Friday, August 21, 2015

အင်းတော်မြို့နယ် မော်လူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ အိမ်ဂရန်ပြုလုပ်နိုင်ရန်အတွက် အိမ်ထောင်စုနှင့် မှတ်ပုံတင်စာရင်းများကို စနစ်တကျ စိစစ်ဆောင်ရွက်ပေး

အိမ်ထောင်စုနှင့် မှတ်ပုံတင်စာရင်း များ ဆောင်ရွက်ပေး
===================================

မော်လူး သြဂုတ် ၂ဝ

အင်းတော်မြို့နယ် မော်လူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ အိမ်ဂရန်ပြုလုပ်နိုင်ရန်အတွက် အိမ်ထောင်စုနှင့် မှတ်ပုံတင်စာရင်းများကို စနစ်တကျ စိစစ်ဆောင်ရွက်ပေးနိုင်ရန် သြဂုတ် ၁၈ ရက်က စတင်ကာ အင်းတော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီး ဌာနမှ နေ့ချင်းပြီး လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အိမ်မြေဂရန်ပြုလုပ်နိုင်ရေးအတွက် အင်းတော်မြို့နယ် လဝက ဦးစီးမှူး၏ ညွှန်ကြားမှုဖြင့် မြို့နယ်ဒုလဝကဦးစီးမှူး ဦးတင့်ဆွေဦးနှင့်အဖွဲ့၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးများ စုစုပေါင်း အိမ်ထောင်စုဝင် ၁ဝဝဝ ခန့်ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ညီမင်းထက်(မြန်မာစာ)



mohnyinnews

No comments:

Post a Comment