ဆက်တိုက်နွှဲကြမယ့် ချန်ပီယံရှစ်ပွဲစဉ်
=======================
ချန်ပီယံရှစ်ပွဲစဉ်(၂၄)ကို ဒီဇင် ဘာ ၂၈ ရက်မှာ ဆက်လက်ယှဉ်ပြိုင် ကစားမှာမို့ ပွဲတွေကတော့ ဆက်တိုက် ဆင်နွှဲနေရပြီဖြစ်ပါတယ်။ အကြိတ် အနယ်ရှိမယ့် ဒီပွဲစဉ်မှာတော့ ပွဲကောင်းတွေ အများအပြားပါဝင် နေပြီး အမှတ်ရသမျှအပြိုင်အဆိုင် စုဆောင်းကြမှာမို့ ပရိသတ်တွေ အတွက်တော့ စိတ်တိုင်းကျအားပေး ခွင့်ရဦးမှာ ဖြစ်ပါတယ်။
ဘလက်ဘန်းနှင့် မစ်ဒယ်ဘရော့
ပထမအကျော့မှာ တစ်ဂိုးစီသရေ ပွဲဖြစ်ထားတဲ့အတွက် ဒီပွဲမှာတော့ အမှတ်ပြည့်သိမ်းပိုက်နိုင်ရေး အား ထုတ်ကြတော့မှာ ဖြစ်ပါတယ်။ ဘလက်ဘန်းကွင်းမှာကစားတိုင်း မစ် ဒယ်ဘရော့တို့ ရှုံးပွဲကြုံတာနည်းပါ တယ်။ ဘလက်ဘန်းတို့ကတော့ အခု အချိန်မှာကစားအားကောင်းလာတာ မို့ မစ်ဒယ်ဘရော့တို့ တစ်မှတ်ရဖို့ တောင် အားစိုက်ရမယ့်အနေအထား ရှိလာနိုင်ပါတယ်။
ဘလက်ပူးလ်နှင့် ရိုသာဟမ်
ခံစစ်ပိုင်း အားနည်းနေတဲ့ ဘလက်ပူးလ်အတွက် ဒီပွဲဟာ ပွဲကျပ် အဖြစ်ကစားရမယ့်ကိန်းပါပဲ။ ရိုသာ ဟမ်အတွက် တန်းဆင်းဇုန်က ကင်း ဝေးအောင် အားထုတ်ရမယ့် အနေ အထားမို့ အဝေးကွင်းဆိုပေမယ့် ရလဒ်ကောင်းအောင် ပုံဖော်ပါလိမ့် မယ်။ ဘလက်ပူးလ်တို့ကလည်း ခံစစ် ပိုင်းပြင်ဆင်နိုင်ခဲ့ရင် သရေတစ်မှတ် တော့ ရနိုင်တဲ့ပွဲပါ။
ကာဒစ်နှင့် ဝက်ဖို့ဒ်
အဝေးကွင်းမှာ နိုင်ပွဲတွေ ရနေတဲ့ ဝက်ဖို့ဒ်ကို ကာဒစ်တို့ ခုခံကာကွယ်ရမယ့် အနေအထား ပါပဲ။ ကာဒစ်ရဲ့ အိမ်ကွင်းအားထုတ် မှုက သာမန်အဆင့်သာရှိပေမယ့် ဝက်ဖို့ဒ်ကို အခွင့်အရေးပေးမှာ မဟုတ်ပါဘူး။ ပထမအကျော့မှာ ကာဒစ်တို့နိုင်ပွဲရထားတာမို့ ဒီပွဲ မှာလည်း အိမ်ရှင်တို့ပဲ မျက်နှာပန်း လှနိုင်ပါတယ်။
ဒါဘီနှင့် လိဒ်ယူနိုက်တက်
ပထမအကျော့မှာ လိဒ်တို့နှစ်ဂိုး ပြတ်နဲ့နိုင်ပွဲရထားတာမို့ အခုပွဲမှာ ဒါဘီတို့အလှည့်လို့သတ်မှတ်ရမယ့် အနေအထားပါပဲ။ ဒါဘီဟာအိမ်ကွင်း အားထုတ်မှုကောင်းတာမို့ လိဒ်တို့ ထင်သလောက်လွယ်မှာ မဟုတ်ပါ ဘူး။ အဝေးကွင်းမှာ ခြေစွမ်းကျဆင်း တတ်တဲ့ လိဒ်တို့ ဒီပွဲမှာအမှတ်ရဖို့ ခက်ခဲပါလိမ့်မယ်။
ဟက်ဒါဖီးလ်နှင့် ဘော်လ်တန်
ဘော်လ်တန်တို့ ပထမအကျော့ အိမ်ကွင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ နိုင်ပွဲ ရထားသလို အခုပွဲအဝေးကွင်းမှာ လည်း အနိုင်ရအောင်အားထုတ်ပါ လိမ့်မယ်။ ဟက်ဒါဖီးလ်တို့ဟာ ဘော်လ်တန်နဲ့ဆုံတိုင်း ရလဒ် မကောင်းတတ်တာမို့ အခုပွဲမှာလည်း အဲဒီမှတ်တမ်းဆိုးကို ချေဖျက်ဖို့မလွယ် ပါဘူး။
အစ်ဆွစ်နှင့် ချာလ်တန်
ချာလ်တန်ရဲ့ အားထုတ်မှုက ကောင်းမွန်နေသလို အစ်ဆွစ်ရဲ့ ခြေ စွမ်းက ပုံစံကောင်းပြသနိုင်နေပါ တယ်။ ပထမအကျော့ချာလ်တန်ကွင်း မှာ အစ်ဆွစ်က တစ်ဂိုး-ဂိုးမရှိနဲ့ နိုင် ပွဲရထားတာမို့ အခုအိမ်ကွင်းမှာ အမှတ်ပြည့်ရယူဦးမှာ ဖြစ်ပါတယ်။
မီဝေါလ်နှင့် ဘုန်းမောက်
ပထမအကျော့မှာ နှစ်ဂိုးစီသရေ ပွဲဖြစ်ထားတာမို့ အခုပွဲမှာတော့ မီ ဝေါလ်တို့ပြတ်သားတဲ့ရလဒ်ကို ပုံ ဖော်ပါလိမ့်မယ်။ ရလဒ်တွေဆိုးရွား နေပေမယ့် အိမ်ကွင်းမှာ ခြေပေါ် အောင်ကစားတတ်တဲ့ မီဝေါလ်ဟာ အမှတ်ရအောင်တော့ ရယူဖို့ကြိုးစား ပါလိမ့်မယ်။
နော်တင်ဟမ်နှင့် ဘာမင်ဂမ်
အပြန်အလှန်အနိုင်ယူနေကြတဲ့ နှစ်သင်းမို့ ဒီပွဲလည်း အကြိတ်အနယ် နွှဲကြရမယ့်ပွဲဖြစ်ပါတယ်။ အိမ်ကွင်း မှာ ကစားအားကောင်းတဲ့ နော်တင် ဟမ်ကို ဒီပွဲမှာ ယုံကြည်မှုပေးရမှာ ဖြစ်ပါတယ်။
မိုးမြင့်လင်းလက်
မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများအတွက် အထူးသတင်းကောင်း ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း apkgmailလိပ်စာအသစ်သို့ပို့ခဲ့ပါ gmailလိပ်စာအသစ် mohnyinnews@gmail.com ပါ ယခု gmailအသစ်က မိုးညှင်းသတင်းapkနှင့်Automatic ဆက်သွယ်ထားသည့်အတွက် ညီအကိုမောင်နှမများပေးပို့ခဲ့ပါက မိုးညှင်းသတင်းapkမှာပို့ပြီး ၃နာရီအတွင်းAutomatic မြင်တွေ့ရမှာဖြစ်ပါတယ် gmailအသစ်ကapk ထဲကိုAutomatic ရောက်ရှိတဲ့အတွက်ကြော်ငြာများ မပေးပို့ကြပါရန်အထူး မေတ္တာရပ်ခံပါသည် ကြော်ငြာများပေးပို့ပါက အာက်ပါgmailသို့ ပေးပို့ကြပါရန် mohnyinnewsnow@gmail.com
No comments:
Post a Comment