KIAအဖွဲ့ထောင်ထားသောမိုင်းအား ၎င်းတို့တပ်ဖွဲ့ဝင် ၂ ဦး နင်းမိပေါက် ကွဲ၍ သေဆုံး
Monday, May 4, 2015
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ နန့်မီးလောင်ကျေးရွာ အနောက်မြောက်ဘက်တွင် KIA အဖွဲ့မှ ထောင်ထားသောမိုင်းအား ယင်းတို့တပ်ဖွဲ့ဝင် ၂ ဦး နင်းမိပေါက်ကွဲရာမှ သေဆုံးသွားကြောင်း သတင်း ရရှိသည်။
အဆိုပါဖြစ်စဉ်မှာ မေလ ၁ ရက်၊ ည ၇ နာရီအချိန်ခန့်တွင် နန့်မီးလောင်ကျေး ရွာ အနောက်မြောက်ဘက်ရှိ နန့်စတုံးရွာဟောင်း၏ အနောက် ဘက် ၁ မိုင်ခန့်အကွာတွင် KIAတပ်ဖွဲ့ဝင် ၂ ဦးသည် ၎င်းတို့ အဖွဲ့ထောင် ထားသောမိုင်းအား နင်းမိပေါက်ကွဲ၍ နေရာမှာပင် ပွဲချင်းပြီးသေ ဆုံးသွားခြင်းဖြစ်ကြောင်း နန့်မီးလောင်ကျေးရွာ ဒေသခံ ရွာသားများထံမှ သိရသည်။
“ မိုင်းကွဲသံကြားလို့ သွားကြည့်တာ၊ KIAတပ်ဖွဲ့ဝင် ၂ ယောက် လဲပြီးတော့သေနေတာတွေ့တယ်၊ ဟိုတစ် လောကပဲ သူတို့အဖွဲ့တွေ ဒီနားမှာ မိုင်းလာထောင်ကြသေးတယ်၊အခုတော့ ကိုယ့်မိုင်း ကိုယ်နင်းမိတာပေါ့ ” ဟု နန့်မီးလောင်ကျေးရွာ တောင်ယာ လုပ်ငန်းလုပ်ကိုင်လျက်ရှိသော ဒေသခံရွာသားတစ်ဦးက ပြောသည်။
KIAတပ်ဖွဲ့အနေဖြင့် အစိုးရစစ်ကြောင်းများ လာရာလမ်းတစ်လျှောက် တွင် မြေမြုပ်မိုင်းများထောင်လေ့ရှိ ကြောင်း၊ ထိုသို့ မိုင်းထောင်ရာ တွင် ကျေးရွာပတ်ဝန်းကျင်များတွင်ပါ ထောင်နေသောကြောင့် အနီးပတ်ဝန်း ကျင်မှ ဒေသခံရွာသူ၊ရွာသားများ စိုးရိမ်ထိတ်လန့်လျက်ရှိနေကြကြောင်း အင်းတော်ကြီးဒေသရှိ ကျေးရွာအုပ်စု များမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
KIAအဖွဲ့သည် ဒေသအတွင်း ကျေးရွာများ၏ လှည်းလမ်းကြောင်း များ၊ ချောင်းစပ်များနှင့် လယ်ကွင်းများအနီး တွင် မိုင်းများလာထောင်လေ့ ရှိနေသောကြောင့် ဒေသခံရွာသားများမှာ အမြဲပူပန်စိုးရိမ်လျက်ရှိကြောင်း၊ ထို့ပြင် ကျေးရွာများထံမှ ဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်းခြင်းများ ကိုလည်း အမြဲလုပ်ဆောင်နေကြကြောင်း နှင့် ဒေသအတွင်းရှိ ပြည်သူများမှာ အမြဲစိတ်သောက ရောက်ရသောကြောင့် ယင်းတို့ကျေးရွာများမှ စွန့်ခွာ၍ မြို့ပေါ်များသို့ ထွတ်ပြေးတိမ်းရှောင်လာကြကြောင်း မိုးညှင်းမြို့နယ် အုပ်ချူပ်ရေးမှူးမှ ပြောကြားသွားသည်။
စိုင်းနောင်လု
Kachin Daily News

Monday, May 4, 2015
KIAအဖွဲ့ထောင်ထားသောမိုင်းအား ၎င်းတို့တပ်ဖွဲ့ဝင် ၂ ဦး နင်းမိပေါက် ကွဲ၍ သေဆုံး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment