ပရီမီယာလိဂ်ပွဲစဉ်(၂) အဲဗာတန်နှင့် မန်ယူအနိုင်ရ
==============================
အင်္ဂလန်ပရီမီယာလိဂ်ပွဲစဉ်(၂) အဖြစ် ဆောက်သမ်တန်နှင့် အဲဗာတန်တို့ သြဂုတ် ၁၅ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားရာ အဲဗာတန်က ဆောက်သမ်တန်ကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အဲဗာတန်အတွက် ၂၂ မိနစ်နှင့် ၄၅ မိနစ်တွင် တိုက်စစ်မှူး လူကာကူက သွင်းယူပေးကာ ၈၄ မိနစ်တွင် ကွင်းလယ်ကစားသမား ဘာကလေက သွင်းယူပေးသည်။
အဲဗာတန်က နှစ်ပွဲကစား လေးမှတ်ရရှိပြီး ဆောက်သမ်တန်က တစ်မှတ်သာရရှိထားသည်။
သြဂုတ် ၁၅ ရက် နံနက်ပိုင်းက ကစားခဲ့သည့် အက်စ်တွန်ဗီလာနှင့် မန်ယူတို့ပွဲတွင် မန်ယူက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး မန်ယူအတွက် အနိုင်ဂိုးကို ၂၉ မိနစ်တွင် ဂျာနူဇက်က သွင်းယူပေးသည်။ မန်ယူတို့က နှစ်ပွဲကစား နှစ်ပွဲအနိုင်ဖြင့် ခြောက်မှတ်ရရှိထားသည်။
အခြားပွဲစဉ်များအဖြစ် နော့စ်ဝှစ်ခ်ျက ဆန်းဒါးလန်းကို သုံးဂိုး-တစ်ဂိုး၊ ဆွမ်ဆီးက နယူး ကာဆယ်ကို နှစ်ဂိုး-ဂိုးမရှိ၊ လက်စတာက ဝက်စ်ဟမ်းကို နှစ်ဂိုး-တစ်ဂိုးတို့ဖြင့် နိုင်ပြီး စပါးနှင့် စတုတ်တို့ နှစ်ဂိုးစီသရေ၊ ဝက်ဖို့ဒ်နှင့် ဝက်စ်ဘရွန်းတို့ပွဲက ဂိုးမရှိသရေဖြစ်ခဲ့သည်။ အောင်သီဟ ပရီမီယာလိဂ်ပွဲစဉ်(၂) အဲဗာတန်နှင့် မန်ယူအနိုင်ရ
==============================
အင်္ဂလန်ပရီမီယာလိဂ်ပွဲစဉ်(၂) အဖြစ် ဆောက်သမ်တန်နှင့် အဲဗာတန်တို့ သြဂုတ် ၁၅ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားရာ အဲဗာတန်က ဆောက်သမ်တန်ကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အဲဗာတန်အတွက် ၂၂ မိနစ်နှင့် ၄၅ မိနစ်တွင် တိုက်စစ်မှူး လူကာကူက သွင်းယူပေးကာ ၈၄ မိနစ်တွင် ကွင်းလယ်ကစားသမား ဘာကလေက သွင်းယူပေးသည်။
အဲဗာတန်က နှစ်ပွဲကစား လေးမှတ်ရရှိပြီး ဆောက်သမ်တန်က တစ်မှတ်သာရရှိထားသည်။
သြဂုတ် ၁၅ ရက် နံနက်ပိုင်းက ကစားခဲ့သည့် အက်စ်တွန်ဗီလာနှင့် မန်ယူတို့ပွဲတွင် မန်ယူက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး မန်ယူအတွက် အနိုင်ဂိုးကို ၂၉ မိနစ်တွင် ဂျာနူဇက်က သွင်းယူပေးသည်။ မန်ယူတို့က နှစ်ပွဲကစား နှစ်ပွဲအနိုင်ဖြင့် ခြောက်မှတ်ရရှိထားသည်။
အခြားပွဲစဉ်များအဖြစ် နော့စ်ဝှစ်ခ်ျက ဆန်းဒါးလန်းကို သုံးဂိုး-တစ်ဂိုး၊ ဆွမ်ဆီးက နယူး ကာဆယ်ကို နှစ်ဂိုး-ဂိုးမရှိ၊ လက်စတာက ဝက်စ်ဟမ်းကို နှစ်ဂိုး-တစ်ဂိုးတို့ဖြင့် နိုင်ပြီး စပါးနှင့် စတုတ်တို့ နှစ်ဂိုးစီသရေ၊ ဝက်ဖို့ဒ်နှင့် ဝက်စ်ဘရွန်းတို့ပွဲက ဂိုးမရှိသရေဖြစ်ခဲ့သည်။ အောင်သီဟ
No comments:
Post a Comment