Thursday, August 27, 2015

ရေကြီးရေလျှံမှုကြောင့်ပျက်စီးသွားသောဓာတ်အားလိုင်းများတွင်အချိန်မီပြုပြင်နိုင်ရေးကွင်းဆင်းဆောင်ရွက်

ရေကြီးရေလျှံမှုကြောင့်ပျက်စီးသွားသောဓာတ်အားလိုင်းများတွင်အချိန်မီပြုပြင်နိုင်ရေးကွင်းဆင်းဆောင်ရွက်

ကန့်ဘလူမြို့နယ်တွင် ဇူလိုင်လလယ်နောက်ပိုင်း မိုးသည်းထန်စွာရွာသွန်း၍မိုးရေကြီးကာလျှပ်စစ် ဓာတ်အားလိုင်းများရှိကြွေသီးများကွဲခြင်း၊ ဓာတ်တိုင်များကျိုး၍ ရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့သည်။ ဩဂုတ် ၂၄ ရက်ကစန္ဒယားကျေးရွာအုပ်စု စန္ဒယားရွာသစ်၊ စန္ဒယားရွာဟောင်းနှင့် ရွာသစ်ကုန်း ကျေးရွာများတွင်တည်ဆောက်ဆဲ ၁၁ ကေဗွီဓာတ်အားလိုင်း၌ ပျက်စီးသွားသောဓာတ်တိုင် ၃၂ တိုင်နှင့်ကြွေသီးကွဲခြင်းများကိုရွှေဘိုခရိုင်လျှပ်စစ်အင်ဂျင်နီယာဦးသန်းဝင်း၊Treasure Ivory ကုမ္ပဏီမှ တာဝန်ရှိသူများ နှင့်မြို့နယ် လျှပ်စစ်ဝန်ထမ်းများနှင့် အတူကွင်းဆင်းစစ်ဆေးခဲ့ပြီး အဆိုပါပျက်စီးမှုများအား ရှင်းလင်း၍ အမြန်ဆုံးပြုပြင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းဓာတ်အားလိုင်းသည် ပြည်ထောင်စုဘတ်ဂျက်ဖြင့် Treasure Ivory ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသော ၁၁ ကေဗွီဓာတ်အားလိုင်းဖြစ်သည်။ အလားတူဘိုတဲကုန်းကျေးရွာမှ ကိုယ်အားကိုယ်ကိုးဆောင်ရွက်ထားသည့် ၄၀၀ ဗို့ဓာတ်အားလိုင်းတွင်ဓာတ်တိုင် လေးတိုင်ကျိုးပျက်နေမှုကိုမြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးအောင်ကိုလတ်ဦးဆောင်၍ လျှပ်စစ်ဝန်ထမ်းများနှင့် ကျေးရွာသားများစုပေါင်းကာ ပြုပြင်ဆောင်ရွက်ခဲ့ရာဩဂုတ်၂၄ရက်တွင်ပြီးစီးပြီဖြစ်ကြောင်းမြို့နယ်လျှပ်စစ်အင်ဂျင်နီယာဌာနထံမှသိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)



ကျေးဇူးတင်ပါသည်

No comments:

Post a Comment