MNL ၂ဝ၁၅ အမှတ်ပေး ဘောလုံးပြိုင်ပွဲကို ရုပ်သံလိုင်း တစ်လိုင်းမှ တိုက်ရိုက် ထုတ်လွှင့်နိုင်ရန် MFF စီစဉ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၄ မြန်မာနေ ရှင်နယ်လိဂ် ၂ဝ၁၅ အမှတ်ပေးပြိုင်ပွဲ ကို ရုပ်သံလိုင်းတစ်လိုင်းမှ တိုက်ရိုက် ထုတ်လွှင့်နိုင်ရန် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှစီစဉ်နေကြောင်း သိရသည်။ မြန်မာနေရှင်နယ်လိဂ်အမှတ် ပေး ဘောလုံးပြိုင်ပွဲကို တိုက်ရိုက် ထုတ်လွှင့်ရန် အတွက် ယခင်က တရား ဝင်စာချုပ် ချုပ်ဆိုထားသော ကုမ္ပ ဏီ၏ စာချုပ်သက်တမ်းမှာ ၂ဝ၁၄ တွင် ကုန်ဆုံးမည်ဖြစ်သဖြင့် လာ မည့်နှစ်တွင် တိုက်ရိုက်ထုတ်လွှင့်ပြသ နိုင်မည့် ရုပ်သံလိုင်းများနှင့် ဆွေးနွေး လျက်ရှိနေကြောင်း သိရသည်။ လက်ရှိအချိန်တွင် မြန်မာနိုင် ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် အ မေရိကန် အခြေစိုက် IMG ကုမ္ပဏီ နှင့် ဆွေးနွေးနေကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန် ရှိသူက ''လာမည့်မြန်မာနေရှင်နယ် လိဂ် အမှတ်ပေးပြိုင်ပွဲကိုလဲ ရုပ်သံ လိုင်း တစ်လိုင်းကနေ တိုက်ရိုက် ထုတ်လွှင့်နိုင်မှာပါ။ လက်ရှိမှာ ဘယ်လိုင်းကနေ ပြသနိုင်မယ်ဆို တာ IMG ကုမ္ပဏီနဲ့တရားဝင်စာ ချုပ်ချုပ်ဆိုပြီး ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ပေးသွားမှာဖြစ် ပါတယ်''ဟု ဆိုသည်။ မြန်မာနေရှင်နယ်လိဂ် အမှတ် ပေး ဘောလုံးပြိုင်ပွဲသည် ပြီးခဲ့သည့် ဘောလုံးရာသီမှစတင်ကာ အာရှ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်တွင် ပါဝင်ကစားနိုင်ရန် ချန်ပီယံဖြစ် သည့်အသင်းအနေဖြင့် (playoff)အဆင့် စတင်ကစားခွင့် ရရှိထားပြီး လိဂ်-၁ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ရမည့် ကလပ် အသင်းများအနေဖြင့် နိုင်ငံ ခြားသားနည်းပြများ၊ ကစားသမား များနှင့်ပြည်တွင်း ကစားသမားများကို အပြောင်းအရွှေ့ပြုလုပ်နေသည့်အ တွက် ယခုနှစ် ပြိုင်ပွဲသည် အကြိတ် အနယ်ဖြစ်လာဖွယ်ရှိနိုင်သည်ဟု ဘောလုံး အသိုင်းအဝိုင်းနှင့် နီးစပ် သူများက သုံးသပ်ပြောကြားလျက် ရှိနေသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နှင့် စပွန်ဆာစာချုပ်ချုပ်ဆိုရန် ၇၅ ရာခိုင်းနှုန်း သေချာနေသည့် IMG ကုမ္ပဏီသည် အားကစားနယ်ပယ် တွင် နာမည်ကျော်ကြားသည့် ကုမ္ပ ဏီတစ်ခုဖြစ်ပြီး အားကစားနှင့် ပတ် သက်သည့် အကြံဥာဏ်များပေးခြင်း၊ ပြိုင်ပွဲစီမံခန့်ခွဲမှုများ ပြုလုပ်ခြင်း၊ ကလပ်အသင်းများ လိုင်စင်ရရှိရေး အတွက် ဆောင်ရွက်ပေးခြင်း၊ စပွန် ဆာရရှိရေးအတွက် ဆောင်ရွက်ပေး ခြင်း၊ လက်မှတ်အစီအစဉ်များ၊ ကွင်း ထိန်းသိမ်း ဆောင်ရွက်မှုများအပြင် လိဂ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ပေးနိုင်သည့် အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း သိရသည်။ NTL - ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
No comments:
Post a Comment