Saturday, August 15, 2015

ကလေးများအတွက် ဗီတာမင် ===================

ကလေးများအတွက် ဗီတာမင်
===================

ဖွံ့ဖြိုးဆဲအရွယ်ကလေးငယ်တွေမှာ ဗီတာမင်ဓာတ် တွေ လိုအပ်ပါတယ်။ တစ်ခါတစ်ရံမှာ ဗီတာမင်အေနဲ့စီကို ကလေးတွေ အပြည့်အဝမရရှိကြပါဘူး။ ဗီတာမင်ဒီကို အစားအစာတစ်မျိုးတည်းက ရရှိဖို့မလွယ်ပါဘူး။ ခြောက်လမှ ငါးနှစ်အတွင်း ကလေးငယ်တွေမှာ ဗီတာ မင်အေ၊ စီနဲ့ ဒီပါဝင်တဲ့ဖြည့်စွက်စာတွေ လိုအပ်ကြောင်း ကျန်းမာရေးဌာနက အကြံပြုထားပါတယ်။

ဆေးကောင်တာတွေမှာ ဝယ်ယူလို့ရတဲ့ ဖြည့်စွက်အစာ တွေမှာ အခြားဗီတာမင်ဓာတ်တွေလည်း ပါဝင်ပါတယ်။ ဆေးဝါးပညာရှင်တွေကို ကလေးငယ်နဲ့ အသင့်တော်ဆုံး ဖြည့်စွက်စာတွေ ညွှန်းပေးဖို့ ပြောဆိုရပါမယ်။ သဘော အားဖြင့် ဗီတာမင်ဒီဟာ ငါးဥအမျိုးမျိုးနဲ့ အဆြီ<ွကယ်ဝတဲ့ စတဲ့ အစားအစာအနည်းငယ်မှာသာ တွေ့ရပါတယ်။ ဗီတာမင်ဒီကို နေရောင်ခြည်မှလည်း ရရှိနိုင်ပါတယ်။

သို့သော်လည်း ကလေးငယ်တွေကို ပူတဲ့ရာသီ နေရောင်ခြည်ထဲမှာ အကြာကြီးမထားသင့်ပါဘူး။ ကလေး ငယ်တွေရဲ့ အရေပြား အနီရောင်မပြောင်းခင် သို့မဟုတ် နေမလောင်ခင်အထိပဲ နေရောင်ခြည်ဓာတ်ကို ရစေသင့် ပါတယ်။

ဗီတာမင်အေကလည်း ကလေးငယ်တွေအတွက် အရေးကြီးပါတယ်။ အချို့က အလုံအလောက်မရကြပါဘူး။ ဗီတာမင်အေက ခုခံအားစနစ်ကို အားကောင်းစေပါတယ်။ ကလေးတွေရဲ့ အမြင်အာရုံတို့ကို သန်စွမ်းစေတဲ့အပြင် ကျန်းမာတဲ့ အသားအရေကိုလည်း ထိန်းသိမ်းပေးပါတယ်။ ဗီတာမင်အေပါဝင်တဲ့ ပစ္စည်းတွေကတော့ နို့ထွက်ပစ္စည်း အမျိုးမျိုး၊ အဆီဓာတ်ကြွယ်ဝတဲ့အရာတွေ၊ ကန်စွန်းဥ၊ သရက်သီး၊ မုန်လာဥနီ၊ အစိမ်းရင့်ရောင်အသီးအရွက်တွေပဲ ဖြစ်ပါတယ်။

ကလေးတွေအတွက် အခြားလိုအပ်တဲ့ ဗီတာမင် ကတော့ ဗီတာမင်စီဖြစ်ပါတယ်။ ခန္ဓာကိုယ်က သံဓာတ်ကို စုပ်ယူတဲ့နေရာမှာ ဗီတာမင်စီက အကူအညီပေးပါတယ်။ ဗီတာမင်စီရနိုင်တဲ့ အသီးအနှံတွေကတော့ လိမ္မော်သီး၊ ကီဝီသီး၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်နဲ့ ပန်းဂေါ်ဖီစိမ်းတို့ပဲ ဖြစ်ပါတယ်။

ကလေးငယ်တွေကို ကျန်းကျန်းမာမာနဲ့ လိုအပ်တဲ့ အာဟာရဓာတ်တွေရရှိပြီး ကြီးထွားဖွံ့ဖြိုးစေဖို့ဟာ အလွန်ပဲအရေးကြီးပါတယ်။ ဗီတာမင်ဓာတ်တွေ များလွန်း ရင်လည်း ကလေးတွေအတွက် အန္တရာယ်ဖြစ်စေပါတယ်။
(NHS) ကလေးများအတွက် ဗီတာမင်

(NHS)

No comments:

Post a Comment