ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းသည် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စု မုတ်ခိုးတောင် ရွှေစေတီကုန်းတော်ပေါ်ရှိ မုတ်ခိုးတောင် တရားရိပ်သာစီမံကိန်းသို့ သွားရောက်
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းသည် မတ်လ(၇)ရက် မနက်ပိုင်းက ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စု မုတ်ခိုးတောင် ရွှေစေတီကုန်းတော်ပေါ်ရှိ မုတ်ခိုးတောင် တရားရိပ်သာစီမံကိန်းသို့ သွားရောက်ပြီး တောင်ပတ်လမ်းများ ဖောက်လုပ်နေမှု၊ ဆွမ်းချက်ဆောင်နှင့် ရွှေစေတီကျောင်းဆောင်သစ် တည်ဆောက်မည့် စီမံကိန်းနေရာများနှင့် စေတီတော်ကြီး တည်ဆောက်မည့် နေရာတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ နည်းပညာနှင့် အကြံဥာဏ် အကူအညီ ရယူနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ပြည်ထောင်စုရန်ပုံငွေဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဗလမင်းထင်တံတားမှ နောင်ချိန်း-ဂွေထု ကျေးရွာချင်းဆက် ကတ္တရာလမ်းသစ် လမ်းအရှည်(၅)မိုင် ဖောက်လုပ်နေမှုကို၎င်း၊ ကျေးရွာနေ ပြည်သူများ လျှပ်စစ်မီး ရရှိရေးအတွက် ပြည်နယ်လျှပ်စစ်မှ ဆောင်ရွက်လျက်ရှိသည့် ကွန်ကရစ်မီးတိုင်များ စိုက်ထူပြီး (၁၁)ကေဗွီအေ ကြိုးများ သွယ်တန်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်တာများကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
No comments:
Post a Comment