ချန်ပီယံလိဂ် (၁၆)သင်းအဆင့်ပွဲစဉ်များ မဲခွဲ
ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပွဲစဉ်များကို ဒီဇင်ဘာ ၁၅ ရက်နံနက်ပိုင်းက မဲခွဲဆုံးဖြတ်လိုက်ပြီဖြစ်သည်။ ထိုသို့ မဲခွဲဆုံးဖြတ်ခဲ့ရာတွင် မန်စီးတီးအသင်းသည် စပိန်ကလပ် ဘာစီလိုနာအသင်းနှင့်လည်းကောင်း၊ ချယ်လ်ဆီးအသင်း သည် ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းနှင့် လည်း ကောင်း၊ အာဆင်နယ်အသင်းသည် ပြင်သစ်ကလပ် မိုနာကိုအသင်းနှင့်လည်းကောင်း၊ အက်သလက်တီကို မက်ဒရစ်အသင်းသည် လေဗာကူဆင်အသင်းနှင့်လည်း ကောင်း၊ ဂျူဗင်တပ်အသင်းသည် ဒေါ့မွန်အသင်းနှင့်လည်း ကောင်း၊ ရီးယဲလ်မက်ဒရစ်အသင်းသည် ရှော်လ်ကေး အသင်းနှင့်လည်းကောင်း၊ ဘိုင်ယန်မြူးနစ်အသင်းသည် ရှက်ခ်တာဒိုးနက်စ်ခ်အသင်းနှင့်လည်းကောင်း၊ ဘေဆယ် အသင်းသည် ပေါ်တိုအသင်းနှင့်လည်းကောင်း အသီးသီး တွေ့ဆုံနေကြောင်းသိရသည်။
ချန်ပီယံလိဂ်(၁၆)သင်းအဆင့်ပွဲစဉ်များကို မဲခွဲဆုံးဖြတ် ခဲ့ပြီးနောက် ပရီမီယာလိဂ်အသင်းများထဲတွင် အာဆင်နယ် အသင်းသည် မိုနာကိုအသင်းနှင့် ထိပ်တိုက်ဆုံတွေ့နေ ခြင်းကြောင့် နောက်တစ်ဆင့်တက်လှမ်းနိုင်မည့် အခွင့်အရေး ပိုင်ဆိုင်ရဖွယ်ရှိနေပြီး ပရီမီယာလိဂ်ချန်ပီယံ မန်စီးတီး အသင်းမှာမူ နောက်တစ်ဆင့်တက်လှမ်းနိုင်ရန် ဘာစီလိုနာ အသင်းကိုအနိုင်ရရှိအောင် ကစားရမည်ဖြစ်၍ မန်စီးတီး အသင်း၏ ချန်ပီယံလိဂ်ဆက်လက်အသက်ရှင်ရေးမှာ မှေးမှိန်နေသည်ဟု ဆိုရမည်ဖြစ်သည်။
ချယ်လ်ဆီးအသင်းမှာမူ ပြင်သစ်ကလပ်ပီအက်စ်ဂျီ အသင်းနှင့် ထိပ်တိုက်တွေ့ဆုံနေခြင်းကြောင့် ပရီမီယာ လိဂ် အမှတ်ပေးဇယားထိပ်ကအသင်းနှင့် ပြင်သစ်ပထမတန်းအမှတ်ပေးဇယားထိပ်ကအသင်းတို့ ဆုံတွေ့နေသည် မှာ စိတ်ဝင်စားဖွယ်ကောင်းနေပြီး ချယ်လ်ဆီးအသင်း အနေဖြင့် ပီအက်စ်ဂျီအသင်းကို အကြိတ်အနယ်ကစားရ မည့် အနေအထားတွင် ရှိနေသည်။
လက်ရှိချန်ပီယံလိဂ် ချန်ပီယံ ရီးယဲလ်မက်ဒရစ်မှာ ရှော်လ်ကေးအသင်းနှင့် ဆုံတွေ့ခဲ့ခြင်းကြောင့် ကွာတား တက်မည့်အနေအထားတစ်ရပ်ကို ပိုင်ဆိုင်နေသည့်အပြင် ဘိုင်ယန်မြူးနစ်အသင်းသည်လည်း ရှက်ခ်တာဒိုးနက်စ်ခ် အသင်းနှင့်တွေ့ဆုံခဲ့ခြင်းကြောင့် နောက်တစ်ဆင့်အတွက် မျှော်လင့်ချက်ရှိနေသည်။
ဂျူဗင်တပ်အသင်းမှာမူ ဂျာမန်ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းနှင့် ထိပ်တိုက်ဆုံတွေ့ခဲ့ခြင်းကြောင့် ဒေါ့မွန် မှာ ပြည်တွင်းအမှတ်ပေးပြိုင်ပွဲတွင် အဆင့်လေးဝင်ရေး ကြိုးပမ်းနေရသည့်အသင်းဖြစ်သည့်အတွက် အီတလီ စီးရီးအေ၏ ထိပ်တန်းအဆင့်ရှိ အသင်းတစ်သင်းပီပီ ဒေါ့မွန်အသင်းကို ကျော်ဖြတ်နိုင်ရန် ကြိုးပမ်းလာမည့် အနေအထားတွင်ရှိနေပြီး ဒေါ့မွန်သည်လည်း ချန်ပီယံလိဂ် အတွေ့အကြုံရင့်ကျက်သည့်အသင်းဖြစ်၍ စိတ်ဝင်စား ဖွယ် အသင်းနှစ်သင်းဆုံတွေ့နေခြင်းဟု ဆိုရမည်ဖြစ် သည်။
အက်သလက်တီကိုမက်ဒရစ်မှာ လေဗာကူဆင်နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သော်လည်း ပြီးခဲ့သည့်နှစ်က လွဲခဲ့ရသည့် ချန်ပီယံဆုဖလားအတွက် အကောင်းဆုံးရလဒ် ထွက်ပေါ်အောင် ယှဉ်ပြိုင်ကစားနိုင်မည်လားဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေသည်။ ဆွစ်ဇာလန်ကလပ် ဘေဆယ်နှင့် ပေါ်တူဂီကလပ်ပေါ်တိုတို့ဆုံတွေ့မှုသည် လည်း ပြိုင်ဆိုင်မှုပြင်းထန်မည့်အနေအထားတွင် ရှိနေသည်။
ချန်ပီယံလိဂ်(၁၆)သင်းအဆင့်ကို ခြုံငုံသုံးသပ်ပါက အာဆင်နယ်၊ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာနှင့် ရီးယဲလ် မက်ဒရစ်တို့မှာ ကွာတားတက်မည့်အခွင့်အရေးပိုင်ဆိုင်ထားသည့်အသင်းများဟု သုံးသပ်နိုင်ပြီး ချယ်လ်ဆီး၊ မန်စီးတီး၊ အက်သလက်တီကို၊ ဂျူဗင်တပ်နှင့် မိုနာကိုတို့မှာ နောက်တစ်ဆင့် တက်လှမ်းနိုင်ရေးအတွက် ရုန်းကန်ရ ဖွယ်ရှိနေသည်ဟု ဆိုရမည်ဖြစ်သည်။
(ငွေကြယ်)

မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများအတွက် အထူးသတင်းကောင်း ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း apkgmailလိပ်စာအသစ်သို့ပို့ခဲ့ပါ gmailလိပ်စာအသစ် mohnyinnews@gmail.com ပါ ယခု gmailအသစ်က မိုးညှင်းသတင်းapkနှင့်Automatic ဆက်သွယ်ထားသည့်အတွက် ညီအကိုမောင်နှမများပေးပို့ခဲ့ပါက မိုးညှင်းသတင်းapkမှာပို့ပြီး ၃နာရီအတွင်းAutomatic မြင်တွေ့ရမှာဖြစ်ပါတယ် gmailအသစ်ကapk ထဲကိုAutomatic ရောက်ရှိတဲ့အတွက်ကြော်ငြာများ မပေးပို့ကြပါရန်အထူး မေတ္တာရပ်ခံပါသည် ကြော်ငြာများပေးပို့ပါက အာက်ပါgmailသို့ ပေးပို့ကြပါရန် mohnyinnewsnow@gmail.com
No comments:
Post a Comment