ဘီလူးမြို့၌ ထရန်စဖော်မာလေးလုံး တပ်ဆင်ပြီးစီး၊ လျှပ်စစ်မီးလင်းတော့မည်
=============================================
မိုးညှင်း ဇူလိုင် ၁၁
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဘီလူးမြို့တွင် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေးအတွက် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်လျက်ရှိရာ ၂ဝဝ ကေဗွီ ထရန်စဖော်မာ လေးလုံးမြောက်ကို ဇူလိုင်လပထမပတ်က ဘီလူးမြို့ ဈေးကုန်းရပ်ကွက်တွင် တပ်ဆင်နိုင် ခဲ့ကြောင်း သိရသည်။
ဘီလူးမြို့တွင် ယခင်က ထရန်စဖော်မာ ၂ဝဝ ကေဗွီ သုံးလုံးကို တပ်ဆင်ပေးနိုင်ခဲ့ပြီး ယခုအခါ ထပ်မံ၍ ဈေးကုန်းရပ်ကွက်တွင် ၂ဝဝကေဗွီ ထရန်စဖော်မာတစ်လုံးကို တပ်ဆင်ပေးခြင်းဖြစ်ကြောင်းရွိုင်ရယ် ကုမ္ပဏီမှ တာဝန်ယူတပ်ဆင် ဆောင်ရွက်ပေးသူ ဦးဇော်မင်းဦးက ပြောကြားသည်။
ဘီလူးမြို့ ၂၄ နာရီ မီးလင်းရေး ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ရာ တွင် ၁၁ ကေဗွီ မဟာဓာတ်အားလိုင်းမှ ဓာတ်အားလိုင်းများ သွယ်ယူရာတွင် ၂ဝ၁၂ ခုနှစ် မေ ၅ ရက်မှစတင်ကာ ကွန်ကရစ် ဓာတ်တိုင်များ စိုက်ထူခြင်း၊ တန်းြေ<ွကသီးဂူတင်များကို သုံးမိုင် ထိ ကနဦးတပ်ဆင်နိုင်ခဲ့ရာမှ နောက်ထပ်လေးမိုင်ကို ဆက်လက် တပ်ဆင်သွားမည်ဖြစ်ကြောင်း၊ ကိုယ့် အားကိုယ်ကိုး မတည်သုံးစွဲငွေမှာ ၂ဝ၁၅ ဇူလိုင်လအထိသုံးစွဲငွေ ကျပ်သိန်း ၁၇ဝဝ ထိရှိကြောင်း ဘီလူးမြို့ ၂၄ နာရီ မီးလင်းရေး ကော်မတီမှ ဦးစိုးမြင့်နိုင်က ပြော သည်။ (၁၄၉) ဘီလူးမြို့၌ ထရန်စဖော်မာလေးလုံး တပ်ဆင်ပြီးစီး၊ လျှပ်စစ်မီးလင်းတော့မည်
=============================================
မိုးညှင်း ဇူလိုင် ၁၁
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဘီလူးမြို့တွင် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေးအတွက် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်လျက်ရှိရာ ၂ဝဝ ကေဗွီ ထရန်စဖော်မာ လေးလုံးမြောက်ကို ဇူလိုင်လပထမပတ်က ဘီလူးမြို့ ဈေးကုန်းရပ်ကွက်တွင် တပ်ဆင်နိုင် ခဲ့ကြောင်း သိရသည်။
ဘီလူးမြို့တွင် ယခင်က ထရန်စဖော်မာ ၂ဝဝ ကေဗွီ သုံးလုံးကို တပ်ဆင်ပေးနိုင်ခဲ့ပြီး ယခုအခါ ထပ်မံ၍ ဈေးကုန်းရပ်ကွက်တွင် ၂ဝဝကေဗွီ ထရန်စဖော်မာတစ်လုံးကို တပ်ဆင်ပေးခြင်းဖြစ်ကြောင်းရွိုင်ရယ် ကုမ္ပဏီမှ တာဝန်ယူတပ်ဆင် ဆောင်ရွက်ပေးသူ ဦးဇော်မင်းဦးက ပြောကြားသည်။
ဘီလူးမြို့ ၂၄ နာရီ မီးလင်းရေး ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ရာ တွင် ၁၁ ကေဗွီ မဟာဓာတ်အားလိုင်းမှ ဓာတ်အားလိုင်းများ သွယ်ယူရာတွင် ၂ဝ၁၂ ခုနှစ် မေ ၅ ရက်မှစတင်ကာ ကွန်ကရစ် ဓာတ်တိုင်များ စိုက်ထူခြင်း၊ တန်းြေ<ွကသီးဂူတင်များကို သုံးမိုင် ထိ ကနဦးတပ်ဆင်နိုင်ခဲ့ရာမှ နောက်ထပ်လေးမိုင်ကို ဆက်လက် တပ်ဆင်သွားမည်ဖြစ်ကြောင်း၊ ကိုယ့် အားကိုယ်ကိုး မတည်သုံးစွဲငွေမှာ ၂ဝ၁၅ ဇူလိုင်လအထိသုံးစွဲငွေ ကျပ်သိန်း ၁၇ဝဝ ထိရှိကြောင်း ဘီလူးမြို့ ၂၄ နာရီ မီးလင်းရေး ကော်မတီမှ ဦးစိုးမြင့်နိုင်က ပြော သည်။ (၁၄၉)
No comments:
Post a Comment