Tuesday, July 28, 2015

အ၀ါရောင်မုန်တိုင်းငယ်ဆက်လက်တည်ရှိ ==============================

အ၀ါရောင်မုန်တိုင်းငယ်ဆက်လက်တည်ရှိ ============================== ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသော မုန်တိုင်း ငယ်သည် သိသိသာသာရွေ့လျားခြင်းမရှိဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်း မြို့၏ အနောက်-အနောက်တောင်ဘက် မိုင် ၉ဝ ခန့်၊ မြန်မာနိုင်ငံ မောင်တောမြို့၏ အနောက်-အနောက်မြောက်ဘက် မိုင် ၁၄ဝ ခန့်နှင့် စစ်တွေမြို့၏ အနောက်မြောက်ဘက်မိုင် ၁၉ဝ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ အဝါရောင်အဆင့်ရှိပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိဟု သတ်မှတ်သည်။ အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် မြောက်လတ္တီကျု ၂၂ ဒသမ ဝ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉ဝ ဒသမ ၂ ဒီဂရီ တွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၉၄ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄ဝ နှုန်းဖြစ်သည်။ အဆိုပါမုန်တိုင်းငယ်၏အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး ၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည် နယ်၊ ကရင်ပြည်နယ် နှင့်မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်း ရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်း၊လေပြင်းတိုက်ခတ်ခြင်းနှင့် ရုတ်တရက်ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်သည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက် လေပြင်း ကျစဉ် ရေပြင်/ မြေပြင်လေသည်တစ်နာရီလျှင် မိုင် ၄ဝ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန် အကြံပြုအပ်ပါသည်။ (မိုး/ဇလ)

No comments:

Post a Comment