Sunday, May 31, 2015

တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း ဇွန် ၆ရက် ထုတ်ပြန်မည်

တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း ဇွန် ၆ရက် ထုတ်ပြန်မည်

အွန်လိုင်းမှ ကြည့်ရှုလိုသူများအနေဖြင့် www.moemyanmar.net တွင် ဇွန် ၆ရက် နံနက်၌ တပြိုင်နက် တင်ထားပေးမည်ဟု ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

www.mohnyinnews.blogspot.com

Saturday, May 30, 2015

အခုတလောဖတ်လိုက်ရတဲ့သတင်းတိုင်းသတင်းတိုင်း ဆရာဝန် သူနာပြုတွေကို ရှုတ်ချအပြစ်တင်ထားတာဘဲတွေ့တယ်

အခုတလောဖတ်လိုက်ရတဲ့သတင်းတိုင်းသတင်းတိုင်း ဆရာဝန် သူနာပြုတွေကို ရှုတ်ချအပြစ်တင်ထားတာဘဲတွေ့တယ် အချိန်မလေးစားလို့ စောင့်ရလို့ ဆက်ဆံရေးမပြေပြစ်လို့ အော်လို့ ရတဲ့လစာနဲ့ လုပ်နေရတဲ့အလုပ်တာဝန်နဲ့ ခံစားရတဲ့stressပေါင်းစုံနဲ့ လူတွေကဆရာဝန်ဆရာမတွေကို ဘာလို့သူတို့လိုလူသားဆိုတာမမြင်ကြတာလဲ။ဆရာဝန်သူနာပြုတွေဟာသာမာန်လူလိုဘဲ ခန္ဓာနဲ့ဖွဲ့စည်းထားတာ နာတတ်တယ် ဖျားတတ်တယ် ဗိုက်ဆာတတ်တယ် ဝမ်းနည်းတတ်တယ်ပျော်တတ်ပါတယ် တနေ့တနေ့မိုးလင်းကမိုးချုပ် လူတကာဒုက္ခပေါင်းစုံကိုနားညည်းခံစိတ်ရှုပ်ခံဖြေရှင်းပေး ဗိုက်ဆာနေလဲအောင့်ခံ ဖျားနေလဲ ပါရာစီတမောကောက်ဝါးလူနာကြည့် လူနာနဲ့လူနာရှင်ပြောသမျှခေါင်းညိတ် တခါတခါ ကုလို့ရနိုင်ရက်နဲ့ အပြင်မှာ ရမ်းကုပေါင်းစုံနဲ့ကုပြီးend stateမှလာ ကရုဏာဒေါသနဲ့ဘာလို့ခုမှလာရတုံးလို့အော်မ၊ိ တချို့သောဂုဏ်ဓနရှင်တို့ရဲ့ ပိုက်ဆံဘယ်ဘောက်ကုန်ကုန်အခုအကောင်းဆုံးလုပ်ပေးပါဆိုတဲ့
ဂုဏ်မောက်သ၊ံ ဒါဘယ်သူကြီးသိလားခင်ဗျားဆိုတဲ့အာဏာရှင်များရဲ့ခြိမ်းခြောက်သံ၊ ဆရာမရယ် မတတ်နိုင်လို့မလာရဲလို့ပါလို့ကြောက်ရွံ့သံနဲ့ပြောနေတဲ့ ဂုဏ်ဓနမဲ့သူတို့အသံ၊ တယောက်ကြည့်မပြီးခင်နောက်တယောက်ကဘာဖြစ်ပြန်ပြီဆိုတဲ့complaintပေါင်းစုံနဲ့လူနာနှင့်လူနာရှင်များ။ တခါတရံ လူနာဇောနဲ့ ဆရာဝန်ကိုမောက်မောက်မာမာပြော ဘာမှမလုပ်ပေးဘူးလား လာပြောတဲ့အပြစ်တင်သံ၊ လူနာအခြေအနေတခုကို သိရက်နဲ့ခံစားချက်မျိုသိပ်ယူကြုံးမရဖြစ်နေလဲ ဘာခံစားမှုမှ မရှိသလိုနေရတဲ့ရုပ်သေမျက်နှာ၊ တခုခုဆိုFacebookပေါ်တင်မယ် တရားစွဲမယ် ဘာမှမသိ ဝင်ပုံကြီးချဲ့တဲ့media၊အားလုံးကို မျိုသိပ်ပြီးနေနေတဲ့ကျုပ်တို့ဘဝပါ။ ခင်ဗျားတို့အားလုံးကိုပြောပြချင်တယ် ကျုပ်တို့ဆရာဝန်သူနာပြုအားလုံးမှာ မိသားစုရှိတယ် ချစ်တတ်တဲ့စိတ်ရှိတယ် ပျော်တတ်တဲ့စိတ်ရှိတယ် ဝမ်းနည်းတတ် ဖျားနာတတ်တဲ့နှလုံးသားနဲ့ခန္ဓာရှိတယ်။မနက်ကတည်းနဲ့လူနာကြည့်မျက်စိနှစ်လုံးဖွင့်တာပိတ်တာမှန်သမျှမိသားစုအရေးဘေးဖယ် ကိုယ့်မိသားစုတွေကိစ္စဘယ်လောက်အရေးကြီးကြီးကိုယ်တိုင်မသွားနိုင်အတူမနေနိုင် ဖုန်းလေးဆက်အဲ့လိုလေးလုပ်လိုက်ပါပြောပြီးသူတကာပြသနာရှင်းပျော်ချိန်မရှိ ဝမ်းနည်းလဲလူမသိကျုပ်တို့ကလဲခံစားတတ်တဲ့လူသားတွေပါ။ ဝါသနာပါလို့ အပြင်မှာဘာဒုက္ခမှ မခံစားဘဲဇိမ်နဲ့ခင်ဗျားတို့လိုနေနိုင်ပေမယ့်သင်ထားတဲ့ပညာလူတွေကိုအကျိုးပြုမယ်ဆိုပြီး In serviceထဲဝင်တာ။ခင်ဗျားတို့တွေအိပ်ရာထဲဇိမ်ကျကျအိပ်နေချိန် ကျုပ်တို့က လူနာဘေးငုတ်တုတ်မိုးလင်းရတာဗျ။အဲ့လူနာတွေက ကျုပ်အမျိုးကျုပ်မိဘမောင်နှမ မဟုတ်ဘူးဗျ။ ညောင်းလွန်းနုံးလာလွန်းလို့ခဏကုတင်ပေါ်ကျောဆန့်တာ အိပ်ပျော်မယ်မထင်နဲ့ ငါဘာထပ်လုပ်ပေးဖို့လိုသေးလဲ ငါသူ့အပေါ်ဘာထပ်လုပ်ပေးသင့်လဲနဲ့ဝုန်းခနဲပြန်ထ စာအုပ်ကောက်ကိုင် Internetဝင်ဖတ် အဲ့ဒါကျုပ်တို့အမျိုးမဟုတ်ဘူးဗျ။ခင်ဗျားတို့စိတ်ပူတာ ကိုယ့်ဆွေကိုယ့်မျိုးအတွက် ကျုပ်တို့စိတ်ပူတာ လူသားအကုန်လုံးအတွက်ပါ။ဒီလောက်စိတ်ဖိစီးမှုများတဲ့အလုပ်လုပ်နေချိန်မှာ တွေးတေားစဉ်းစားနေရချိန်မှာ မကူညီချင်နေပါ ကျုပ်တို့ကိုမနှောင့်ယှက်ပါနဲ့။ကျုပ်တို့လဲခင်ဗျားတို့လိုဘဲခံစားတတ်တယ်ဆိုတာ တခါတခါကျုပ်တို့နေရာကဝင်ခံစားပေးပါ။ ကျုပ်တို့ကလဲအသွေးအသားနဲ့တည်ဆောက်ထားတဲ့ခင်ဗျားတို့လိုလူသား
ပါဘဲဗျာ

၃၀.၅.၂၀၁၅ ရက်နေ့ နံနက် ၀၀၁၀အချိန်ခန့်တွင် မန္တလေးမြစ်ကြီးနားလမ်းမိုင်တိုင်အမှတ်၁၇၅/၁ -၂ ကြားလွယ်ခမ်းတောင်အဆင်းတွင် မိုးညှင်းမှမော်ဟန်ရွာဘက်သို့ယာဉ်

၃၀.၅.၂၀၁၅ ရက်နေ့ နံနက် ၀၀၁၀အချိန်ခန့်တွင် မန္တလေးမြစ်ကြီးနားလမ်းမိုင်တိုင်အမှတ်၁၇၅/၁ -၂
ကြားလွယ်ခမ်းတောင်အဆင်းတွင်
မိုးညှင်းမှမော်ဟန်ရွာဘက်သို့ယာဉ်
မောင်းဇေယျာထွန်း(ခ)အငယ်လေး
မောင်းနှင်သောယာဉ်အမှတ်၉ဂ/၈၄၅၀ တုန်ဖုန်းအပြာရောင်ယာဉ်
သည်လမ်း၏ယာဘက်ချောက်ထဲသို့ဘရိတ်ပေါက်ထိုးကျ
တိမ်းမှောက်သဖြင့်ယာဉ်ပေါ်ပါသူ ၁၄ဦးအနက်
ငြိမ်းချမ်းစိုးမှာပွဲချင်းပြီးသေဆုံးပြီး
ယာဉ်မောင်းအပါအဝင်၁၀ဦးဒဏ်ရာရရှိပြီးဒါဏ်ရာရရှိသူအနက်
မြင့်ကျော်ဆိုသူမှာစိုးရိမ်ရကြောင်း၊တုန်ဖုန်းယာဉ်မှာအင်းတော်ကြီးဒေသလွဲမွန်ရွာမှဖြစ်ကြောင်း၊သေဆုံးသူမှာငြိမ်းချမ်းစိုး၊
လွဲမွန်ရွာဖြစ်ပြီး၊စိုးရိမ်ဒဏ်ရာရရှိသူမှာမြင့်ကျော်၊
ကော်ယားကျေးရွာ၊ဟုမ္မလင်းမြို့နယ်နေသူဖြစ်
ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်း မြင့်ကျော်ကဆေးရုံမှာဆုံးသွားပါတယ်

Friday, May 29, 2015

မိုးညှင်းကလိုင်စင်မဲ့ကားစီးနေသူများသတိထားရန်

လိုင်စင်မဲ့ မော်တော်ယာဉ်များအား နေပြည်တော် အပါအ၀င် တစ်နိုင်ငံလုံး ဖမ်းဆီးအရေးယူမည်...
_______________________________________
ပြည်တွင်း၌ မောင်းနှင်သွားလာနေသည့် လိုင်စင်မဲ့ မော်တော်ယာဉ်များအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စီမံချက်ချမှတ်ပြီး ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွေးက မေ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်းကမ်းမဲ့မောင်းနှင်နေသည့် မော်တော်ယာဉ်များကို စစ်ဆေးအရေးယူနေရပြီး ယာဉ်မရပ်အဖြစ် သတ်မှတ်ထားသည့် လမ်းမများပေါ်တွင် ရပ်နားနေသည့် မော်တော်ယာဉ် အစီးတစ်ထောင်ကျော်ကိုလည်း လစဉ်အရေးယူနေရကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

ယာဉ်တိုက်မှု ဖြစ်စဉ်များနှင့် ဆက်စပ်ဖြစ်စဉ်များ ဖြစ်ပွားမှုနှုန်း လျော့ကျစေရန် ယာဉ်ထိန်းရဲတပ်ဖွဲ့ အနေဖြင့် ၂၀၁၅ ခုနှစ်အတွင်း ပညာပေးခြင်းနှင့် အခြားလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၃ ခုနှစ်တွင် ယာဉ်တိုက်မှု ၁၃၉၀၇ မှု ဖြစ်ပွားခဲ့ကာ ၂၃၄၃၅ ဦး ဒဏ်ရာရရှိပြီး ၃၆၁၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ အလားတူ ၂၀၁၄ ခုနှစ်တွင် ယာဉ်တိုက်မှု ၁၄၇၈၁ မှု ဖြစ်ပွားခဲ့ကာ ၂၅၀၁၄ ဦး ဒဏ်ရာရရှိပြီး ၄၁၆၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် စည်းကမ်းမဲ့မောင်းနှင်နေသည့် ယာဉ်မောင်းများကို စစ်ဆေးအရေးယူရာ၌ တစ်လလျှင် အမှုပေါင်း သုံးသောင်းခွဲနီးပါးကို အရေးယူနေရကြောင်း သိရသည်။
Writer:
ဝင်းမြင့်ကျော်

မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၁၈)ကြိမ်မြောက်(ခရိုင်အဆင့်)ပန်းချီ၊ကာတွန်း၊ပိုစတာ၊ကွန်ပြူတာပန်းချီ ပြိုင်ပွဲအား

မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်
ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၁၈)ကြိမ်မြောက်(ခရိုင်အဆင့်)ပန်းချီ၊ကာတွန်း၊ပိုစတာ၊ကွန်ပြူတာပန်းချီ ပြိုင်ပွဲအား ၃၀.၅.၂၀၁၅
ရက်နေ့ နံနက်(၉)နာရီတွင် မိုးညှင်းဒီဂရီကောလိပ် ကျောင်းတွင်ကျင်းပပါသည်၊ပြိုင်ပွဲသို့ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုး၊ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထွန်းထွန်းဝေ၊ဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါက်တာ
အောင်မင်းဝင်းနှင့်ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများမှလာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်၊ပြိုင်ပွဲသို့ မိုးညှင်း၊မိုးကောင်း၊ဖားကန့် မြို့နယ်များရှိ အခြေခံပညာ(အထက်တန်း၊အလယ်တန်း၊မူလတန်း)ကျောင်း
များမှကျောင်းသား/ကျောင်းသူစုစု
ပေါင်း(၁၃၆)ဦးပါဝင်ယှဉ်ပြိုင်ကြကြောင်းသတင်းရရှိပါသည်။

မိုးညှင်းမြို့နယ်မော်ဟန်ကျေးရွာအနီးလွဲခမ်းတောင်အဆင်း၌၂၉-၅-၂၀၁၅နေ့ည ၁၁း၃၅အချိန်တွင်ယာဉ်တိမ်းမှောက်မှု့ဖြစ်ပွားရာအမျိုးသားတစ်ဦး သေဆုံးပြီး၁၄ဦးဒဏ်ရာရှိသွားပြီး

မိုးညှင်းမြို့နယ်မော်ဟန်ကျေးရွာအနီးလွဲခမ်းတောင်အဆင်း၌၂၉-၅-၂၀၁၅နေ့ည ၁၁း၃၅အချိန်တွင်ယာဉ်တိမ်းမှောက်မှု့ဖြစ်ပွားရာအမျိုးသားတစ်ဦး
သေဆုံးပြီး၁၄ဦးဒဏ်ရာရှိသွားပြီး

၂ဦးမှာစိုးရိမ်ရသဖြင့်မြစ်ကြီးနားဆေးရုံကြီးသို့ပို့ဆောင်ပေးရန်မေတ္တာမွန်

လူမှုကူညီရေးအသင်းမှပို့ဆောင်ကူညီပေးမှာဖြစ်ပါတယ်

မနေ့က (28-May) မှာ အသစ်ထွက်လာတဲ့ FacebookVersionတင်ပေးလိုက်ပါတယ်ဗျာ။ အခုအသစ် ထွက်လာတဲ့Versionကတော့ အရင် Version အဟောင်းထက် သုံးရတာပိုပြီး ပေါ့ လာသလိုပဲဗျာ။

မနေ့က (28-May) မှာ အသစ်ထွက်လာတဲ့ FacebookVersionတင်ပေးလိုက်ပါတယ်ဗျာ။ အခုအသစ် ထွက်လာတဲ့Versionကတော့ အရင် Version အဟောင်းထက် သုံးရတာပိုပြီး ပေါ့ လာသလိုပဲဗျာ။ ကြည့် လို့လည်းပိုကောင်းလာပါတယ်။ Photo တွေ Video တွေလည်း ကွန်နရှင်သိပ် မကောင်း တာတောင် မြန်မြန်ပေါ်လာတာ ကိုတွေ့ရပါတယ်။ သူငယ်ချင်းတို့လည်းစမ်းသုံးကြည့်ကြပါဦး။အခုတင်ပေး လိုက်တဲ့ Facebook Apk ကိုတော့ Android OS 4.0 နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ Facebook Apk မရှိသူများနဲ့ Version အသစ်အသုံးပြုချင်သူများအောက်က Link မှာဒေါင်းယူသွားနိုင်ပါ တယ်ဗျာ။

*Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ**Step-2. "5sec". လောက်စောင့်ပေးပါ။**Step-3. "<< SKIP AD >>".ကိုနှိပ်ပေးပါ။**Step-4. Download Link ကျလာပါလိမ့်မယ်။**အဆင်ပြေပါစေဗျာ။

www.mediafire.com/?8zbnid4zdka3i6o

Tuesday, May 26, 2015

အော်တစ်မောင်မောင်နဲ့ဘယ်သူကိုခေါ်နေတာလဲ

အော်တစ်မောင်မောင်နဲ့ဘယ်သူကိုခေါ်နေတာလဲ

www.mohnyinnews.blogspot.com

မင်္ဂလာပါ ကို Mohnyin Voice ခင်ဗျာ။ ကျွန်တော်တို့ Ooredoo Myanmar ၏ဖလန်း ဖလန်း အင်တာနက်ကို Pay-As-You-Go(သုံးသေ­လာက်သာကျသင့်မည့်အင်တ­ာနက်) စနစ်ဖြင့် အသုံးပြု ရာတွင်

မင်္ဂလာပါ ကို Mohnyin Voice ခင်ဗျာ။ ကျွန်တော်တို့ Ooredoo Myanmar ၏ဖလန်း ဖလန်း အင်တာနက်ကို Pay-As-You-Go(သုံးသေ­လာက်သာကျသင့်မည့်အင်တ­ာနက်) စနစ်ဖြင့် အသုံးပြု ရာတွင် ၂၇ရက်၊မေလ၊ ၂၀၁၅(ဝဝးဝဝးဝ၁)မှစတင်­၍1 MB ကို (၁၀) ကျပ်ဖြင့်ကောက်ခံနေရာ­မှ (၆) ကျပ် အထူးနှုန်းထားအသစ်ကို­ စတင်မိတ်ဆက်လိုက်ခြင်­းဖြစ်ပါတယ်။၂၇ရက်၊ မေလ၊ ဝဝးဝဝးဝ၁ မှစတင်၍ လက်ရှိသုံးစွဲနေသူမျာ­းအနေဖြင့် *7777#ကို နှိပ်၍စာရင်းသွင်းမှသ­ာ အသုံးပြုနိုင်မှာဖြစ်­ပြီး ဆင်းကဒ်အသစ်ဝယ်ယူသုံး­စွဲသူများအနေဖြင့် ဤဖလန်းဖလန်းအင်တာနက်အ­စီအစဉ်ကို အလိုလျောက်ရရှိမှာဖြစ­်ပါတယ်ခင်ဗျာ။ ထို့ ပြင် ၂၇ရက်၊မေလ၊၂၀၁၅(ဝဝးဝဝ­းဝ၁)မှစတင်၍ မည်သည့်အင်တာနက်အစီအစ­ဉ်(Internet/­ Chat Packs) ကိုမဆို ဝယ်ယူသူတိုင်းသည် ၁ဝဝ% အပိုထပ်ဆောင်လက်ဆောင်ရရှိမှာဖြစ်ပါ­သည်။ဥပမာ - အကို က 50 MB ကို ဝယ်ယူသုံးစွဲမည်ဆို လျှင် အပိုထက်ဆောင်းအနေနဲ့ 50 MB ကို ရရှိမှာဖြစ်ပြီး၊ အကယ်၍ 1 GB ဝယ်ယူလျှင် 1 GB ပြန်ရမှာဖြစ်ပါတယ်ခင်­ဗျာ။ ထိုကဲ့သို့  500 MB ဆိုလျှင် အပိုလက်ဆောင် 500 MB , 2 GB ဆိုလျှင် 2 GB စသကဲ့သို့ ရရှိမှာဖြစ်ပါတယ်ခင်­ဗျာ။အသုံးပြုနိုင်သော­သက်တမ်းကာလမှာ ယခင်အတိုင်း ရက် 30 ဖြစ်ပါတယ်ခင်ဗျာ။ လေးစားစွာဖြင့် Ooredoo Social Support Team.လေးစားစွာဖြင့် Ooredoo Social Support Team

www.mohnyinnews.blogspot.com

အူရီဒူးက အင်တာနက် 1 MB ကိုယနေ့မှစ၍ ၆ ကျပ်လျှော့ချလိုက်ပါပြီ

Monday, May 25, 2015

ရေမဆေးကျောက်သမားတို့ရဲ့ဘဝ=======================ကံရှိသူက ကျောက်စိမ်းရရင်လည်း ဥာဏ်ရှိသူပဲလောပန်းဖြစ်နိုင်တယ်။မှော် ••• မှော် ••• မှော် တကယ်ကိုပဲဆန်းတဲ့မှော်။လိမ်ညာလှည့်စားခြင်းရဲ့ အဓိပ္ပာယ်မှော်။

တိတ်တဆိတ် ခြောက်သွေ့အထီးကျန်နေတဲ့ မြစ်ဆုံအပန်းဖြေစခန်း===============May, 26 - 2015ယခုအခါ ကချင်ပြည်နယ်ဒေသရှိ သောင်းကျန်းသူ KIA သူပုန်တွေကို ကြောက်ရွံ့နေရသဖြင့်မေခနှင့် မေလိခတို့ဆုံရာ မြစ်ဆုံအပန်းဖြေစခန်းဆီကို ပြည်သူတွေ လာရောက်လည်ပတ်မှု နည်းပါးနေကြောင်း၎င်းရှိ စားသောက်ဆိုင်တို့ ၏ ပြောဆိုချက်အရသိရှိရသည်။

တိတ်တဆိတ် ခြောက်သွေ့အထီးကျန်နေတဲ့ မြစ်ဆုံအပန်းဖြေစခန်း==============

=May, 26 - 2015

ယခုအခါ ကချင်ပြည်နယ်ဒေသရှိ သောင်းကျန်းသူ KIA သူပုန်တွေကို ကြောက်ရွံ့နေရသဖြင့်မေခနှင့် မေလိခတို့ဆုံရာ မြစ်ဆုံအပန်းဖြေစခန်းဆီကို ပြည်သူတွေ လာရောက်လည်ပတ်မှု နည်းပါးနေကြောင်း၎င်းရှိ စားသောက်ဆိုင်တို့ ၏ ပြောဆိုချက်အရသိရှိရသည်။

www.mohnyinnews.blogspot.com

အူရီဒူးဖုန်းချင်း မိနစ်၃ဝကို ၅ဝဝကျပ်နဲ့ဝယ်ယူပြီး ရက်၃ဝ ပြောနိုင်ရန် 2238ကို 30mins ဟုSMSပို့ပါ။

အူရီဒူးဖုန်းချင်း မိနစ်၃ဝကို ၅ဝဝကျပ်နဲ့ဝယ်ယူပြီး ရက်၃ဝ ပြောနိုင်ရန် 2238ကို 30mins ဟုSMSပို့ပါ။

www.mohnyinnews.blogspot.com

မိုးညှင်းမြို့ပေါ်မှာ လူပြောများသောသတင်းထူး မိုးညှင်းမြို့ပေါ်မှာ လူပြောများသောသတင်းထူး မိုးညှင်းမြို့ပေါ်မှာ လူပြောများသောသတင်းထူး

၂၁.၅.၂၀၁၅ ရက်နေ့ တွင် နားခါရပ်ကွက် စိမ်းရတနာမွန်မြောက် (၃)လမ်းအိမ်ပိုင်ရှင် ဦးကျော်မင်း ၏ နေအိမ်တွင်
မည်သူတစ်ဦးတစ်ယောက်ကမှမပစ်ဘဲ
ကျောက်ခဲတုံးများအလိုကျရောက်လျက်ရှိကြောင်း ထိုသို့ဖြစ်ပွားသည်လာရောက်ကြည့်ရှုသူများကမျကမြင်တွေ့ရှိခဲ့ပြီးရဲစခန်းနယ်ထိန်းအချို့နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှလည်းမယုံကြည်၍သွားရောက်ကြည့်ရှုစစ်ဆေးရာမျက်မြင်တွေ့ရှိခဲ့ရကြောင်း၊ယင်းအိမ်တွင်လက်ရှိနေထိုင်သူမှာအိမ်ရှင်ဖြစ်သူဦးကျော်မင်း၏ညီဝမ်းကွဲ မိုက္ကရိုဝေ့ဆက်သွယ်ရေးဝန်ထမ်းဦးမင်းမင်းဖြစ်ကြောင်း၊ယင်းနေအိမ်တွင် ယခင်က
၃/၄ဦးနေထိုင်ခဲ့ကြောင်း၊ယခုနေထိုင်သူဦးမင်းမင်းမှာဘာသာရေးလေ့လာလိုက်စားသူတစ်ဦးဖြစ်ပြီး၊ညစဉ် ၄င်းရရှိသောပရိတ်များရွတ်ဖတ်ပြီးမှအိပ်လေ့ရှိကြောင်းထိုသ်ု့မဖြစ်ပွားမီ ၁/၂ ရက်တွင်မှ ပဌာန်းရွတ်ပွားပြီးနောက်တွင်ယခုကဲ့သို့ဖြစ်ပွားခြင်းဖြစ်ကြောင်း။ယခုအခါအခြေအနေမှာအေးဆေးငြိမ်သက်နေပြီဖြစ်ကြောင်းစုံစမ်းသိရှိရပါသည်။

www.mohnyinnews.blogspot.com

www.mohnyinnews.blogspot.com

ဒီနေ့မနက်ပိုင်းမျက်နှာစုံညီတွေ့ဆုံမှုကြောင့် ဆေးရုံ နဲ့ မေတ္တာမွန် သံစဉ်ညီသွားပါပြီ

ကျောက်ခဲတုံးများအလိုကျရောက်လျက်ရှိကြောင်း ထိုသို့ဖြစ်ပွားပြီးနောက်တစ်ရက်တွင် ယင်းနေအိမ်၌ရဟန်းသံဃာများပင့်ပြီးပရိတ်များရွတ်ဖတ်ခဲ့ကြောင်း
၊ယင်းနေအိမ်တွင်ယခုအခါအိမ်ရှင်ဖြစ်သူအားအခြားအိမ်တွင်နေခိုင်းပြီး
ရပ်ကွက်နေသူများမှယင်းနေအိမ်အားစောင့်ကြည့်လျက်ရှိကြောင်း
သတင်းရရှိပါသည်။

www.mohnyinnews.blogspot.com

Sunday, May 24, 2015

မိုးညှင်း အ ထ က (၁) ကျောင်းအပ်လက္ခံမည့်အချိန်ဇယား မိုးညှင်း အ ထ က (၁) ကျောင်းအပ်လက္ခံမည့်အချိန်ဇယား မိုးညှင်း အ ထ က (၁) ကျောင်းအပ်လက္ခံမည့်အချိန်ဇယား

မိုးညှင်း အ ထ က (၁) ကျောင်းအပ်လက္ခံမည့်အချိန်ဇယား

မိုးညှင်း အ ထ က (၁) ကျောင်းအပ်လက္ခံမည့်အချိန်ဇယား

မိုးညှင်း အ ထ က (၁) ကျောင်းအပ်လက္ခံမည့်အချိန်ဇယား

www.mohnyinnews.blogspot.com

မိုးညှင်းမြို့ပေါ်မှာ လူပြောများသောသတင်းထူး မိုးညှင်းမြို့ပေါ်မှာ လူပြောများသောသတင်းထူး မိုးညှင်းမြို့ပေါ်မှာ လူပြောများသောသတင်းထူး

၂၁.၅.၂၀၁၅ ရက်နေ့ တွင် နားခါရပ်ကွက် စိမ်းရတနာမွန်မြောက် (၃)လမ်းအိမ်ပိုင်ရှင် ဦးကျော်မင်း ၏ နေအိမ်တွင်
မည်သူတစ်ဦးတစ်ယောက်ကမှမပစ်ဘဲ
ကျောက်ခဲတုံးများအလိုကျရောက်လျက်ရှိကြောင်း ထိုသို့ဖြစ်ပွားပြီးနောက်တစ်ရက်တွင် ယင်းနေအိမ်၌ရဟန်းသံဃာများပင့်ပြီးပရိတ်များရွတ်ဖတ်ခဲ့ကြောင်း
၊ယင်းနေအိမ်တွင်ယခုအခါအိမ်ရှင်ဖြစ်သူအားအခြားအိမ်တွင်နေခိုင်းပြီး
ရပ်ကွက်နေသူများမှယင်းနေအိမ်အားစောင့်ကြည့်လျက်ရှိကြောင်း
သတင်းရရှိပါသည်။

Thursday, May 21, 2015

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား
------
မန်မာပြည် မြောက်ပိုင်း ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ရပ်ကွက် ( ၅ )တွင် မေလ ၂၀ရက် ၂၀၁၅ ည ၈နာရီခွဲခန့်က ဦးကျော်ဆွေ အိမ်မှ စတင်ကာ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်မှုသည် ဘက်ထရီအိုးများ အားသွင်းထားခြင်းမှ ပေါက်ကွဲမှုဖြစ်ကာ လောင်ကျွမ်းရခြင်း ဖြစ်ကြောင်း သိရှိရသည်။

မီးလောင်မှု ဖြစ်ပွားသည်နှင့် ဖားကန့်မြို့နယ် မော်စီစာ ဖားကန့်မီးသတ်ဌာနများ မီးသတ်ကားများ ရောက်ရှိလာပြီး ပူးပေါင်း ငြိမ်းသတ်ခဲ့ကြောင်း ထိုသို့ငြိမ်းသတ်နေစဉ် ရတနာရောင်ခြည်ကုမ္ပဏီမှလည်း ရေဘောက်ဆာကားများဖြင့် ရေဖြည့်ကူညီပေးခဲ့ကြောင်း သိရှိရသည်။

ယင်းသို့မီးလောင်ကျွမ်းမှုကြောင့် အနီးအနားရှိဘေးအိမ် ၂ လုံးလည်း မီးကူးဆက်လောင်ကျွမ်းခံခဲ့ရကြောင်း သတင်းရရှိပါသည်။

www.mohnyinnews.blogspot.com