Tuesday, July 28, 2015
အင်းတော်မြို့နယ် မော်လူးဒေသ ရေကြီးမှုဒဏ်ခံခဲ့ရသော လမ်း၊ တံတားများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများပြု လုပ် =============================
အင်းတော်မြို့နယ် မော်လူးဒေသ ရေကြီးမှုဒဏ်ခံခဲ့ရသော လမ်း၊ တံတားများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများပြု လုပ်
==========================================
ကသာ ဇူလိုင် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင် အင်းတော်မြို့နယ်အတွင်း မိုးများစွာ ရွာသွန်းခဲ့ခြင်းကြောင့် မော်လူးကျေးရွာတွင် ရေကြီး၊ ရေလျှံမှု ဇွန် ၂၄ ရက်က မကြုံစဖူးကြုံတွေ့ခဲ့ရာ လမ်း၊ တံတားနှင့် ရထားလမ်းများ၊ စပါးခင်းများ ရေမြုပ်ပျက်စီးမှု ကြုံ တွေ့ခဲ့ရကြောင်း သိရသည်။
ယခုအခါ မိုးရွာသွန်းမှုလျော့နည်း သဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များကို ဒေသခံပြည်သူများနှင့် ဌာန ဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ အထက်ပိုင်းသို့ ကုန်စည်နှင့်ခရီးသည်များ သွားလာ နိုင်စေရန် အရေးပါသည့် မီးရထား လမ်းကို မြန်မာ့မီးရထားမှတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပါဝင် ကူညီလျက် လျင်မြန်စွာပြီးနိုင်ရေး နေ့/ည စက်ယန္တရားအားနှင့် သက် ဆိုင်ရာဌာနများဖြင့် ကြိုးစားဆောင် ရွက်လျက်ရှိရာ မကြာမီရထားလမ်းပွင့် လာမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
မဟာဗျူဟာ မန္တလေး-မြစ်ကြီးနားလမ်းပေါ်ရှိ မော်လူးနှင့် ဟဲနုနယ်ကြားရှိ မဟာဗျူဟာလမ်း တံတားပြုပြင်ရန် အချိန်ယူရဦးမည် ဖြစ်သည့်အတွက် ခရီးသည်တင်နှင့် ကုန်တင်ယာဉ်များ သတိထား မောင်းနှင်ကြရန် တာဝန်ရှိသူများက အသိပေးလျက်ရှိသည်။
လမ်းပန်းဆက်သွယ်ရေး ကောင်း မွန်စေရေးနှင့် ကုန်သွယ်စီးဆင်း မြန်ဆန်စေရေး ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း၊ အချိန်တိုအတွင်း ရေများ လျော့နည်းသွားစေရေး အတွက် ရေလမ်းကြောင်းရှိ အမှိုက် သရိုက်များကို ရှင်းလင်းရာတွင် မည်သူမဆို ပူးပေါင်းပါဝင် လုပ်အား ဒါန အကူအညီပေးနိုင်ကြောင်းမော်လူး ဒေသခံများက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့က အစိုးရဌာနများ၏ လမ်းညွှန် ချက်ဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ ရပ်ရွာတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း၊ ရေကျသွားသည့် နေရာများတွင် ပုံမှန်အနေအထား ရှိလာ၍ ထူထောင်ရေးလုပ်ငန်းများကို ဇူလိုင် ၂၆ ရက်တွင် ပြုလုပ်လျက် ရှိကြောင်း ဒေသခံတစ်ဦးထံမှ သိရ သည်။ ငွေအိုး(ကသာ)
No comments:
Post a Comment