Tuesday, July 28, 2015

ဒီမနက် မြစ်ကြီးနားကနေပြန်တော့ ရေကြီးလို့ ရထားတွေ ပုံမှန်မဖြစ်သေးတာ နဲ့အစောဆုံးရထားဖြစ်တဲ့ (၆း၄၅)နာရီ မှာထွက်တဲ့ အမှတ်(၅၀)အစုန် နဘား စာပို့လော်ကယ်ရထားနဲ့ပဲ ဖြစ်သလို ပြန်ခဲ့ရတယ်။

ဒီမနက် မြစ်ကြီးနားကနေပြန်တော့
ရေကြီးလို့ ရထားတွေ ပုံမှန်မဖြစ်သေးတာ
နဲ့အစောဆုံးရထားဖြစ်တဲ့ (၆း၄၅)နာရီ မှာထွက်တဲ့ အမှတ်(၅၀)အစုန် နဘား
စာပို့လော်ကယ်ရထားနဲ့ပဲ ဖြစ်သလို
ပြန်ခဲ့ရတယ်။
မိုးကောင်းကနေသွားရင် RBEကားရထားက
အစောဆုံး အခုထိ ပုံမှန်ပဲ......
အပြန်ရထားပေါ်မှာဗျာ
ရထားက ဈေးသည်တွေအများဆုံးစီး
တဲ့ ရထားပီပီ  မြစ်ကြီးနားက ထွက်တဲ့
ဒညှင်းသီး၊ နာနတ်သီးတွေ တင်လာ
တာမှ ဒင်းကြမ်းပဲ
နိုင်ငံတော်ကတော့ တန်ဆာခ အခွန်တွေ
ရမှာပေါ့
ရထားက လူစီးတွဲ (၃)တွဲ နဲ့ ကုန်တွဲ
ဂါတ်တွဲပေါင်း အားလုံး (၁၀)တွဲပါတယ်
ရထားက ခုံနံပါတ်နဲ့ မရောင်းတော့
စီးတဲ့လူအားလုံး ဦးရာလူစနစ်နဲ့ စီးရ တာပေါ့
ကုန်သည်တွေစီးတဲ့ ကုန်ရထားဖက်စပ်
လူစီးရထားပီပီ.......
လူစီးတွဲ မှာလည်း ကုန်တွေ ခြေချစရာ
မရှိအောင်တင် လာတော့
ပုံမှန်စီးနေကြလူမဟုတ်သူ တွေအတွက်တော့
   နေရာ အခက်အခဲ ဖြစ်ရတယ်။
   အရေထဲ လူစီးခုံတန်မှာ ပြည်သူ့ချဉ်ဖတ်တွေက လုံခြုံရေးအကြောင်းပြပြီး  
   လူစီးနေရာ ခုံတန်း နှစ်တန်း လူဆယ်ယောက်စာခန့်ကို နယ်ချဲ့တယ်။
   ရထားထွက်လာနီးမြစ်ကြီးနားဘူတာက
   လက်မှတ်စစ်က ငွေညစ်တော့
   က္လုန်သယ်က ငွေလမ်းခင်းရတာကို
   တွေ့လိုက်တယ်
   စဉ်းစားမိတယ်ဗျာ  တန်ဆာခပေးပြီး လည်း မရပါလား ။
   ရထားထွက်တော့ နယ်ချဲ့ ကောင်စီက
   အသံထွက်လာတယ် သူလည်း ပေး
   ရမယ်တဲ့ မပေးရင်  ရထားပေါ်က ဆွဲချ မယ်ဆိုပဲ ပြီးတော့ ပြောသေး
   နင်တို့ က လက်မှတ်စစ်နဲ့ပဲ ဆိုင်တယ် ဆိုပြီး လူပါးမ၀နဲ့တဲ့ လက်မှတ်
   စစ်ပဲ ဗိုက်ပါတာ မဟုတ်ဘူး
   ငါတို့လည်း ဗိုက်ပါတယ် ရတဲ့ လစာ
   ၂ပဲ ၆ပြားနဲ့ ရထားပေါ် လုံခြုံရေးလိုက်
   နေရတာ
   အိမ်က မိန်းမနဲ့ကလေး မြက်တွေ
   ကောက်ရိုးတွေ စားခိုင်းထားရမှာလား
   စသဖြင့် လာဘ်ငွေကို ဗြောင်ပြောပြီး
   တောင်းတယ်ဗျာ လစာငွေတွေ အကြိမ်ကြိမ်တိုးထားပေးတာတောင်
   သူ့အတွက်က မလောက်သေးဘူး
   ကျနော် ကိုယ်တိုင် မြင်တွေ့ခဲ့တာပါ။
   ကုန်ဈေးနှုန်တွေ တက်မှာပေါ် သယ်ယူ ပို့ဆောင်စရိတ်မှာ မလိုအပ် ပဲ
   လက်မှတ်စစ်လည်းထပ်ပေးရ
   ရထားရဲကလည်း မဆိုင်ဘဲတောင်း
   ဆိုတော့ ကျနော် တို့ သားသုံးသူတွေ
   ခံရပြီပေါ့
   သက်ဆိုင်ရာကတွေ ဖော်ထုတ်အရေးယူ ပေးသင့်တယ်
   အခုလို ကာလမှာ သောင်းကျန်း ချင်တိုင်း သောင်းကျန်း နေတဲ့ ၀န်ထမ်းဆိုး
   တွေကို .......



No comments:

Post a Comment