Saturday, August 29, 2015

နယူးကာဆယ်ကို အာဆင်နယ် ဂိုးပြတ်နိုင်ဖို့မလွယ် စနေနေ့ည ပရီးမီးယားလိဂ် ပွဲစဉ်(၄) ပွဲကြိုသုံးသပ်ချက်

နယူးကာဆယ်ကို အာဆင်နယ် ဂိုးပြတ်နိုင်ဖို့မလွယ်

စနေနေ့ည ပရီးမီးယားလိဂ် ပွဲစဉ်(၄) ပွဲကြိုသုံးသပ်ချက်

နယူးကာဆယ် Vs အာဆင်နယ်

စနေနေ့ညရဲ့ အစောဆုံး ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ရာသီအစ ရလဒ်တွေဆိုးနေတဲ့ အာဆင်နယ်နဲ့ နယူးကာဆယ်တို့ ကစားကြမှာ ဖြစ်ပါတယ်။ နယူးကာဆယ်ဟာ ကြားရက်လိဂ်ဖလား ပွဲစဉ်မှာတော့ နော်သမ်တန် ကို ဂိုးပြတ်အနိုင်ရခဲ့ တယ်။ နည်းပြမက္ကလာရင်ရဲ့ နယူးကာဆယ် အသင်းမှာ ဂျန်မတ် ပွဲပယ်ပြစ်ဒဏ်က လွတ်မြောက်ခဲ့ပြီး ဖြစ်တာကြောင့် အမ်ဘန်ဘာဟာ သူ့ရဲ့ မူလနေရာဖြစ်တဲ့ ခံစစ်ကို ပြန်ဆင်းကစား ပါလိမ့်မယ်။ တိုက်စစ် ကစားသမားသစ် သာရူဗင်ဟာ ပြီးခဲ့တဲ့ မန်ယူ၊ နော်သမ်တန်တို့နဲ့ နှစ်ပွဲစလုံးမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့အတွက် နယူးကာဆယ် အသင်းမှာ ပထမဆုံး အကြိမ်အဖြစ် ပွဲထွက်ပါဝင် ကစားခွင့် ရနိုင်ပါတယ်။ အထောင်တိုက်စစ်မှူး မီထရိုဗစ်ဟာလည်း ပွဲထွက်ခွင့် ဆက်လက် ရရှိပါလိမ့်မယ်။

အာဆင်နယ် အသင်းကတော့ ပြီးခဲ့တဲ့ လီဗာပူးနဲ့ပွဲစဉ်မှာ အဓိက ဗဟိုခံစစ်မှူး နှစ်ဦးဖြစ်တဲ့ မာတီဆက်ကာ (ဖျားနာ)နဲ့ ကိုဆီရယ်လ်နီ (ဒဏ်ရာရ)တို့ မပါဝင်နိုင်ခဲ့တဲ့အတွက် ခံစစ်ကစားပုံ စိတ်မချရတဲ့ အနေအထားမှာ ရှိခဲ့တာ အားလုံးမြင်တွေ့ ကြရတယ်။ အခုပွဲမှာတော့ ကိုဆီရယ်လ်နီ ပြန်မပါနိုင်သေးပေမယ့် မာတီဆက်ကာ ပြန်လည်ပါဝင် လာနိုင်ပါတယ်။ ချမ်ဘာလိန်ဟာလည်း ရမ်ဆေးအစား ပွဲထွက်ပါဝင် လာနိုင်ပါတယ်။

နှစ်သင်းအနီးစပ်ဆုံး ကစားခဲ့တဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ပွဲစဉ်နှစ်ပွဲ အခြေအနေကို ပြန်လည် တွက်ဆကြည့် ရအောင်။ နယူးကာဆယ်ဟာ မန်ယူနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲမှာ ခံစစ်ကစားပုံ အထူးကောင်းမွန်ခဲ့ပေမယ့် အာဆင်နယ်လို အသင်းနဲ့ပွဲမှာ မန်ယူနဲ့ပွဲကလို ကွင်းလယ်နဲ့ ရှေ့တန်းမှာ ဂိုးဖန်တီးပေးနိုင်မှု အားနည်းလို့ မဖြစ်ပါ ဘူး။ အာဆင်နယ် ကတော့ လီဗာပူးနဲ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှုပိုင်း အခက်အခဲ ရှိခဲ့သလို ခံစစ်ကစားပုံလည်း မတည်ငြိမ်ခဲ့ပါဘူး။ ပီတာဆက်ခ်ျ ကောင်းလွန်းလို့သာ လီဗာပူးကို မရှုံးခဲ့တာ ဖြစ်ပါတယ်။

အခုပွဲစဉ်မှာ အာဆင်နယ်က တစ်ဂိုးအသာနဲ့ နိုင်ရင်တောင် မဆိုသလောက်လေးပဲ အကျိုးအမြတ် ရှိပါမယ်။ နယူးကာဆယ်ဟာ အာဆင်နယ်ကွင်းမှာ ပရီးမီးယားလိဂ် နိုင်ပွဲမရခဲ့တာ ၁ဝ နှစ်ကျော် ကြာခဲ့ပြီဖြစ်တယ်။ ကိုလိုစီနီ ဦးဆောင်တဲ့ နယူးကာဆယ် ခံစစ်ကစားပုံ အထူးကောင်းမွန်တာကြောင့် အာဆင်နယ် နှစ်ဂိုးပြတ်နိုင်ဖို့ မလွယ်လို့ နယူးကာဆယ်ကို ရွေးချယ်အားပေးသင့်ပါတယ်။

ချယ်လ်ဆီး Vs ခရစ္စတယ်ပဲလေ့စ်

ဝက်စ်ဘရွန်းနဲ့ပွဲမှာ အနီကတ်ထိခဲ့လို့ ပွဲပယ်ခံထားရတဲ့ ဂျွန်တယ်ရီ နေရာမှာ ဇူးမား ဒါမှမဟုတ် ခံစစ်ကစား သမားသစ် ဘာဘာရာဟမ်ကို ချယ်လ်ဆီး အစားထိုးဖွယ် ရှိပါတယ်။ ပဲလေ့စ်ဘက်မှာ ချယ်လ်ဆီးက အငှား ချထားတဲ့ ဘန်းဖို့ဒ် ကစားခွင့်မရပါဘူး။ ချယ်လ်ဆီး နှစ်ဂိုးပြတ်နိုင်ဖို့ မလွယ်ပါဘူး။

ဗီလာ Vs ဆန်းဒါးလန်း

ဗီလာဟာ ဆန်းဒါးလန်းနဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ခုနစ်ပွဲမှာ ခြောက်ပွဲ ဂိုးမပေးခဲ့ရဘဲ ရှစ်ပွဲဆက် ရှုံးပွဲမရှိခဲ့တဲ့ စံချိန်ကောင်း ပိုင်ဆိုင်ထားပါတယ်။ လက်ရှိဗီလာရဲ့ခြေစွမ်းအားရစရာ မရှိပေမယ့် ဆန်းဒါးလန်းဟာ နောက်ဆုံး အဝေးကွင်း ၁၂ ပွဲမှာ တစ်ပွဲသာ နိုင်ထားလို့ ဗီလာကိုပဲ ရွေးချယ်သင့်တယ်။

မန်စီးတီး Vs ဝက်ဖို့ဒ်

ကစားခဲ့ပြီးတဲ့ ပွဲတိုင်းမှာ ဂိုးပြတ်အနိုင်နဲ့ အကောင်းဆုံး ချန်ပီယံခြေစွမ်း ပြနိုင်ခဲ့လို့ အခုပွဲမှာ မန်စီးတီးဟာ နှစ်ဂိုး အသာနဲ့နိုင်ရင်တောင် အရှုံးအမြတ်မရှိတဲ့ အနေအထားအထိ ပြင်းရှနေပါတယ်။ ဝက်ဖို့ဒ်ရဲ့ ရှုံးပွဲမရှိစံချိန် ရပ်တန့် နိုင်ပေ မယ့် သုံးဂိုးပြတ်ရှုံးရ လောက်အောင်တော့ ဝက်ဖို့ဒ်မညံ့ပါဘူး။

လီဗာပူး Vs ဝက်စ်ဟမ်း

ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ပွဲမှာ လီဗာပူး ကစားသွားတဲ့ ခြေစွမ်းကတော့ အထူးကောင်းမွန်ပါတယ်။ နှစ်ဂိုးပြတ်နိုင်မှ အခုပွဲမှာ လီဗာပူး ပရိသတ်တွေ ပျော်ရွှင်ခွင့်ရပါမယ်။ ဝက်စ်ဟမ်းဟာ လီဗာပူးကွင်းမှာ ပရီးမီးယားလိဂ်နိုင်ပွဲ တစ်ပွဲမှ မရဖူးသလို အဝေးကွင်းလည်းညံ့လို့ လီဗာပူးကို အားပေးသင့်တယ်။

စပါး Vs အဲဗာတန်

စပါးဟာ သရေဆိုရင် ရာနှုန်းပြည့် နစ်နာဆုံးရှုံးပါမယ်။ အဲဗာတန်နဲ့ နောက်ဆုံး ပရီးမီးယားလိဂ် အိမ်ကွင်းခြောက်ပွဲ မှာ ရှုံးပွဲမရှိဘဲ စပါး လေးပွဲအနိုင်ရထားတာ ရှိပါတယ်။ ဒါပေမဲ့ ဒီရာသီ စပါးတိုက်စစ်ဟာ ဟယ်ရီကိန်းကိုသာ အားကိုးနေရပြီး အလုပ်မဖြစ်သေးလို့ တိုက်စစ်ပိုသာတဲ့ အဲဗာတန်ကို ရွေးချယ်ပါ။



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment