Tuesday, July 28, 2015

မော်လူးတွင်ရေကြီးရေလျှံ၍ သောက်သုံးရေပြတ်လပ် စေတနာရှင်လူငယ်များက သောက်သုံးရေအခမဲ့ဖြန့်ဝေ

မော်လူးတွင်ရေကြီးရေလျှံ၍ သောက်သုံးရေပြတ်လပ် စေတနာရှင်လူငယ်များက သောက်သုံးရေအခမဲ့ဖြန့်ဝေ ===================================== မော်လူး ဇူလိုင် ၂၈ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူး ၌ ဇူလိုင်၂၅ ရက်က စတင်ခဲ့သော ရေကြီးရေလျှံမှုဖြစ် စဉ်များကြောင့် သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူများ အဖွဲ့ စေတနာရှင်လူငယ်များက သောက်သုံးရေပြတ်လပ် နေသော ကျေးရွာများသို့ သန့်ရှင်းသော သောက်သုံးရေများ ကို မော်တော်ယာဉ်ဖြင့် အိမ်တိုင်ရာရောက် အခမဲ့ဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရသည်။ ဇူလိုင် ၂၄ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မော်လူးကျောက်ဆည် သဘာဝရေပေးဝေရေးကန် ပျက်စီးခဲ့သဖြင့် မော်လူးမြို့ပေါ်ရှိ ခြောက်ရပ်ကွက်၊ စီးမော် ကျေးရွာနှင့် အုန်းဒုတ်ကျေးရွာများသည် သောက်သုံးရေ အခက်အခဲဖြစ်ခဲ့ရသည်။ ''ကျွန်တော်တို့ သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးတဲ့ လူငယ် အဖွဲ့က မော်လူးမှာ မိုးသည်းထန်စွာရွာပြီးကတည်းက ရေပေးဝေရေးကန်ပျက်စီးခဲ့လို့ မော်လူးနဲ့ နှစ်မိုင်ကျော် ဝေးတဲ့ စီပိန်းကျေးရွာက ကိုကျော်မိုးရေတွင်းကနေ စက်နဲ့ စုပ်တင်ပြီးတော့ မော်တော်ယာဉ်နဲ့ အိမ်တိုင်ရာရောက် အခမဲ့ဖြန့်ဝေပြီး ရေကုသိုလ်ပြုလုပ်ပေးနေတာ အိမ်ထောင် စု ၂ဝဝဝ ကျော်အထိပါ။ အခုဆိုရင် နှစ်ရက်မြောက်ရှိပါပြီ။ မော်လူးကျောက်ဆည် သဘာဝရေကန် ပြန်လည်တည် ဆောက်ပြီးစီးသည်အထိ ကြိုးစားပြီး ရေကုသိုလ်ပြုတဲ့ လုပ်ငန်းကို လုပ်ဆောင်သွားမှာပါ'' ဟု သဘာဝပတ်ဝန်း ကျင် ချစ်မြတ်နိုးသူ လူငယ်များအဖွဲ့ခေါင်းဆောင် ဦးသိန်းလွင်က ပြောပြသည်။ (၁၄၉) မော်လူးတွင်ရေကြီးရေလျှံ၍ သောက်သုံးရေပြတ်လပ် စေတနာရှင်လူငယ်များက သောက်သုံးရေအခမဲ့ဖြန့်ဝေ ===================================== မော်လူး ဇူလိုင် ၂၈ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူး ၌ ဇူလိုင်၂၅ ရက်က စတင်ခဲ့သော ရေကြီးရေလျှံမှုဖြစ် စဉ်များကြောင့် သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူများ အဖွဲ့ စေတနာရှင်လူငယ်များက သောက်သုံးရေပြတ်လပ် နေသော ကျေးရွာများသို့ သန့်ရှင်းသော သောက်သုံးရေများ ကို မော်တော်ယာဉ်ဖြင့် အိမ်တိုင်ရာရောက် အခမဲ့ဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရသည်။ ဇူလိုင် ၂၄ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မော်လူးကျောက်ဆည် သဘာဝရေပေးဝေရေးကန် ပျက်စီးခဲ့သဖြင့် မော်လူးမြို့ပေါ်ရှိ ခြောက်ရပ်ကွက်၊ စီးမော် ကျေးရွာနှင့် အုန်းဒုတ်ကျေးရွာများသည် သောက်သုံးရေ အခက်အခဲဖြစ်ခဲ့ရသည်။ ''ကျွန်တော်တို့ သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးတဲ့ လူငယ် အဖွဲ့က မော်လူးမှာ မိုးသည်းထန်စွာရွာပြီးကတည်းက ရေပေးဝေရေးကန်ပျက်စီးခဲ့လို့ မော်လူးနဲ့ နှစ်မိုင်ကျော် ဝေးတဲ့ စီပိန်းကျေးရွာက ကိုကျော်မိုးရေတွင်းကနေ စက်နဲ့ စုပ်တင်ပြီးတော့ မော်တော်ယာဉ်နဲ့ အိမ်တိုင်ရာရောက် အခမဲ့ဖြန့်ဝေပြီး ရေကုသိုလ်ပြုလုပ်ပေးနေတာ အိမ်ထောင် စု ၂ဝဝဝ ကျော်အထိပါ။ အခုဆိုရင် နှစ်ရက်မြောက်ရှိပါပြီ။ မော်လူးကျောက်ဆည် သဘာဝရေကန် ပြန်လည်တည် ဆောက်ပြီးစီးသည်အထိ ကြိုးစားပြီး ရေကုသိုလ်ပြုတဲ့ လုပ်ငန်းကို လုပ်ဆောင်သွားမှာပါ'' ဟု သဘာဝပတ်ဝန်း ကျင် ချစ်မြတ်နိုးသူ လူငယ်များအဖွဲ့ခေါင်းဆောင် ဦးသိန်းလွင်က ပြောပြသည်။ (၁၄၉)

No comments:

Post a Comment