အားကစားသတင်း အတိုအထွာ
စနေနေ့က ကစားခဲ့ကြတဲ့ ပရီမီယာလိဂ် ဘောလုံး ပွဲစဉ်တွေ မှာ မန်ချက်စတာ ယူနိုက်တက် အသင်းက နယူးကာဆယ်ကို သေချာပေါက် အနိုင် ရမယ်လို့ မှန်းထား ခဲ့ပေမယ့် ပွဲအပြီးမှာ ဂိုးမရှိ သရေနဲ့ အဆုံးသတ် သွားပါတယ်။ ယူနိုက်တက် တိုက်စစ်မှုး ဝိန်းရူနီက ဂိုးစည်းထဲကို တလုံး ဝင်အောင် ကန်သွင်း နိုင်ခဲ့ပေမယ့် ပွတ်ကာသီကာ လူကျွံနေတဲ့ အတွက် ဂိုးမရခဲ့ပါဘူး။
လက်စတာ အသင်းကတော့ တော်တင်ဟမ်နဲ့ တဂိုးစီသရေ ကစားနိုင်လို့ ခုချိန်အထိ ရှုံးပွဲ မရှိသေးဘဲ ၇ မှတ်နဲ့ မန် ယူနိုက်တက် နဲ့ အမှတ်တူ ဇယားထိပ် မှာ ဦးဆောင် နေပါတယ်။
မနေ့က ပရီမီယာလိဂ် ၆ ပွဲကန်ခဲ့တဲ့အထဲမှာ နောဝစ်ခ်ျနဲ့ စတုတ်တို့ တဂိုးစီ သရေကျ ခဲ့သလို၊ ဆန်းဒါးလန်းနဲ့ ဆွမ်ဆီးတို့လည်း တဂိုးစီသရေ ဖြစ်ခဲ့ပါတယ်။
ခရစ်စတယ်ပဲလေ့စ်ကတော့ အက်စတန်ဗီလာကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး ဘွန်းမောက်သ် က ဝက်စ်ဟမ်ကို ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီကနေ့မှာတော့ ချယ်လ်ဆီး နဲ့ဝက်စ်ဘရွမ် ၊ မန်ချက်စတာစီးတီးနဲ့ အယ်ဗာတန်၊ ဆောက်သမ်တမ်နဲ့ ဝပ်ဖို့ဒ်တို့ ကစားကြမှာ ဖြစ်ပါတယ်။
No comments:
Post a Comment