မြန်မာနိုင်ငံရှိ စတုရန်းမိုင်ပေါင်း နှစ်သိန်းခြောက်သောင်းကျော် ကျယ်ဝန်းသော မြေဧရိယာကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြားပါသည်။
၁။ လယ်ယာမြေ( စိုက်ပျိုးမြေ )
(က) လယ်မြေ၊
(ခ) ယာမြေ၊
(ဂ) ကိုင်း/ကျွန်းမြေ၊
(ဃ) ဥယျာဉ်ခြံမြေ၊
(င) ဓနိမြေ၊
(စ) တောင်ယာမြေ၊
(ဆ) နှစ်ရှည်ပင်စိုက်ပျိုးသောမြေ၊
(ဇ) ဟင်းသီး/ဟင်းရွက်/ပန်းမန်စိုက်ပျိုးသည့် ခြံမြေ၊
(ဈ) မြေနုကျွန်းမြေ၊
(မှတ်ချက်။ ။ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်၏ အခွင့်အာဏာဖြင့် စီမံခန့်ခွဲသည်။)
၂။ သစ်တောမြေ
(မှတ်ချက်။ ။ သစ်တောရေးရာနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ စီမံခန့်ခွဲသည်။)
၃။ မြေရိုင်း/မြေလပ်
(မှတ်ချက်။ ။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီမှ စီမံခန့်ခွဲသည်။)
၎။ Other Area(OA) အခြားမြေများ
(က) သတ္တုတွင်းမြေ၊
(ခ) ကျွဲ၊ နွားစားကျက်မြေ၊
(ဂ) မီးရထားလမ်းမြေ၊
(ဃ) လမ်းမြေ၊
(င) ဆည်မြောင်း/ကန်/တာတမံမြေ၊
(စ) မြစ်ချောင်းနှင့် ရေအောက်မြေ၊
(ဆ) အင်း/အိုင်မြေ၊
(ဇ) စက်ရုံမြေ၊
(ဈ) မြို့မြေ၊
(ည) ရွာမြေ၊
(ဋ) လေယာဉ်ကွင်းမြေ၊
(ဌ) သာသနာ/သုဿန်/အဆောက်အဦမြေ၊
(ဍ) ကျန်အခြားမြေ၊
(မှတ်ချက်။ ။ ပြည်ထဲရေး ဝန်ကြီးဌာနမှ အဓိက စီမံခန့်ခွဲသည်။)
နောက်ဆက်တွဲ ဖော်ပြလိုသည်မှာ အထက်ပါ မြေအမျိုးအစား များစွာသည်ပင်လျှင် အဓိက စာတိုင်အဖြစ် ခွဲခြားခြင်းဖြစ်ပြီး ၎င်းအမျိုးအစားများကို အသေးစိတ် ထပ်မံခွဲခြား၍ စာရင်းပြုစုရပါသေးသည်။
ဥပမာ-
လယ်မြေကို မြေဆီလွှာ၊ သီးနှံအထွက်နှုန်း စသည်ဖြင့် လေ့လာစစ်ဆေးပြီး အတန်းအစားများ အဆင့်ဆင့်ခွဲခြားပါသည်။
မြေအတန်းအစား၊ ကောင်းမွန်မှုမတူညီသကဲ့သို့ အကျိုးဖြစ်ထွန်းမှုလည်း မတူညီသည်ဖြစ်ရာ စည်းကြပ်သော အခွန်နှုန်းထားမှာလည်း မတူညီပေ။
သင်္ကေတအားဖြင့် R1၊ R2၊ R3၊ R4 စသည်ဖြင့် ခွဲခြားပါသည်။
( ပြင်ဦးလွင်မြို့တွင် C1၊ C2၊ C3၊ C4၊ C5 စသည်ဖြင့် ခွဲခြားပါသည်။
သို့သော် ပြင်ဦးလွင်မြို့ရှိ လယ်မြေမျိုးများတွင် အကောင်းဆုံးရှိသည်မှာ C3 ဖြစ်ပြီး အညံ့ဆုံး လယ်အတန်းအစားမှာ C7 ဖြစ်ပါသည်။
ယာမြေကိုလည်း အလားတူ Y1၊ Y2၊ Y3 စသည်ဖြင့် ခွဲခြားပါသည်။
ပြင်ဦးလွင်မြို့တွင် Y၊ YY ဟု ခွဲခြားပါသည်။ )
ကျန်မြေများကိုလည်း ထိုနည်းတူ အဆင့်အတန်း ခွဲခြားပါသည်။
အထက်ပါဖော်ပြချက်များသည် ခြုံငုံမြင်သာအောင် အကြမ်းဖျင်းရေးသားပြခြင်းသာဖြစ်ပြီး အချို့သောအချက်များမှာ အသေးစိတ်ရေးသားပြသရန် အချိန်၊ နည်းလမ်းတို့အရ အခက်အခဲများစွာ ရှိပါသည်။
ဤမျှဆိုလျှင် အဆင်ပြေမည်ဟု မျှော်လင့်ပါသည်။
No comments:
Post a Comment