Sunday, January 18, 2015

တိုက်ပွဲဖြစ်ပွားရာနေရာတွင် ပိတ်မိနေသောဒေသခံများအား ယာဉ်များဖြင့် သွားရောက်ခေါ်ဆောင်သော်လည်း ခေါ်ဆောင်ခွင့် မရ


တိုက်ပွဲဖြစ်ပွားရာနေရာတွင် ပိတ်မိနေသောဒေသခံများအား
ယာဉ်များဖြင့် သွားရောက်ခေါ်ဆောင်သော်လည်း ခေါ်ဆောင်ခွင့် မရ

Monday, January 19, 2015

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း တပ်မတော်နှင့် ကေ အိုင်အေ ကချင်လွတ်မြောက်ရေးတပ်မတော် တို့အကြား ဇန်နဝါရီ ၁၇ရက် ညနေပိုင်းအ ထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိပြီး လူ ၁ဝဝဝခန့်မှာလည်း တိုက်ပွဲဖြစ်ပွားရာ ဒေသအတွင်း ပိတ်မိနေဆဲဖြစ်ကြောင်း မျက် မြင်သက်သေများနှင့် ကချင်လူမှုအဖွဲ့အ စည်းများကပြောသည်။
''တိုက်ပွဲတွေကြောင့် အောင်ဘာလေရွာရဲ့ ဘုရားကျောင်းထဲမှာ လူ ၁ဝဝဝလောက် ပိတ်မိနေတယ်။ ကျွန်တော် တို့ ဖားကန့်ကအဖွဲ့တွေ ယာဉ်တန်းတွေနဲ့ သွားခေါ်တာ တပ်မတော်အရာရှိတစ်ယောက် တပ်မမှူးက ပေးမခေါ်ဘူးဆိုလို့ ရွာအနီးက နေပဲလှည့်ပြန်ခဲ့ရတယ်''ဟု ပိတ်မိနေသောရွာ သားများကို သွားရောက်ခေါ်ဆောင်ရာတွင် ပါဝင်ခဲ့သည့် ကိုခင်မောင်ဝင်း ကပြောသည်။

ဇန်နဝါရီ ၁၅ရက် နံနက်ပိုင်းမှ စတင်ဖြစ်ပွားခဲ့သောတိုက်ပွဲမှာ လက်ရှိအချိန် အထိပစ်ခတ်မှုများဆက်လက်ဖြစ်ပွားနေ ဆဲဖြစ်ကြောင်း မြစ်ကြီးနား အခြေစိုက်ငြိမ်း ချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG)မှ ဦးစန်အောင်က ဇန်နဝါရီ ၁၇ရက် ညနေ ၄နာရီဝန်းကျင်ခန့်ကပြောသည်။
''မနက်ကထိတော့ တပ်မတော် က အောင်ဘာလေရွာထဲကနေပြီးတော့ ရင်း (၆)ကို ပြန်တိုက်တယ်။ ဟိုဘက်လဲပြန်တိုက် လာတယ်။ အစိုးရတပ်က အောင်ဘာလေရွာ ထဲဝင်ပြီး ရွာသားတွေနဲ့ရောနှောပြီး ထိုးစစ် ဆင်တော့ ရွာသားတွေကို လူတံတိုင်းလိုလုပ် ထားသလိုဖြစ်ပြီး တစ်ဖက်သတ်လိုဖြစ်နေ တယ်''ဟု(PCG)မှ ဦးစန်အောင်က ပြော သည်။

တိုက်ပွဲများမှာ ဖားကန့်ဒေသ အောင်ဘာလေရွာအနီးတစ်ဝိုက်၊ ကံစီးရွာ နှင့် ဥရုမြစ်ကြောင်းတစ်လျှောက် ဒေသများ တွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး ဇန်နဝါရီ ၁၇ ရက် ညနေပိုင်းတွင် တိုက်ပွဲများပြင်းထန် နေကြောင်းလည်းသိရသည်။
''လက်နက်ကြီး သံတွေကတော့တဂျုံးဂျုံးပဲ ဖားကန့်မြို့ပေါ် ကနေတောင်ကြားနေရတယ်''ဟု မြို့ခံတစ် ဦးက ပြောသည်။
တပ်မတော်နှင့် ကေအိုင်အေစစ် ရေးတင်းမာမှုမှာ ဖားကန့်ဒေသတွင်သာမက ဖားကန့်သွားရာလမ်းကြောင်းတစ်လျှောက် တွင်လည်းဖြစ်ပေါ်လျက်ရှိပြီး ဖားကန့်သို့ အဓိကသွားရာလမ်းကြောင်းနှစ်ကြောင်းကို လည်း တပ်မတော်ဂိတ်များမှ ဇန်နဝါရီ ၁၆ ရက်ကတည်းက ပိတ်ဆို့ထားကြောင်း ဒေသခံ များက ဆိုသည်။

ဇန်နဝါရီ ၁၇ရက် ညနေ ၆ နာရီ အထိ ရရှိထားသောသတင်းများအရတိုက် ပွဲများမှာ ဆက်လက်ဖြစ်နေပြီး အစိုးရဘက်မှ တပ်မ ၆၆အပါအဝင် လက်အောက်ခံ တပ် များနှင့်အနီးတွင် နီးကပ်စွာနေရာယူထား ကာ ကေအိုင်အေ တပ်ရင်း (၂၆) ဧရိယာဝန်း ကျင်တွင်လည်း တိုက်ပွဲအသေးစားများ ရံဖန် ရံခါ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

TheFlowerNews


မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများခင်ဗျာ ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း gmail သို့ပေးပို့နိုင်ပါပြီ mohnyinnews@gmail.com

No comments:

Post a Comment