Friday, January 23, 2015

ဝန်ကြီးဦးအောင်မင်း ညီ တင်သွင်းခဲ့သည့် ရထားအဟောင်းကြီး ၁ နှစ်ကြာ ပြင်ဆင်လိုက်မှ စတင်သုံးစွဲနိုင်




ဝန်ကြီးဦးအောင်မင်း ညီ တင်သွင်းခဲ့သည့် ရထားအဟောင်းကြီး ၁ နှစ်ကြာ ပြင်ဆင်လိုက်မှ စတင်သုံးစွဲနိုင်

မန္တလေး - မြစ်ကြီးနား လမ်းပိုင်းတွင် အသုံးပြုရန် ရထား ပို့ဆောင်ရေး ၀န်ကြီးဌာနက အိန္ဒိယမှ ဒေါ်လာ ၂၃ သန်းဖြင့် ၀ယ်ယူထားသော တွဲဆိုင်းကို ပြည်တွင်းတွင် တစ်နှစ်ကြာ ပြန်လည်ပြင်ဆင်ပြီးမှ ဇန်န၀ါရီ ၁၇ရက်နေ့တွင် စတင် ပြေးဆွဲနိုင်ခဲ့ကြောင်းနှင့် မန္တလေးတိုင်း ဒေသကြီး လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဦးကျော်ဆန်းက ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တွဲဆိုင်းမှာ မူလ ၀ယ်ယူစဉ်က လေအေးပေးစက်တပ် တွဲဆိုင်းများဟု သိရပြီး ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်မင်း လက်ထက်တွင် ၀န်ကြီး၏ ညီဖြစ်သူ ဒေါက်တာ မင်းဇော်ဦးက ၀ယ်ယူတင်သွင်းခဲ့ခြင်း ဖြစ်သည်။ သို့သော် တွဲများမှာ အိုမင်းဟောင်းနွမ်း နေသဖြင့် စစ်ဆေးရသော မီးရထား စက်မှုလက်မှု အင်ဂျင်နီယာချုပ်နှင့်လည်း ပြဿနာများ ဖြစ်ပွားခဲ့သည်ဟု ရထား အသိုင်းအ၀ိုင်းက ပြောသည်။

အိန္ဒိယမှ ရောက်ရှိလာပြီး တစ်နာရီလျှင် ကီလို ၆၀ အမြန်နှုန်းနှင့် မောင်းနှင်ကာ ရထားအောက်ရှိ ဘက်ထရီအားသို့ အားဝင်ပြီး လေအေးစက်များ သုံးနိုင်သဖြင့် မြန်မာနိုင်ငံကဲ့သို့ ကီလိုမီတာ ၆၀ နှုန်း မမောင်းနိုင်သည့် နိုင်ငံများတွင် သုံးမရသဖြင့် လေအေးပေးစက်များ ဖြုတ်ပစ်ရပြီး ပန်ကာများ တပ်ရခြင်းဟုလည်း ဆိုကြသည်။

တွဲများမှာ အဟောင်းများကို ပြန်လည်ပြုပြင်ပြီး အခန်းများ ဖွဲ့ထားခြင်းဖြစ်ကာ မည်သို့မှ သုံးမရသဖြင့် မြစ်ငယ် မီးရထား စက်ရုံတွင် တစ်နှစ်ကြာ ပြန်လည်ပြုပြင်မှုများ ပြုလုပ်ခဲ့ရပြီး
လေအေးပေးစက်များ နေရာတွင် ပန်ကာများ ပြန်လည်တပ်ဆင်ပြီး ယခုမှသာ စတင် ပြေးဆွဲနိုင်ကြောင်းလည်း သတင်း ရရှိသည်။

Source-Tomorrow





မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများခင်ဗျာ ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း gmail သို့ပေးပို့နိုင်ပါပြီ mohnyinnews@gmail.com

No comments:

Post a Comment