မန္တလေး- မြစ်ကြီးနား လူစီးအမြန်ရထား တွဲချော်
============================
မန္တလေး ဧပြီ ၂၁
မန္တလေးမှ မြစ်ကြီးနားသို့ စက်ခေါင်းမောင်းဦးရဲထွဋ် မောင်းနှင်ပြီး ဂတ် ဗိုလ်ဦးထွန်းထွန်းဝင်းတို့လိုက်ပါလာသည့် အမှတ်(၃၇) မန္တလာ(မြစ်ဆုံ) လူစီးအမြန်ရထားသည် ဘုံချောင်းနှင့်မဲဇာအကြား မိုင်တိုင်အမှတ် (၅၆၇/ ၂-၄) ကြားတွင် ဧပြီ ၁၉ ရက် ည ၈ နာရီခန့်က တွဲချော်မှုဖြစ်ပွားခဲ့ပြီး ရထားပေါ်ပါ ခရီးသည်နှင့် ဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
စက်ခေါင်းအမှတ်GE-၁၃၅ဝ အမှတ်(၃၇) မန္တလာ(မြစ်ဆုံ) လူစီးအမြန် ရထား၏ တွဲအမှတ်BBEZ-၁ဝ၅၇၅ သည် သံလမ်းနှင့်တစ်ပေခန့်အကွာသို့ တွဲချော်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ တွဲချော်မှုဖြစ်ပွားသည့်နေရာသို့ နမ်းခမ်းမှ တွဲပြင်အင်ဂျင်နီယာ ဦးဇာနည်ဦးနှင့် အဖွဲ့က ည ၁၁ နာရီခန့် တွင် ရောက်ရှိခဲ့ပြီး ပြုပြင်ဆောင်ရွက်လျက်ရှိကာ နမ်းခမ်းရဲကင်းစခန်းမှူး ဒုရဲအုပ်သန်းဝေဦးနှင့်အဖွဲ့၊ နမ်းခမ်းမီးရထားရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်သန်းစိုး အောင်နှင့်အဖွဲ့တို့က လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဦးရဲ(ကသာ)
No comments:
Post a Comment