ယနေ့မှစ၍ လာမည့် ၃ ရက်အတွင်း မိုးကြီးမည်ဖြစ်ကြောင်း အထူးအရေးပေါ် သတိပေးချက်
===================================================
မိုးကြီးမည့်သတိပေးချက်(၁၄း၀၀)နာရီအချိန်ထုတ်ပြန်.......(၂၇.၇.၂၀၁၅)
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
မိုးကြီးမည့်သတိပေးချက်၊အမှတ်စဉ်(၀၃/၂၀၁၅)
ယနေ့မြန်မာစံတော်ချိန်(၁၃း၃၀)နာရီအချိန်မိုးလေဝသတိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသောမုန်တိုင်းငယ်၏အရှိန်ကြောင့်လည်းကောင်း၊ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအားကောင်းရာမှအားအလွန်ကောင်းနေခြင်းကြောင့်လည်းကောင်း၊ယနေ့မွန်းလွဲမှနောက်(၃)ရက်အတွင်းအောက်ဖော်ပြပါတိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်နေရာစိပ်စိပ်မှနေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ဒေသအလိုက်နှင့်နေရာကွက်၍မိုးကြီးနိုင်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသ
ကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊
ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်(၂၄)နာရီအတွင်းမိုးရေချိန်(၃)လက်မ
(၇၇-မီလီမီတာ)နှင့်အထက်ရွာသွန်းနိုင်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီးနှင့်မကွေးတိုင်း
ဒေသကြီးတို့ တွင်(၂၄)နာရီအတွင်းမိုးရေချိန်(၁)လက်မခွဲ (၃၈-မီလီမီတာ) နှင့်အထက်ရွာသွန်းနိုင်ပါသည်။
သို့ဖြစ်ပါ၍ကုန်းမြင့်ဒေသအနီးတွင်နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊မြစ်ငယ်ချောင်းငယ်များအနီးတွင်နေထိုင်ကြသူများ
အနေဖြင့်မြစ်ရေရုတ်တရက်မြင့်တက်လာနိုင်ပြီးရေကြီးရေလျှံမှု ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြု နိုင်ပါရန် အကြံပြုအပ်ပါသည်။
Ref - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
No comments:
Post a Comment