံး တစ်ကိုလုံး လိမ်းကြရသည်။ ထိုသို့လိမ်းခြင်းဖြင့် ပန်းမကျနိုင်ဘဲ သန့်စင်းစင်ကြယ်စေသည်။ သနပ်ခါးကို တစ်ကိုယ်လုံးသွေး၍ လိမ်းချေသော် ကိုယ်နံ့ကောင်းသည်သာမက ကိုယ်တွင်း၌ မကောင်းသော သွေးသားများကို သန့်ရှ်းစင်ကြယ်စေ၍ သွေးတို့နှင့်ပတ်သတ်သော သက်တန့်နာ၊ အကျိတ်နာတို့ကို တားမြစ် နိုင်ရုံသာမက အမျိုးသမီးများ သွေးသားမှန်ပြီးလျှင် သားအိမ်ရောဂါမဖြစ်နိုင်ဟု အယူရှိခဲ့ကြလေသည်။
(မှတ်ချက်။ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော တိုင်းရင်းဆေးပညာ မဂ္ဂဇင်း အမှတ်(၁၈)အာကာစိုး(ထီးချိုင့်) ရေးသားသော ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။)
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ကျွန်တော်များမိုးညှင်းသတင်းအဖွဲ့မှ
မကြာမီမှာ apk ဘားရှင်းအသစ် 3.0 ထွက်ရှိပါတော့မည်
www.mohnyinnews.blogspot.com
No comments:
Post a Comment