ဟော…ဇွန်လ ၁ ရက်က စပြီး တယ်လီဖုန်းကြေးတွေ၊ ငွေ ဖြည့်ကတ်တွေမှာ ၅ရာခိုင်နှုန်း အခွန်ကောက်မယ်
ဆိုလို့ ရွှေနိုင်ငံ တော်ကြီးမှာ ပူညံပူညံ အသံဗလံ တွေ ပလူ ပျံနေပါကလား။
အဲဒီလိုဆိုတော့ ကျွန်တော် ဂျပန်ရောက်စတုန်းကတီဗီမှာ ကြည့် ခဲ့ရတဲ့ ဟာသဇာတ်လမ်းတိုလေး တစ်ခုကို ပြန်အမှတ်ရလာတယ်။ ပုံပြောမယ်နော်’နား ထောင်ချင် တဲ့လူတွေ လက်ညှိုးထောင်’။
အဲဒီဇာတ်လမ်းက ရယ်စရာ ရိုက်ထားပေမယ့် သရော်တာလေး တွေ၊ ထေ့ငေါ့ထားတာလေးတွေက မိုက်တယ်။
ဖြစ်ပုံက အဘွားကြီးတစ် ယောက် အိမ်သာထဲမှာ တံခါးဂျက် ကျပြီး ပိတ်မိနေလို့ ပြန်မထွက်နိုင် ဘဲ အရပ်ကို အကူအညီအော်ခေါ် တာနဲ့စတယ်။ သူနေတာက ဂျပန် လိုခေါ်တော့ အပတ်တိုဆိုတဲ့ အပတ်မင့် အိမ်ခန်း၊ သူပိတ်မိနေ တဲ့ အိမ်သာက အပြင်လူသွား စင်္ကြံနဲ့ ကပ်လျက်ဆိုတော့ အိမ် သာပြတင်းသေးသေးကနေ မျက် နှာလေးေ ဖ်ာပြီး အပြင်ကလူနဲ့ စကား ပြောလို့ရတယ်။
ဘေးအိမ်ခန်းကလူတွေ အိမ် သာတံခါးကို ဖွင့်ပေးဖို့ အဘွား ကြီးရဲ့ အိမ်ခန်းထဲကို ဝင်မယ်လုပ် တော့ အိမ်ခန်းတံခါးကလည်း အတွင်းက သော့ခတ်ထားလို့ ဝင် မရပြန် ဘူး။ အဲဒီအချိန်မှာ စက် ဘီးနဲ့ ကင်းလှည့်လာတဲ့ ရဲတစ် ယောက်ကို အကူအညီတောင်းကြတယ်။ ဂျပန်မှာ အိုမာဝါရိစံ (ကင်း လှည့်ရဲဘော်)ဟာ တာဝန်ကျရပ် ကွက်ထဲ မှာတစ်နာရီတစ်ခါ လောက် စက်ဘီးနဲ့ ရဲကင်းလှည့်တာ ထုံးစံ ပါ။ ရာဇဝတ်မှုနည်းပါးတာလည်း မပြောနဲ့။
အဲဒီမှာ ရဲနဲ့အိမ်သာထဲက အဘွားကြီး အပြန်အလှန် အချေ အတင် ပြောကြတာကို ဇာတ်လမ်း ဆင်ထားတာ။ (လိုရင်းကိုပဲ အတို ချုပ်ရေးပါမယ်။)
”အိုဘာစံ (အဒေါ်ကြီး) ခင်ဗျားဖာသာ အိမ်သာထဲမှာ ဂျက်ကျနေတဲ့ကိစ္စကရာဇဝတ်မှုခင်း မဟုတ်ဘူး၊ ရဲနဲ့မဆိုင်ဘူး။ ကိုယ့် ဖာသာသော့ပြင်ဆရာ ခေါ်မှပေါ့”
”ဟဲ့…ငါမှ အပြင်မထွက် နိုင်ဘဲ ဘယ်လိုလုပ် သွားခေါ်ရမလဲ သေနာရဲ့၊ ပြီးတော့ ငါအပြင်ထွက် နိုင်
မှတော့ သော့ပြင်ဆရာလည်း မလိုဘူး။ နင်လည်း မလိုဘူး”
”ဟင်…ဒါလည်း ဟုတ် သားပဲ၊ ကျွန်တော်တို့ ရဲတွေကို သော့ဖွင့်တဲ့နည်း သင်ပေးမထား ဘူး။ အတွင်းက သော့ခတ်ထားတဲ့ အဒေါ့်အိမ်ခန်းတံခါးကို ကျွန် တော်လည်း မဖွင့်တတ်ဘူး။
”နင်မဖွင့်တတ်ရင် ဖွင့်တတ် တဲ့သူကို တွေ့အောင်ရှာပြီး ခေါ် လာပေါ့ဟဲ့။ နင်တို့ရဲတွေ ဒီလောက် ညံ့ရသလား”
”အဲဒါက ရဲအလုပ်မဟုတ် ဘူးလေ။ ကိုယ့်ဖာသာ ဖြစ်တဲ့ကိစ္စ ကိုယ့်ဖာသာ ရှင်းမှပေါ့”
ပြောပြောဆိုဆို ရဲကထွက် သွားမယ်လုပ်တော့ အဘွားကြီးက လှမ်းတားပြန်တယ်။
”ဟဲ့ နေဦး နေဦး၊ ကြောင် ကလေးတစ်ကောင် ဓာတ်တိုင်ပေါ် ကမဆင်းတတ်ဘဲအော်နေတာတွေ့ ရင် နင်တို့ရဲတွေ ဘာလုပ်သလဲ”
”ဓာတ်တိုင်ပေါ် တက်ပြီး အောက်ကိုချပေးရတာပေါ့”
”နင်က ဓာတ်တိုင်ပေါ်ကျ တော့ တက်တတ်သလား”
”မဟုတ်ဖူးလေ၊ မီးသတ်ကား ကို ခေါ်ပေးရတာပေါ့။ မီးသတ် ရဲဘော်က လှေကားနဲ့ တက်ပြီး
ကြောင်ကို ပွေ့ခေါ်ရတာ”
”သြော်… ကြောင်ကိုကျ တော့ ဒီလိုကူညီပေးတယ်။ ငါက လူဟဲ့ လူ၊ လူကျတော့ ဒီလို ပစ်ထားလို့ ရမလား”
”ကြောင်က သူ့ဖာသာ မလုပ် တတ်လို့ ကူညီရတာ၊ လူက ကိုယ့် ဖာသာ ရှင်းတတ်တယ်။ ကဲ.. သွား မယ်ဗျာ၊ ကျွန်တော့်မှာ အလုပ်တွေ ရှိသေးတယ်”
ရဲက အိမ်အောက်ကို ဆင်း သွားတော့ အဖွားကြီးက ပြတင်း ပေါက်က ကုန်းအော်တယ်။
”ဟဲ့…လူတစ်ယောက်လုံး ဒုက္ခရောက်နေတာ မကူညီတဲ့ရဲ၊ အလကားကောင်၊ ဇေကင်ဒိုရ ဘော် (…)”
အဘွားကြီးအော်တဲ့ ”ဇေကင်ဒို ရဘော်”ဆိုတာ ”အခွန်သူခိုး” ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ အဲဒီ စကားလုံးဟာ ရဲလို အစိုးရလခစား ဝန်ထမ်းတွေအတွက် သေမ လောက် နာတယ်။ ပြည်သူဆီက အခွန်ကောက်ခံထားတဲ့ ငွေနဲ့ လစာယူထားပြီး တာဝန်ကျေအောင်မလုပ်ရင် သူခိုးနဲ့ အတူတူ ပဲလို့ ဂျပန်တွေက ယူဆတယ်လေ။
ဇေကင်ဒိုရဘော်လို့ အဘွား ကြီးအော်တဲ့ အသံကြားတာနဲ့ ရဲ လည်း မျက်စိမျက်နှာပျက်ပြီး အိမ် ပေါ်ကို ကပျာကယာ ပြန်တက်လာ ရတာပေါ့။
”အဒေါ်ကြီး ခင်ဗျားအသံက တစ်ရပ်ကွက်လုံးကြားတယ်။ အဲဒီ ဇေကင်ဒိုရဘော် ဆိုတာကြီးကို မအော်ပါနဲ့”
”အေး…ငါမအော်စေချင် ရင် သော့ပြင်ဆရာ သွားခေါ်ချည်။
”ဟုတ်ကဲ့..ဟုတ်ကဲ့… ကျွန်တော် အခုသွားခေါ်မယ်။ မအော် နဲ့တော့နော်”
”နင်သွားလို့ မဖြစ်ဖူး၊ တစ် ခြားရဲတစ်ယောက်ကို သွားခေါ် ခိုင်း၊ သော့ပြင်ဆရာမလာခင်ငါလို အပ်တာရှိရင်နင့်
ကိုခိုင်းရဦးမယ်”
ဒါနဲ့ ရဲလည်း ဝေါ်ကီတော်ကီနဲ့ လှမ်းပြောပြီး ရဲကားတစ်စင်းနဲ့ သော့ပြင်ဆရာ သွားပင့်ခိုင်းရတာ ပေါ့။
ဒီကြားထဲမှာ အဘွားကြီးက ရေငတ်တယ်ဆိုလို့ သောက်ရေ ခပ်ပေးရ၊ စီးကရက်သောက်ချင် တယ်ပြောလို့ ရှာပေးရနဲ့ ခိုင်းသမျှ လုပ်ရင်း ရဲခမျာလည်း ဖတ်ဖတ် မောနေတာ အရမ်းရယ်ရတာပဲ။ ဇာတ်လမ်းရှည်မှာ စိုးလို့ ချန်ထား လိုက်မယ်။
သော့ပြင်ဆရာ ရောက်လာပြီး တံခါးဖွင့်ပေးလိုက်တော့ အဘွား ကြီးလည်း ရဲကို ကျေးဇူးတင်စကား တွေ ဘာတွေပြော၊ ရဲလည်း လေ ပူကြီး မှုတ်ထုတ်ပြီး သွားတော့မယ် ဟန်ပြင်တုန်း သော့ပြင်ဆရာက သူ့လက်ခကို ဘယ်သူ ပေးမှာလဲလို့ မေးတယ်။ ရဲနဲ့အဘွားကြီး အဲဒီမှာ သူပေးလိမ့်မယ်၊ ငါပေးလိမ့်မယ် အပြန်အလှန် ငြင်းကြပြန်ရော။
”ဟဲ့..နင့်ကို ငါ ဥပမာပေး ခဲ့သလို ဟိုဓာတ်တိုင်ပေါ်က ကြောင် ကလေးကို နင်ပိုက်ဆံတောင်း သလား၊ နင်တို့ရဲတွေရော၊ မီး သတ်ရောလုပ်အားခ၊ ဓာတ်ဆီဖိုး၊ လှေကား ဖိုး ဘယ်သူ့ဆီက တောင်း သလဲ၊ ငါတို့ပြည်သူတွေဆီက အခွန်ယူထားတာဘာအတွက်လဲဟင်”
အဘွားကြီးက ပြောပြောဆိုဆို ခုနစ်သံချီဟစ်မလို့ ”ဇေကင်…”” လို့ အသံပစ်လိုက်တာနဲ့ ရဲလည်း သူ့ပါးစပ်ကို အတင်းပိတ်ပြီး ဘောင်းဘီထဲက ပိုက်ဆံအိတ်လေး ထုတ်လိုက်ရပါတော့တယ်။
သြော်…ပုံပြင်လေးထဲ မှာတော့ ပြည်သူ့ဆီက အခွန်တွေ ကောက်ပြီး တာဝန်ကျေပြွန်အောင် လုပ်မပေးရင် ဂျပန်ပြည်မှာ အခွန် သူခိုး (ဇေကင်ဒိုရဘော်) လို့ ခေါ် တယ်ကွဲ့။ ကလေးတို့ မှတ်ထားကြ နော်။
Popular
မိုးညှင်းသတင်း apk သို့သတင်းနှင့် ကြော်ငြာများပေးပို့ရန် mohnyinnews@gmail.com (သို့မဟုတ်) www.facebook.com/mohnyintoday သို့ဝင်ရောက်၍ message box မှလဲပေးပို့နိုင်ပါတယ် ဘာသာရေးပွဲများ ပရဟိတပွဲများကို
www.mohnyinnews.blogspot.com
No comments:
Post a Comment