Friday, January 16, 2015

တိပိဋကဓရ မင်းကွန်းဆရာတော်ကြီး လက်စွဲပြုသော ခရီးသွားဂါထာ


တိပိဋကဓရ မင်းကွန်းဆရာတော်ကြီး လက်စွဲပြုသော ခရီးသွားဂါထာ

ဆရာတော်ကြီးသည် ပြည်ပနိုင်ငံများက ပင့်ဖိတ်ရာတွင် လိုက်ပါခြင်းမပြုခဲ့ပေ။ သို့ရာတွင် ပြည်တွင်း၌မူ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်းခရီးများဖြင့် ကြွရောက်၍ မြို့နယ်၊ ကျေးရွာအနှံ့ သာသနာပြုတော်မူခဲ့သည်။ အောက်ပါဂါထာမှာ ခရီးမထွက်ခွါမီ ဆရာတော်ကြီး အစဉ်ရွတ်ဆိုသော ဂါထာဖြစ်သည်ဟု အဆိုရှိပါသည်။
ပါဠိ
(၁) ဘ၀သောတံ ဟဝေ ဗုဒ္ဓေါ၊ တိဏ္ဏော လောကန္တဂူ ၀ိဒူ။
ဧတေန သစ္စ၀ဇ္ဇေန၊ ဂနမံ မေ သမိဇ္ဈတု။
(၂) ယဒိ သန္တိဂမော မဂ္ဂေါ၊ မောက္ခော စစ္စန္တိကံ သုခံ။
ဧတေန သစ္စ၀ဇ္ဇေန၊ ဂနမံ မေ သမိဇ္ဈတု။
(၃) သံဃော ဝေ တိဏ္ဏကန္တာရော၊ ပုညက္ခေတ္တော အနုတ္တရော။
ဧတေန သစ္စ၀ဇ္ဇေန၊ ဂနမံ မေ သမိဇ္ဈတု။
အနက်မြန်မာပြန်
(၁) မြတ်စွာဘုရားသည် ဘ၀သုံးသွယ် ရေပြင်ကျယ်ကို ကူးမြောက်တော်မူပြီးဖြစ်သည်။ လောက၏အဆုံးသို့လည်း ရောက်တော်မူပြီ။ လောကအားလုံးကိုလည်း သိတော်မူပြီ။ ဤမှန်သော သစ္စာစကားကြောင့် ကျွန်ုပ်၏ခရီးသွားခြင်းသည် ပြီးမြောက်ပါစေသတည်း။
(၂) လောကုတ္တရာတရား အရိယာမဂ်လေးပါးသည် စင်စစ်ဧကန် နိဗ္ဗာန်ထုတ်ချောက် ရောက်စေနိုင်၏။ အရိယာမဂ်ဖြင့် ရောက်အပ်သော နိဗ္ဗာန်သည်လည်း ချမ်းသာစင်စစ် ဧကန်ဖြစ်၏။ ဤမှန်သောသစ္စာစကားကြောင့် ကျွန်ုပ်၏ ခရီးသွားခြင်းသည် ပြီးမြောက်ပါစေသတည်း။
(၃) ပရမတ္တအရိယာ သံဃာတော်မြတ်သည် စင်စစ်ဧကန် သံသရာတဖက်ကမ်းရောက် ကူးမြောက်တော်မူပြီး ဖြစ်၏။ အရိယာသံဃာတော်သည် အတုမရှိ အလွန်မြတ်သော ကောင်းမှုမျိုးကို စိုက်ပျိုးကြဲချရာ လယ်ယာမြေစစ် ဖြစ်ပါပေ၏။ ဤမှန်သောသစ္စာစကားကြောင့် ကျွန်ုပ်၏ ခရီးသွားခြင်းသည် ပြီးမြောက်ပါစေသတည်း။

အနှိုင်းမဲ့ဗုဒ္ဓ



မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများခင်ဗျာ ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း gmail သို့ပေးပို့နိုင်ပါပြီ mohnyinnews@gmail.com

No comments:

Post a Comment