Sunday, May 3, 2015

မိုးညှင်းခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့မှ မူးယစ်ဆေးဝါး ဖမ်းဆီးမှု့များ မိုးညှင်းခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့မှ မူးယစ်ဆေးဝါး ဖမ်းဆီးမှု့များ

1.5.2015 ရက်နေ့နေ့လည် ၁၁နာရီ ၃၀ မိနစ် အချိန်ခန့်မိုးညှင်းခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့မှ
ဒုရဲအုပ်မျိုးမင်းဝင်းခေါင်းဆောင်အဖွဲ့နှင့်
သက်သေဦးနော်လာဦးဂမ်အောင်တို့သည်အောင်သပြေရပ်ကွက်(၃)နေ
ဦးသန်းမောင်၏နေအိမ်အားမူးယစ်ဆေးဝါးသတင်းအရဝင်ရောက်ရှာဖွေရာ
၎င်း၏အိပ်ယာအနီး၂ပေခန့်အကွာအုတ်နံရံအပေါက်တွင်းမှစိတ်ကြွဆေးပြား(၁၃၀)ခန့်ဖမ်းဆီးရမိကြောင်း
သတင်းရရှိပါသည်။

2.5.2015 ရက်နေ့ ည ၉ နာရီ၁၅မိနစ်အချိန်ခန့်မိုးညှင်းခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့မှ
ဒုရဲအုပ်မျိုးမင်းဝင်းခေါင်းဆောင်အဖွဲ့နှင့်
သက်သေဦးမောင်ဇော်၊ဦးညွန့်ရွှေ တို့သည်ဘီလူးကျေးရွာ သရက်ကုန်းရပ်ကွက်နေဒေါ်ညွန့်စိန်၏နေအိမ်သို့
မူးယစ်ဆေးဝါးသတင်းအရဝင်ရောက်ရှာဖွေရာ ဘိန်းဖြူဆပ်ပြာခွက်တစ်ခွက်အလေးချိန် ၁၂ ဂရမ်ခန့်ဖမ်းဆီးရမိကြောင်းသတင်းရရှိပါသည်။

မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှရဲအုပ်မင်းကြည်ဦးဆောင်သောမှုခင်းနှိမ်နင်းရေးအဖွဲ့သည်မိုးညှင်းမြို့ခရစ်ယာန်
ဘာသာရေးအခြေပြုမူးယစ်ဆေးဝါး
တိုကိဖျက်ရေးအဖွဲ့မှဦးလှဒွဲ၊ဦးဆိုင်းနော်
ခေါင်းဆောင်သောအင်အား၅၀၊နန်းမားခရစ်ယာန်ဘာသာရေးအခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှဦးဘရမ်အောင်၊ဦးယောဟန်
ခေါင်းဆောင်သောအင်အား(၁၃)ဦးပါဝင်သည့်ပူးပေါင်းအဖွဲ့သည် တောင်အင်းကျေးရွာအရှေ့ဘက်အင်ဆန်းတောင်ခြေ(လဆန်းတောင်)တွင်မူးယစ်ဆေးဝါးသတင်းအရ
၂.၅.၂၀၁၅ ရက်နေ့တွင်သွားရောက်ဖမ်းဆီးရာ အစိလေး(ခ)လင်းလင်းထွန်း ထံမှ ဘိန်းဖြူ ထည့်ထားသောပနယ်စလင်ပုလင်းအရွယ်ပလပ်စတစ်ဗူး
၆၀ ဗူး(အလေးချိန် ၃၀ ဂရမ်ခန့်)၊WY
စိတ်ကြွဆေးပြား ၂၀၀ ပြား၊ကျော်မြင့်၊ရှန့်လွန်တူး၊ဇော်မင်းဦးတို့(၃)ဦးထံမှဘိန်းဖြူထည့်ထားသည့်ပနယ်ဆလင်ပုလင်းအရွယ်
ပလပ်စတစ်ဗူး ၅ ဗူး(အလေးချိန် ၁.၅
ဂရမ်ခန့်)နှင့်ငွေ ၈၆၃၀ိ/၊ဇော်ခင်၊အောင်ဇော်သိန်း၊ထိန်လင်းဦးနှင့်စိုင်းထူးတို့ရောက်ရှိနေသည့်တောင်ခြေရှိတဲပေါ်မှ
ဘိန်းမဲများကပ်နေသည့်
ကြွပ်ကြွပ်အိတ်အပိုင်းစ(၁)စ၊တိုပါဗူး
တစ်ဗူးနှင့်ဘိန်မဲချက်သည့်ဒယ်အိုးအသေးတစ်လုံးတွေ့ရှိသိမ်းဆီးရမိပြီး၊မူးယစ်ဆေးဝါးရောင်းချသည့်နေရာတွင်သုံးစွဲရန်ရောက်ရှိနေပြီးမူးယစ်ဆေးဝါးလက်ခွဲရောင်းချသည်ဟုကျော်ဇောသူ မောင်စိုး၊
ဂျင်ဖော်တူး၊ဝင်းမြိုင်နှင့်သိန်းဝင်းတို့အားဖမ်းဆီးအရေးယူခဲ့ကြောင်း
သိရှိရပါသည်။မူးယစ်ဆေးဝါးသုံးစွဲရန်
ရောက်ရှိလာသည်ဟုဆရသူ ၇၀ ဦးခန့်အားလည်းမြို့နယ်ရဲတပ်ဖွဲမှူးရုံးသို့ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ၃.၅.၂၀၁၅ ရက်နေ့မြို့နယ်ရဲတပ်ဖွဲ့မှူး၊ခရစ်ယာန်ဘာသာအခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွှဲ့ ခေါင်းဆောင်များမှပရိုဂျက်တာများဖြင့်မူးယစ်ဆေးဝါးအသိပညာပေးဆွေးနွေးဟောပြောပြီးပြန်လည်လွတ်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

၃.၅.၂၀၁၅ ရက်နေ့နံနက်(၆)နာရီချိန်ခန့်တွင် မိုးညှင်းမြို့မရဲစခန်းမှနယ်ထိန်း ရဲအရာခံ ကြည်စိုး နှင့်အဖွဲ့သည် သက်သေ ဦးသောင်းဥာဏ်၊ဦးကျော်ကျော်ရွှေ တို့နှင့်အတူ မိုးညှင်း~ကာဒူသွားလမ်းဘေးကြက်ပေါင်ကွင်းလယ်တောရှိဦးမြင့်နိုင်၏လယ်တောနေအိမ်အားမူးယစ်ဆေးဝါးရောင်းချကြောင်းသတင်းအရမြို့နယ်မှူး၏ဝရမ်းဖြင့်ဝင်ရောက်ရှာဖွေရာဘိန်းဖြူထည့်ထားသောပနယ်ဆလင်ပုလင်းအရွယ်ကော်ဗူး(၃၈)ဗူး(အလေးချိန်စုစုပေါင်း ၁၉ ဂရမ်ခန့်)အားကြွပိကြွပ်အိတ်ငြ့်ထုတ်လျက်တွေ့ရှိသိမ်းဆည်းရမိသဖြင့်မြင့်နိုင်အား
အရေးယူခဲ့ကြောင်းသတင်းရရှိပါသည်။

by shwe naung thar


No comments:

Post a Comment