Tuesday, August 11, 2015

“မိုးညှင်းမြို့မ.ဘ.သ ပြန်လည်ဖြည့်စွက်ဖွဲ့စည်းခြင်း အခမ်းအနားသို့ အရှင်ဝီရသူ(မစိုးရိမ်) ပေးပို့သော သဝဏ်လွှာ

“မိုးညှင်းမြို့မ.ဘ.သ ပြန်လည်ဖြည့်စွက်ဖွဲ့စည်းခြင်း အခမ်းအနားသို့ အရှင်ဝီရသူ(မစိုးရိမ်) ပေးပို့သော သဝဏ်လွှာ

“သဝဏ်လွှာ”

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး(မ.ဘ.သ)အဖွဲ့ နှစ်ပတ်လည် အခမ်းအနားသို့ ကြွရောက်တော်မူကြကုန်သော သဘာပတိဆရာတော်ဘုရားကြီးနှင့်တကွထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ဦးစွာပဏာမ ဂါရဝပြု ရှင်ခိုးပါ၏ဘုရား။မ.ဘ.သ အဖွဲ့ကြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပေါ်ပေါက်လာသည်မှာ (၂)နှစ်ကျော်ကာလပင် ရှိသေးသော် လည်း မ.ဘ.သအဖွဲ့ကြီး ဆောင်ရွက်ချက်ကား အံ့မခန်းလောက်အောင် ကြီးမားလှပါသည်။ကျေးဇူးတရား လည်း အင်မတန်မှပင် ကြီးမားလှပါသည်။အမျိုးစောင့်ဥပဒေ ပေါ်ပေါက်လာခြင်း၊ တိုင်းပြည်တွင်းမငြိမ်မသက်မှုများ နည်းပါးသွားခြင်း၊ အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းသာမကဘဲ မရဟိတလုပ်ငန်းများပါ တွင်ကျယ်စွာ ဆောင်ရွက်နိုင် ခဲ့သည့်အတွက်ကြောင့် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို ရရှိလာခဲ့ပြီး အဖွဲ့အစည်းအသီးသီးနှင့် နိုင်ငံ တကာအသိုင်းအဝိုင်းကပါ အသိအမှတ်ပြု ဆက်ဆံလာကြသည်ကိုတွေ့ရှိရပါသည်။အခြားလူမျိုး၊ အခြားဘာသာဝင်တို့က သူတို့လူမျိုး သူတို့ဘာသာ သာသနာအတွက် ကမ္ဘာနှင့်ချီပြီး ကျယ်ပြန့် အောင်ဆောင်ရွက်နေချိန်မှာ ဘုရားတပည့်တော်တို့ ရဟန်းတော်များအနေဖြင့် ကိုယ့်လူမျိုး မပျောက်ကွယ် အောင် စောင့်ရှောက်ရေးကိုယ့်သာသနာ မကွယ်ပျောက်အောင် စောင့်ရှောက်ရေးကိုယ့်နယ်ပယ် ဧရိယာ မကျဉ်းမြောင်းအောင် စောင့်ရှောက်ရေးတည်းဟူသော ကာကွယ်ရေးလုပ်ငန်း(၃)ခုကိုတော့ အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ကိုယ်စီကိုယ်ငှ ထမ်းရွက်သင့်လှပါသည်ဘုရား.....။မိုးညှင်းမြို့နယ် ညီတော်နောင်တော်များအနေဖြင့် ဆရာတော်သံဃာတော်ကြီးများ၏ ဆုံးမသြဝါဒ နည်းနာနိဿျများကို ရိုသေကျိုးနွံစွာ ခံယူပြီးတိုင်းရင်းသားလူမျိုးများ မျိုးမသုဉ်းအောင်၊ တိုင်းရင်းသားနေအိမ် များ မလျော့ပါးအောင်၊တိုင်းရင်းသားနယ်မြေများ မဆုံးရှုံးအောင် ဓမ္မဝိနယနှင့်အညီဆောင်ရွက်မည်ဆိုပါက အတိုင်းထက်အလွန်ပင် အကျိုးရှိမည်ဖြစ်ပါသည်ဘုရား။သို့ဖြစ်ပါသောကြောင့် တိုင်းရင်းသားများသည် .....ဘုရားတည်မည့်ဆိုင်နှင့် ဘုရားဖျက်မည့်ဆိုင်ကျောင်းဆောက်မည့်ဆိုင်နှင့် ကျောင်းဖျက်မည့်ဆိုင်သာသနာပြုမည့်ဆိုင်နှင့် သာသနာဖျက်မည့်ဆိုင်အမျိုးစောင့်မည့်ဆိုင်နှင့် အမျိုးဖျက်မည့်ဆိုင် .... တို့ကို စီစစ်ရွေးချယ် အားပေးကြခြင်းဖြင့် အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ရာရောက်ကြောင်း . . . . .စည်းမဲ့ ကမ်းမဲ့ အိမ်ထောင်ပြုခြင်းဖြင့် ကာယကံရှင် မိန်းကလေးသာမကပဲတစ်မျိုးသားလုံးတစ်နိုင်ငံလုံး ထိခိုက်နစ်နာရပုံများကို သင်္ခန်းစာယူ၍ ဘာသာတူ လူမျိုးတူ အိမ်ထောင်ပြုခြင်းဖြင့် အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ရာရောက်ကြောင်း . . . .အိမ် ဆိုင် လယ် မြေ များကို မိမိတို့တိုင်းရင်းသားအချင်းချင်း ရောင်းဝယ်ခြင်းဖြင့် မိစ္ဆာအန္တရာယ် မကျရောက် အောင် ကာကွယ်စောင့်ရှောက်ရာရောက်ကြောင်း အမျိုးသားရေးအသိတရားများ အမျိုးသားရေးသတိတရား များ ထာဝစဉ်ရှင်သန်နေဖို့အတွက် လှည်းနေ လှေအောင်း မြင်းစောင်းမကျန် ကျောင်းသူကျောင်းသား ကလေးငယ်လေးများမှစ၍ ဘိုးဘွားများတိုင်အောင် အရွယ်မျိုးစုံ အလွှာမျိုးစုံတို့၏ ရင်တွင်းသို့ ပေးပို့နိုင်ကြမည် ဆိုလျှင် ကမ္ဘာတည်သရွေ့ မြန်မာပြည်ကြီး ထာဝရတည်ရှိမည်ဖြစ်ပါသည်ဘုရား........။ကမ္ဘာတည်သရွေ့ မြန်မာ့တိုင်းရင်းသားလူမျိုးများ ထာဝရတည်ရှိမည်ဖြစ်ပါသည်ဘုရား.......။ကမ္ဘာတည်သရွေ့ ဗုဒ္ဓသာသနာကြီး ထာဝရတည်ရှိမည်ဖြစ်ပါသည်ဘုရား..........။ယဉ်ကျေးမှုသင်တန်းများမှစ၍ တရားပွဲများ ဟောပြောပွဲများ စည်းဝေးပွဲများ အခမ်းအနားများ ဆွေးနွေးပွဲများစကားဝိုင်းများအမျိုးသားရေးစာပေ သီးသန့်စာဖတ်ဝိုင်းများ အမြဲမပြတ်ကျင်းပကာ နေ့စဉ်နှင့်အမျှသွေးနွေးအောင် နွှေးပေးနေဖို့ လိုအပ်ပါသည်ဘုရား။ညီတော်နောင်တော်များ တစ်ရွာဝင်တစ်ရွာထွက် တစ်အိမ်တက်တစ်အိမ်ဆင်း သာသနာပြုသည့်နည်းကို ကျင်းသုံးနိုင်ကြပါစေကြောင်း ဆုမွန်းကောင်းတောင်းကာ ထာဝရအကျိုးမျှော်၍ နှိုးဆော်လျှောက်ထားအပ်ပါ သည် ဆရာတော်သခင် အရှင်သူမြတ်တို့ဘုရား . . . . .ရိုသေစွာဖြင့် ခြေတော်ဦးခိုက်လျှက်

တပည့်ဝီရသူ(မစိုးရိမ်)7.8.2015

No comments:

Post a Comment