ဗုဒ္ဓဟူးညတွင် ကစားမည့် ကယ်ပီတယ်ဝမ်းဆီမီးဖိုင်နယ်
ပ-ကျော့အကြို သုံးသပ်ချက်
Wednesday, January 21, 2015
အဝေးကွင်းကစားပုံအားနည်းသည့် ရှက်ဖီးကို စပါးဂိုးပြတ်အနိုင်ကစားပေလိမ့်မည်
===========================================
စပါး Vs ရှက်ဖီးယူနိုက်တက်
*********************************************
(နံနက် ၂း၁၅ နာရီ၊ ဇန်နဝါရီ ၂၂၊ ၂ဝ၁၅)
ထိပ်တိုက်တွေ့ဆုံမှု
ရှက်ဖီးယူနိုက်တက် ၂-၁ စပါး (၁ဝ-၂-၂ဝဝ၇)
စပါး ၂-ဝ ရှက်ဖီးယူနိုက်တက် (၂၃-၈-၂ဝဝ၆)
စပါး ၂-၂ ရှက်ဖီးယူနိုက်တက် (၅-၃-၁၉၉၄)
Team News
***************
စပါးတွင် ကွင်းလယ်ကစားသမား ဘန်တာလက် မှာ အာဖရိကဖလားပြိုင်ပွဲသွားရောက်ကစားနေခဲ့ရ၍ စတန်ဘိုလီကို ပေါ်လင်ဟိုနှင့်တွဲဖက်ကာ ပွဲထွက်လာ ရန်ရှိနေသည်။ ဒမ်ဘီလီကို အနားပေးဖွယ်ရှိနေပြီး ကာ ဘူးလ်၊ ချီရီချက်၊ ဖာဇီယိုတို့လည်း ပါဝင်ရန်မသေချာ ဟုဆိုသည်။ ဘယ်တောင်ပံတွင် ရို့စ်အစား ဘန်ဒေး ဗစ်ပါဝင်လာမည်။ မာဆင်နှင့် လာမယ်လာတို့ ရှက်ဖီး နှင့်ပွဲကိုလွဲချော်ရန် ရှိနေသော်လည်း အက်ဖ်အေဖလား ပွဲ၌ ပါဝင်ရန်ရှိနေသည်။
အမ်ကေဒွန်းအား ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ညာနောက် ခံလူ အယ်ကွတ်မှာ ဒဏ်ရာရရှိခဲ့သော်လည်း စပါးနှင့် ပွဲအမီဒဏ်ရာပြန်လည်ကောင်းမွန်လာခဲ့သည်။ သို့သော် အဆိုပါပွဲ၌ လူစားလဲခဲ့သည့် စကူဂါးမှာ ပါဝင်နိုင်မည် မဟုတ်ပေ။ ဘန်ဒေးဗစ်နှင့် ဂရာဒီတို့မှာ ဒဏ်ရာများ ရရှိနေကြဆဲပင်ဖြစ်သည်။
Match Facts
******************
စပါးအသင်းသည် ပရီးမီးယားလိဂ်အိမ်ကွင်း ၁၂ ပွဲ၌ ၄ပွဲအထိ ရှုံးနိမ့်ထားကာ ၂ပွဲသရေ ၆ပွဲအနိုင်ရ ထားပြီး သွင်းဂိုး ၁၈ဂိုးသွင်းယူထားနိုင်သည်။
ရှက်ဖီးယူနိုက်တက်မှာတော့ အဝေးကွင်းတွင် ၁၂ ပွဲကစားထားခဲ့ရာ၌ ၅ပွဲနိုင်၊ ၂ပွဲသရေ၊ ၅ပွဲရှုံးနိမ့်ထားပြီး ၁၆ဂိုးသွင်းယူထားနိုင်သည်။
နောက်ဆုံး ၆ကြိမ်တွေ့ဆုံခဲ့ရာတွင် စပါးက ၂ကြိမ် သာ အနိုင်ရထားပြီး ရှက်ဖီးက ၂ကြိမ်၊ သရေ ၂ကြိမ် ရရှိထားသည်။
သုံးသပ်ချက်
************
ရှက်ဖီးယူနိုက်တက်အသင်းသည် လိဂ်ဝမ်းအသင်း ဖြစ်နေသော်လည်း ဆောက်သမ်တန်ကိုအနိုင်ရရှိပြီး ဆီမီးဖိုင်နယ်သို့တက်ရောက်လာခြင်းဖြစ်၍ လျော့တွက် မရသည့်အသင်းဖြစ်သည်။ ထို့ပြင် အက်ဖ်အေဖလား တတိယ အဆင့်အတွင်လည်း ကျူပီအာကွင်း၌ ၃ဂိုးပြတ် ဖြင့်အနိုင်ရရှိထားခြင်းကြောင့် စပါးအသင်းအားထည့် မကစားပါက အိမ်ကွင်းတွင်အခက်တွေ့ဖွယ်ရှိနေသည်။
သို့သော်လည်း နည်းပြပိုချက်တီနိုအနေဖြင့် အရန်က စားသမားအနည်းငယ်သာ ပွဲထွက်ပြီး အဓိကကစားသ မားများဖြစ်သည့် ချက်ဒီ၊ ကိန်း၊ တောင်းဆန့်တို့ကို ထည့်သွင်းကစားမည်ဆိုပါက ရလဒ်ကောင်းရရှိပေလိမ့် မည်။ စပါးက တစ်ဂိုး အကွာဖြင့်အနိုင်ရပါက ၇၅ရာခိုင် နှုန်းဆုံးရှုံးမည်ဟုဖွင့်လှစ်မှုတွင် အိမ်ရှင် စပါးကိုသာ ရွေးချယ်ရပေမည်။

ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများခင်ဗျာ ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း gmail သို့ပေးပို့နိုင်ပါပြီ mohnyinnews@gmail.com
No comments:
Post a Comment