၃၀.၅.၂၀၁၅ ရက်နေ့ နံနက် ၀၀၁၀အချိန်ခန့်တွင် မန္တလေးမြစ်ကြီးနားလမ်းမိုင်တိုင်အမှတ်၁၇၅/၁ -၂
ကြားလွယ်ခမ်းတောင်အဆင်းတွင်
မိုးညှင်းမှမော်ဟန်ရွာဘက်သို့ယာဉ်
မောင်းဇေယျာထွန်း(ခ)အငယ်လေး
မောင်းနှင်သောယာဉ်အမှတ်၉ဂ/၈၄၅၀ တုန်ဖုန်းအပြာရောင်ယာဉ်
သည်လမ်း၏ယာဘက်ချောက်ထဲသို့ဘရိတ်ပေါက်ထိုးကျ
တိမ်းမှောက်သဖြင့်ယာဉ်ပေါ်ပါသူ ၁၄ဦးအနက်
ငြိမ်းချမ်းစိုးမှာပွဲချင်းပြီးသေဆုံးပြီး
ယာဉ်မောင်းအပါအဝင်၁၀ဦးဒဏ်ရာရရှိပြီးဒါဏ်ရာရရှိသူအနက်
မြင့်ကျော်ဆိုသူမှာစိုးရိမ်ရကြောင်း၊တုန်ဖုန်းယာဉ်မှာအင်းတော်ကြီးဒေသလွဲမွန်ရွာမှဖြစ်ကြောင်း၊သေဆုံးသူမှာငြိမ်းချမ်းစိုး၊
လွဲမွန်ရွာဖြစ်ပြီး၊စိုးရိမ်ဒဏ်ရာရရှိသူမှာမြင့်ကျော်၊
ကော်ယားကျေးရွာ၊ဟုမ္မလင်းမြို့နယ်နေသူဖြစ်
ကြောင်းသတင်းရရှိပါသည်။
နောက်ဆုံးရသတင်း မြင့်ကျော်ကဆေးရုံမှာဆုံးသွားပါတယ်
No comments:
Post a Comment