Tuesday, July 28, 2015
သပိတ်ကျင်းမြို့ တောင်လယ်ကျေးရွာ၌ တောင်ကျရေစီးဝင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ရေစီးဖြင့်မျောပါပျောက်ဆုံး ==========================================
သပိတ်ကျင်းမြို့ တောင်လယ်ကျေးရွာ၌ တောင်ကျရေစီးဝင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ရေစီးဖြင့်မျောပါပျောက်ဆုံး
==========================================
သပိတ်ကျင်း ဇူလိုင် ၂၈
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ်တွင် ဇူလိုင် ၂၅ ရက်က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျောက်ဖြူကျေးရွာအုပ်စု တောင်လယ်ကျေးရွာ၌ မောင်ဂွေးချောင်းမှ တောင်ကျရေများစီးဝင်လာပြီး နံနက် ၁ နာရီခွဲခန့်တွင် ချောင်းနံဘေးရှိ နေအိမ်များမှ အမျိုးသား လေးဦးနှင့် အမျိုးသမီးလေးဦးတို့ ရေထဲမျောပါခဲ့ရာ ငါးဦးကို သေဆုံးလျက် ပြန်လည် ရှာဖွေတွေ့ရှိခဲ့ပြီး သုံးဦးမှာ ပျောက်ဆုံးလျက်ရှိသည်။
အဆိုပါ တောင်ကျရေနှင့်အတူ တောင်လယ်ကျေးရွာမှ နွား ၂၃ ကောင်နှင့် ကျွဲတစ်ကောင် မျောပါပျောက်ဆုံးပြီး စပါးခင်းများလည်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
တောင်လယ်ကျေးရွာသည် မန္တလေး-မိုးမိတ်ကားလမ်းနံဘေး၌ တည်ရှိ ပြီး အိမ်ထောင်စု ၅ဝ၁ စုနှင့် လူဦးရေ ၂ဝ၃၈ ဦးနေထိုင်ကြောင်း၊ တောင်လယ် ကျေးရွာနှင့် တွင်းငယ်ကျေးရွာအတွင်းရှိ ရေညှာဦးတံတားနှင့် တောင်လယ် ကျေးရွာချောင်းကူးတံတားများ ပျက်စီးခဲ့သဖြင့် လမ်းပန်းဆက်သွယ်ရေးအခက် အခဲများဖြစ်ပေါ်လျက်ရှိရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်းအဖွဲ့သည် ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင် ခြင်း၊ လမ်းတံတားများ ပြန်လည်ပြုပြင်ခြင်းနှင့် ယာယီတံတားများ ဆောက် လုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)
No comments:
Post a Comment