Saturday, January 17, 2015

ကေအိုင်အေဖမ်းဆီးခံ ရဲတပ်ဖွဲ့ဝင်သုံးဦး ယနေ့လွတ်မည် ကေအိုင်အေဖမ်းဆီးခံ ရဲတပ်ဖွဲ့ဝင်သုံးဦး ယနေ့လွတ်မည်


ကေအိုင်အေဖမ်းဆီးခံ ရဲတပ်ဖွဲ့ဝင်သုံးဦး ယနေ့လွတ်မည်

Thursday, January 18, 2015

အစိုးရတပ်နှင့် ကေ အိုင်အေ ဖားကန့်ဒေသတွင် သုံး ရက်ဆက်၍ တိုက်ပွဲများပြင်းထန် စွာဖြစ်ပွားနေသော်လည်း ဖမ်းဆီး ထိန်းသိမ်းခံရသော ရဲတပ်ဖွဲ့ဝင် သုံးဦး ဇန်န၀ါရီ ၁၈ ရက်တွင် ပြန်လည်လွတ်မြောက်လာမည် ဖြစ်ကြောင်း သတင်းရရှိသည်။ကေအိုင်အို(ဗဟို)၏ အ ကြောင်းကြားချက်အရ မြစ်ကြီး နား အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့(PCG) မှ ဇန် န၀ါရီ ၁၈ ရက်တွင် ဖားကန့်ဒေသ ရှေ့တန်းသို့ သွားရောက်၍ ၎င်း တို့ကို ခေါ်ယူပြီး အစိုးရ တာ ၀န်ရှိသူများထံ အပ်နှံမည်ဖြစ် သည်။

‘‘PCG က ဟိုဘက်ကေ အိုင်အိုပြောကြားချက်အရ မနက် ဖြန် ဖားကန့်သွားပြီး ရဲတပ်ဖွဲ့ဝင် သုံးယောက်ကို ခေါ်ယူဖို့ရှိတယ် လို့တော့ သိရတယ်’’ဟု ကချင် ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူ တစ်ဦးကပြောသည်။

PCG သို့ဆက်သွယ်မေးမြန်း ခဲ့ရာ ဇန်န၀ါရီ ၁၇ ရက် ညနေ ၃ နာရီခွဲတွင် ကေအိုင်အိုဗဟို၏ အကြောင်းကြား အကူအညီ တောင်းခံချက်အရ ရဲတပ်ဖွဲ့ဝင် သုံးဦးကို သွားရောက်ခေါ်ယူ၍ အစိုးရထံ အပ်နှံသွားမည်ဖြစ် ကြောင်း ငြိမ်းချမ်းရေးအကျိုး ဆောင် ဦးလမိုင်ဂွန်ဂျာက ဆို သည်။ ဖားကန့်ဒေသ အောင်ဘာ လေကျေးရွာအနီးတွင်လည်း သုံး ရက်မြောက်အဖြစ် ဇန်န၀ါရီ ၁၈ ရက်က အစိုးရတပ်နှင့် ကေအိုင် အေတပ်ရင်း(၆)တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။

‘‘မနက် ၉နာရီက စဖြစ်တာ။ အခုအချိန်ထိပဲ’’ဟု ဦးလမိုင် ဂွန်ဂျာက ဇန်န၀ါရီ ၁၈ ရက်တွင်ပြောသည်။

တိုက်ပွဲများကြောင့် အောင် ဘာလေကျေးရွာအတွင်း ပိတ်မိ နေသော ကျောင်းသားများအပါ အ၀င် ဒေသခံတစ်ထောင်ခန့်ကို ဖားကန့်ဒေသရှိ ဗုဒ္ဓဘာသာ ဘုန်း တော်ကြီးများ၊ ဘာသာရေး၊ လူမှု ရေးအသင်းအဖွဲ့များက ဦးဆောင်၍ ကားအစီးတစ်ရာခန့်ဖြင့် ဇန်န ၀ါရီ ၁၈ ရက်က သွားရောက်ခေါ် ယူခဲ့သော်လည်း အစိုးရကခွင့်ပြုမပေးခဲ့ကြောင်း လိုက်ပါ သွားသူများကပြောသည်။ အစိုးရက တားမြစ်ခဲ့ခြင်းကြောင့် အောင်ဘာလေကျေးရွာသို့သွား ရောက်သည့် ဆန်ခါရွာတွင် ည အိပ်ရပ်နား၍ စောင့်ဆိုင်းနေ ရကြောင်း ဒေသခံများအား သွား ရောက်ခေါ်ယူရာတွင် ပါဝင်သည့် ကို မရန်ဂျာလကပြောသည်။

‘‘ကျွန်တော်တို့ကို မသွားခိုင်း ရင်လည်း တပ်က သူတို့(ဒေသခံ) ကို ခေါ်ပေး၊ ကျွန်တော်တို့ခေါ် သွားမယ်ဆိုလည်း သဘောမတူ ဘူး’’ဟု ၎င်းကဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လည်း PCG မှ ဇန်န၀ါရီ ၁၈ ရက် ဖားကန့်ဒေသသို့သွားရောက်ရာ တွင် ညှိနှိုင်းမှုများပြုလုပ်သွားမည် ဖြစ်သည်။

‘‘ရဲတပ်ဖွဲ့ဝင်တွေကို အပ်ပြီး ရင် အဲဒီကိစ္စကိုလည်း နှစ်ဖက် စလုံးနဲ့ တွေ့ဆုံပြီး ပြည်သူတွေ ထွက်နိုင်ဖို့လုပ်မှာပါ’’ဟု ဦးလမိုင် ဂွန်ဂျာက ဆက်လက်ပြောသည်။

ယခုဖြစ်စဉ်များနှင့် စပ်လျဉ်း ၍ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး အဖွဲ့ အစိုးရဘက်တာဝန်ရှိသူများ ထံ ကေအိုင်အိုဘက်မှ ထိုးစစ် ဆင်တိုက်ခိုက်နေမှုများ ရပ်တန့် ပေးရန် ဇန်န၀ါရီ ၁၅ ရက်က အကြောင်းကြားစာ ပေးပို့ခဲ့ပြီး နောက် အပြန်အလှန် ညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။

‘‘ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး အဖွဲ့ အပြန်အလှန်ညှိတာပါ။ အသွားအပြန် စာတစ်စောင် တည်း မကပါဘူး။ တပ်ပိုင်းဆိုင် ရာတွေရယ်၊ ရဲတပ်ဖွဲ့ဝင် သုံးဦး ကိစ္စတွေ ညှိနေတဲ့ အနေအထား ပါ’’ ဟု ကချင်ပြည်နယ်အစိုးရ အဖွဲ့တာဝန်ရှိသူကပြောသည်။


မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများခင်ဗျာ ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း gmail သို့ပေးပို့နိုင်ပါပြီ mohnyinnews@gmail.com

No comments:

Post a Comment