☆“မကောင်းမှုတို့၏မြစ်ဖျားခံရာသည်ဝဋ်”☆
~~~~~~~~~~~~~~~~~~~~~~~~~~~~
☆ ဝဋ်ဟူသည် လည်ပတ်နေရခြင်းကို ဆိုလို၏။ ထိုလည်ပတ်ရခြင်းကား...
(က) မိမိတစ်ဦးတည်းလည်ပတ်နေခြင်း
(ခ) သူတစ်ပါးများနှင့် တွဲဖက်လျက်က လည်ပတ်နေခြင်းနှစ်မျိုးတို့တွင်...
➙ ➙ ➙
☆ (က) မျက်မှောက်၌ သက်မဲ့အရာဝတ္ထုတို့အပေါ် ခင်မင်မှုအားကြီးစွာဖြင့်...
(၁) ၎င်းကို ရယူခံစားလိုစိတ်ဖြစ်ပေါ်လာသည်။
(၂) ၎င်းအား ရယူခံစားနိုင်ရန် လက်မိလက်ရကြိုးစားသည်။
(၃) ကြိုးစားသည့်အလျောက် မိမိစိတ်တိုင်းကျခံစားခွင့်ရလာသည်။
ဤကား လက်ဦးပြည်တည်အကျင့်တည်း။
☆ ထို့နောက် ခံစားရစဉ်တုန်းက အသုံး၏နောက်အစွဲ ပေါ်မလာစေရန် သတိ
ဖြင့် ဖြတ်တောက်ချထားခဲ့ခြင်း ကင်းရကား တစ်ဖန် အတွေ့ပေါ်လာပြန်၏။
☆ ထိုအခါ တစ်ဖန် ရယူခံစားလိုစိတ်ပေါ်လာ၏။ အစသို့ လှည့်လည်ချေပြီ။
☆ ထိုစိတ်မထိန်းနိုင်တော့၍ တစ်ဖန်ခံစားရန်ကြိုးစား၏။ အလယ်သို့ရောက်
လာပြီ။
☆ ရသည်နှင့်အားပါးတရ အကျိုးခံစား၏။ အဆုံးထိရောက်သွားပြီ။
☆ ဤသို့ဖြင့် တစ်ကြိမ်မှတစ်ကြိမ် အကြိမ်ကြိမ် တစ်ခုမှ တစ်ခုသက် အဆက်
ဆက် ဒေါက်သုံးခုပါသော ခွေဝိုင်းတစ်ခုကို အလယ်မှဝင်ရိုးတပ်ကာ လှည့်
ပတ်နေပုံပမာ မိမိတစ်ဦးတည်း လည်ပတ်နေရခြင်းကိုပင် ဝဋ်ဆိုရ၏။
☆ ထိုလည်ပတ်မှုမျိုးတို့သည် လက်ဖက်ရည်၊ ကောဖီ၊ ဆေးလိပ်၊ ကွမ်းယာတို့မှ
အစ အရက်၊ ဘိန်းစသည်များအထိ စုံတကာစေ့လှတော့၏။
☆ မျက်ကွယ်ဖြစ်သော သံသရာ၌ကား အစွဲကြီးရာဘဝလာ လောင်စာပြာကျ
နည်းအတိုင်း ထိုစွဲရာဝဝတ္ထုနှင့်ပတ်သက်ရာတို့ဝယ် ဘဝရပေလိမ့်ဦးမည်။
☆ ကွမ်းစွဲသမား၌ ဆင်မျိုးမဖြစ်နိုင်၊ ကွမ်းပိုးသာဖြစ်နိုင်ပေလိမ့်မည်။ ယနေ့ အိမ်ပတ်ဝန်းကျင်၊ ရွာပတ်ဝန်းကျင်တို့၌ လှည့်လည်ကျက်စားနေကြရှာသည်။
☆ မြင်အပ်ရရာ တိရစ္ဆာန်အမျိုးမျိုး၊ အစွဲမှဖြစ်ရသော ဘဝများတည်း။
☆ မမြင်အပ်ရာပြိတ္တာအမျိုးမျိုး၊ အစွဲမှဖြစ်သောဘဝများတည်း။
➙ ➙ ➙
(ခ) သူတစ်ပါးများနှင့် တွဲဖက်လည်ရာ၌လည်း...
☆ မျက်မှောက်၌ကား သူတစ်ပါးက မိမိအား ထင်သလိုကြဲ အစွဲကြွေးကိုထေနေ
သူ၊ ဤသို့လျှင် မိမိ၏အစွဲအတိုင်း နှစ်မျိုးပင် လည်ပတ်ရပေလိမ့်မည်။
☆ ထိုတွင် မျက်နှောက်၌ မိမိသည် သူတစ်ပါးတို့ ကြက်သတ်စားနေသည်ကို
ကြည့်လျက်က မိမိလည်း ကြက်သားစားလိုစိတ် ဖြစ်ပေါ်လာ၏။ တစ်ဖန် ထို
အတွေးမှ အရေးပေါ်ကာ ကိုယ်ထိလက်မြောက် ကြိုးစား၏။ ကြိုးစားသည့်အ
တိုင်းရလာသေည် ချက်ပြုတ်စားသုံးကြည့်၏။ စားသုံးလျက်က အကြိုက်တွေ့
သွားတော့ရာ...
☆ တစ်ဖတ်ပြီးတစ်ဖတ်၊ ကောင်းသည် စားလိုက်ဦးမည်၊ စားလိုက်ပြီ။ တစ်နပ်
ပြီးတစ်နပ် ကြိုက်သည်၊ စားလိုက်ဦးမည်၊ စားလိုက်ပြီ။
☆ ထိုသုံးချက် အသက်နှင့်အမျှ အနားမရကြတော့ပြီ။ မိမိသည်လည်း ထိုသုံး
ချက်တို့အကြားကပ်လျက် ပါနေချေရာ စိတ်ထလာရန် ကြံစည်တွေးတောပေး
နေရခြင်း၊ ကိုယ်ပါ ပါရန်လှုံ့ဆော်ပေးနေရခြင်းဖြင့် အနားသတ်၍မရတော့ပြီ။
☆ ထိုမိမိပယောဂဖြင့် သေကြေပျက်စီးရသော ကျွဲ၊ နွား၊ သိုး၊ ဆိတ် စသည့် အ
ကြီးစားတိရစ္ဆာန်များမှသည် ဝက်၊ ကြက်၊ မျှင်စသည့် အသေးစားတိရစ္ဆာန်တို့
သည်...
(က) မိမိအပေါ်မညှာတာရကောင်းလား အာဃာတထား သေသူများလည်းရှိ
မည်။
(ခ) ၎င်းတို့ဖာသာ ကြောက်ကြောက်လန့်လန့်ဖြင့် သေသူများလည်းရှိမည်။
☆ ထိုတိရစ္ဆာန်တို့ မည်သို့သေသေ မိမိစေတနာကား မိမိစေတနာအတိုင်းသာ
ဖြစ်ရကား မိမိ၏အစွဲ၊ မိမိ၏စေတနာအရ တိရစ္ဆာန်ဘဝ လှလှကြီးရောက်ရ
ပေဦးတော့မည်။
☆ မိမိစေတနာကိုကျော်လွန်၍ မည်သည့်ဘုရားကမှ ဝင်ရောက်မကယ်တင်
နိုင်။
☆ မိမိအစွဲကိုကျော်လွန်၍လည်း မည်သည့်ဘုရားကမှ အမိန့်မထုတ်ပြန်နိုင်။
☆ ဝိပါတ်အမှန် ဇောအပြန် ကံပြုတိုင်း၏ လမ်းနှစ်ခွ။
☆ ထိုစေတနာ ထိုအစွဲများ၌ ဇောစိတ်ဟူသည် ပါရှိမြဲပင် ဖြစ်၏။ ကြိုက်သော်
ကြိုက်ဇော၊ ချစ်သော် ချစ်ဇော၊ မုန်းသော် မုန်းဇော စသည်များသည်ဖြစ်ပေါ်ခဲ့
ပြီးမှ စေတနာထက်ခြင်း၊ နံ့ခြင်းဖြစ်ပေါ်ရပြီး ထိုစေတနာအထက်အနံ့အတိုင်း
လျှင် အစွဲကြီးခြင်း သေးခြင်းများလည်း ထပ်ရောက်လာကြရ၏။
☆ ထိုဇောစိတ်သည် ဖောက်ပြန်တတ်၏။ ခွေးဘဝက မစင်အကြိုက်ကျသော
စိတ်သည် လူ့ဘဝရောက်သော် မစင်တုံးမုန်းဇောများ ဝင်နေတတ်သည့်ပမာ..
(၁) တစ်ဘာသာဝင် လူသားဖြစ်နေစဉ် သူ့အသက်သတ်လျှင် မကောင်းဟူ၍
ဇောဝင်၊
(၂) အခြား တစ်ဘာသာဝင်အဖြစ်ရောက်သော် ၎င်းတို့ကား ကမ္ဘာ့ဟင်းသီး
ဟင်းရွက်ဟူ၍ဇောဝင်၊
(၃) အခြား တစ်ဘာသာဝင်အဖြစ် ရောက်သော်ကား ဤလိုသတ်မှ မြတ်
သည်ဟူ၍ဇောဝင်၊
☆ ဤသို့လျှင် ဇောစိတ်အစဉ်များ၊ အကောင်းအဆိုးအမြင်များဖြင့် ပြန်လှန်နေ
ကြပေလိမ့်မည်။
☆ ထိုဇောဝင်မှုတို့သည် မိမိ, မိမိတို့ယုံကြည်သက်ဝင်သော မိမိ, မိမိတို့နှင့်
လက်လှမ်းမီ သာသနာဖြစ်သော ထိုထိုဘုရားများ၏ အဆိုအမိန့်တို့စကား
ပညတ်ချက်များကို နားဝင်ကြရာမှ လိုက်စားဖြစ်သော ဇောစိတ်များချည်းပင်
ဖြစ်ပါချေ၏။
☆ မည်သည့်ဘုရား၏ စကားကအမှန်ဆုံးဆိုသည်မှာ တမလွန်က စောင့်ကြည့်
မှသိရ၏။
☆ မည်သည့်ဘုရား၏ လမ်းပြမှုက အချမ်းသာဆုံးဖြစ်သည်ကို သံသရာအဆုံး
က စောင့်ကြည့်မှသိရ၏။
☆ အကျိုးပေးဝိပါက်ကား ဘုရားစကား နားထောင်လိမ့်မည်မဟုတ်ချေ။ မိမိစေ
တနာ၏ ရောင်ပြန်ဟပ်မှုအတိုင်း မိမိအစွဲက ထိုစေတနာဇောများအတိုင်း ဒဏ်ခတ်ပေရော့မည်။
☆ လက်ဦးစေတနာသန်လွန်းက မျက်မှောက်သည်ဘဝမှာပင် ထင်ရှားစေ
အံ့။
☆ အလယ်ဇောစေတနာသန်က မျက်ကွယ်တစ်ဘဝမြောက် နှစ်ဘဝမြောက်
စသည်ကျမှ ထင်ရှားအံ့။
☆ အဆုံးဇော စေတနာသန်က သံသရာအဆန် တစ်ပြန်မကျော့မီ အဆုံးအနီး
ကျမှ ထင်ရှားအံ့။
☆ အကြင်သူသည် ပျက်စီးစေလိုသောစိတ်ထားဖြင့် သူတစ်ပါး၏ မျက်စိကို
ဖျက်ဆီး၏။ ထိုသူအားလည်း ၎င်းစေတနာကပင် ၎င်း၏မျက်စိကို ပျက်စီးစေ
တော့၏။
☆ တစ်ဖက်၏ ကလဲ့စားကား မသေချာ၊ မိမိစေတနာ၏ အကျိုးပေးကား မုချ
ခံစားရပေတော့မည်။
☆ သည့်အတူ ပျက်စီးစေလိုသော စိတ်ထားများဖြင့် သူတစ်ပါး၏ ကိုယ်အင်္ဂါ
အစိတ်အပိုင်းများထဲမှ တစ်ခုတစ်ခု သွားရောက်၍ ဖျက်ဆီးလေတိုင်းပင် မိမိ
၌လည်း ထိုတစ်ခုတစ်ခုနှင့် ညီမျှသော ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပျက်စီးရ
ချေတော့၏။ သူတစ်ပါး၏ ငရုတ်ပင်မှ ငရုတ်သီးကိုဆွတ်ချူ၍ စားသုံးရာတွင်
မိမိမစင်ထဲမှ ထွက်ကျလာသော ငရုတ်မျိုးစေ့မှ ငရုတ်တစ်ပင်တစ်ပင်ထ၍
ပေါက်ရောက်သည့်ပမာ ရှိ၏။
☆ နွားကိုသတ်၍ အရပ်ကိုဝေရာ၌ ဤအကျင့်သည် ကောင်း၏ဟူသော ဇော
စေတနာနှင့် နွားသတ်မှုနှစ်ခုရှိလေရာ အရပ်သို့ ဝေငှပေးကမ်းခြင်းကား အ
ပြစ်မရှိချေ။ နွားသတ်ခြင်းကား အပြစ်ထင်လင်းရှိနေချေသည်။ ကုသိုလ်၏
အင်္ဂါရပ်တွင် အပြစ်လည်းမရှိစေရ၊ ကောင်းကျိုးလည်း ပေးစေရမည် နှစ်ချက်
ရှိရာ ထိုနွားသတ်အရပ်ဝေမှုကား ကုသိုလ်အစစ် လုံးဝမဖြစ်နိုင်ပြီ။ အရပ်ဝေ
မှုကြောင့် ကောင်းကျိုးကား ရချင်ရမည်။ နွားသတ်မှုအပြစ်ကား လက်ပိုက်
ကြည့်နေလိမ့်မည် မဟုတ်ချေ။
☆ သည့်အတူ...
☆ တစ်ဖက်က အလှူကြီးအတန်းကြီး ခြိမ့်ခြိမ့်သဲသဲ ဝေငှပေးကမ်းနေ၏။
☆ တစ်ဖက်က ဝက်၊ ကြက်၊ နွား၊ ဆိတ်တို့ လက်ရဲဇက်ရဲဆွဲငင်သတ်ဖြတ်နေ၏
☆ ထိုကဲ့သို့ စေတနာနှစ်ကံပြိုင်မျိုးမှန်သမျှ ကုသိုလ်အစစ် မဖြစ်နိုင်တော့ချေ။
ကုသိုလ်အစစ်မဖြစ်လာသေည် အကုသိုလ်တစ်ဖက်၊ ကုသိုလ်တစ်ဖက် အကျိုး
ပေးဝိပါက်၌ ဖက်စပ်ဖြစ်လာပေလိမ့်မည်။ ကုသိုလ်၊ အကုသိုလ် တစ်ဝက်စီပါ
ဝင်နေချေသေည်...
☆ ကြိမ်ဒဏ် ကျောတစ်ရာ ရင်တစ်ရာ အရိုက်ခံပြီးမှ ထမင်းတစ်နပ် အဝစား
မည်လော။
☆ ထမင်းတစ်နပ် အဝစားပြီးမှ ကြိမ်ဒဏ်အချက်တစ်ရာ အရိုက်ခံမည်လော...
ဟူသော ဆုပေး ဒဏ်ပေးနည်းများ အတိုင်းဆိုးကျိုးနှင့်ကောင်းကျိုး တစ်လှည့်စီ
အလှည့်ကျ ခံစားရမည်ကား မလွဲပြီ။ သို့ကြောင့် မိမိစေတနာတို့၏ နေရာချ
ထားပေးမှု အတိုင်းလျှင် မိမိ၌ဘဝရရှိခြင်း၊ ဘဝရှိအကျိုးပေး ခံစားခွင့်ရရှိလာ
ခြင်းများ ဖြစ်ကြလေရာ မိမိစေတနာသည်သာ အားအကိုးရဆုံးဖြစ်၏။ မိမိစေ
တနာသည်သာ အကြောက်ရဆုံးဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် မိမိစေတ
နာကြောင့် ကျခံရသောဝဋ်ကြွေးများကိုသွားရောက်ခံစားရာ၌ မည်သည့်ဘုရား
ကမျှကြားဝင် မကာကွယ်နိုင်ခြင်း၊ မိမိစေတနာကြောင့် ဖြစ်ထွန်းလာသော
ကောင်းကျိုးခံစားမှုများကိုလည်း မည်သည့်ဘုရားကမှ မဟန့်ထားနိုင်ခြင်းများ
ကြောင့်တည်း။
☆ မြစ်ရေတို့သည် မြင့်ရာမှနိမ့်ရာသို့စီးဆင်းနေသည်မှာ နိယာမတည်း။
☆ သစ်ပင်တို့သည် နိမ့်ရာမှမြင့်ရာသို့ လွန့်တက်နေသည်မှာ နိယာမတည်း။
☆ မြစ်ရေကို တောင်စဉ်စမ်းဝ စခန်းအစသို့ ပြန်လည်ဆန်တက်ရန် မည်သူမျှ အမိန့်မပေးနိုင်။
☆ သစ်ပင်ကို အညွန့်အောက်စိုက် မြေထဲသို့ ပြန်လည်ဆန်တက်ရန် မည်သူမျှ
အမိန့်မပေးနိုင်။
☆ သစ်ပင်ကို အညွန့်အောက်စိုက် မြေထဲသို့ပြန်လှိုက်ရန် မည်သူမျှ အမိန့်မ
ပေးနိုင်သည့်ပမာ ဝဋ်တုံ့ဝဋ်လှည့်များဖြင့် ကျင်လည်ကျက်စားနေကြရရှာကုန်
သော သတ္တဝါအငယ်စား၊ အကြီးစားများတို့သည်လည်း စင်စစ် မိမိတို့၏စေတ
နာ အစွဲအတိုင်းသာ မြင့်မြတ်ကြရာမှ ယုတ်နိမ့်ကျရာသို့ ဆင်းသက်ခံစား နေ
ကြရပါကုန်၏။
☆ လူ့ဘဝရောက်ရစဉ်တွင်မှ ဝဋ်သစ်မလည်ပတ်ရန်နှင့် ဝဋ်ဟောင်းများရှိက
ပြေပျောက်ရန် ကိစ္စများကို ဆောင်ရွက်နိုင်ခွင့် အစွမ်းရှိရာသို့ လူ့ဘဝရောက်
လေမှ တိရစ္ဆာန်ဘဝမျိုးထက် ပိုကဲနေပါသော်ကား သံသရာစက်ဝဋ်က တက်
ရန် မရှိတော့ပြီ။
☆ သတ္တဝါတို့တွင် လူသည် အသိဉာဏ်အရှိဆုံး၊
☆ သတ္တဝါတို့တွင် လူသည် ကောက်ကျစ်အစဉ်းလဲဆုံး၊
☆ ကမ္ဘာမြေပြင်တွင် အတူနေသတ္တဝါလေးများအပေါ်ဝယ် နည်းအမျိုးမျိုးဖြင့်
နှိပ်စက်ဖျက်ဆီးပစ်နေသည်မှာ လူကိုတု၍ မည်သည့်တိရစ္ဆာန်မျှ မမီနိုင်ချေ.
(က) ထိုအမူအကျင့်သည် မိမိမခံနိုင်သောအရာဖြင့် သူတစ်ပါး သွားရောက်
စော်ကားမှုဖြစ်၍ မကောင်းမှုဆိုရ၏။
(ခ) ထိုအမူအကျင့်သည် မိမိလည်းတစ်ဖန်ပြန်လည် ခံရမည့်ကြွေးမကင်း
သော ကိစ္စမျိုးဖြစ်၍လည်း မကောင်းမှုဆိုရ၏။
☆ ထိုထိုမကောင်းမှုမှန်သမျှတို့သည် ကြိုက်စိတ်ကို လက်သပ်မွေးခြင်း၊ ကြိုက်
စိတ်ကို အလိုလိုက်၍ သူ့အကြိုက်ပြုပေးခြင်း၊ ကြိုက်သွေးဆာရာ အစာချပေး
ခြင်းဟူသောသုံးမျိုးတို့ကို ပတ်လည်လှည့်စေရာမှချည်း ဖြစ်ကြရ၏။
☆ အကြိုက်လိုက်နေသမျှကား လိုက်လေ၊ ကြိုက်လေ လိုက်လေ မဆုံးတည်း။
☆ အကြိုက်သုံးနေရသမျှကား သုံးလေကြိုက်လေ၊ ကြိုက်လေသုံးလေ မဆုံး
တည်း။
သက်တမ်းတစ်လျှောက် သောက်သုံးခဲ့ပြီးသော ဆေးလိပ်အရေအတွက်ကို
ဦးစွာမေးကြည့်ရမည်။ တစ်ဖန်နောင်ဘယ်လောက်များ သောက်သုံးဦးမလဲ
ဆိုသည်ကိုလည်း မေးကြည့်ရမည်။
☆ ထိုအခါ ဆေးလိပ်တစ်တိုကို ကိုင်ဆွဲလျက်က တစ်သက်ပတ်လုံး ဝဋ်လည်
နေသော သူ့ဖြစ်အင်ကို အထင်အရှားတွေ့ရပေတော့မည်။ ထိုသူ အကယ်၍
များ သေခါနီးဆေးလိပ်စွဲလျက်က သေသွားသော်....
အများတို့က ဝဋ်လည်မည်မလုပ်လေနှင့်၊ ဝဋ်လည်တတ်သည်သွားမစနှင့်ဆို
ကြသော် တစ်ဖက်သားနှင့်တွဲလှည့်ရသော အတုံ့အလှည့်လောက်ကိုသာ
နားလည်ကြ၏။ တစ်ဦးတည်း လည်ပတ်နေရသော ဝဋ်ကိုကား မည်သူမျှ ဂရု
မစိုက်ကြချေ။ ကြောက်စရာအကောင်းဆုံးကား ကိုယ့်ဝဋ်က ကိုယ့်လှည့်နေ
ခြင်းပင်တည်း။
☆မဟာဗောဓိမြိုင်ဆရာတော်☆
☆Buddhavasa Tiloka☆ ☆“မကောင်းမှုတို့၏မြစ်ဖျားခံရာသည်ဝဋ်”☆