ဂျာမန်ဘွန်ဒက်စ် လီဂါ အဖွင့်၌ ဘိုင်ယန်မြူးနစ်တို့ ဟမ်းဘတ်အသင်းကို ဂိုးပြတ်နိုင်
============================================
မြူးနစ် သြဂုတ် ၁၅
၂ဝ၁၅-၂ဝ၁၆ ဂျာမန်ဘွန်ဒက်စ် လီဂါပွဲစဉ်(၁) ဖွင့်ပွဲ ပွဲစဉ်အဖြစ် သြဂုတ် ၁၅ ရက် (စနေနေ့)နံနက်ပိုင်းက လက်ရှိ ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းနှင့် ဟမ်းဘတ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင်ဘိုင်ယန်မြူးနစ်အသင်း ငါးဂိုး-ဂိုးမရှိ ဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
ပွဲဦးထွက်ပွဲစဉ်တွင် နည်းပြ ဂွာဒီယိုလာ သည် ကွင်းလယ်အားဖြည့်ဝယ်ယူထား သော ဗီဒယ်လ်နှင့် ဒေါက်ကလပ် ကော်စတာတို့ကို ထုတ်သုံးခဲ့သည်။ ဘိုင်ယန်အသင်းသည် ပွဲစဉ်တစ်လျှောက် ဘောလုံးပိုင်ဆိုင်မှု အသာစီးရရှိခဲ့သည်။ ပွဲချိန် ၂၇ မိနစ်တွင် အလွန်ဆို ဖန်တီးပေး၍ နောက်တန်းကစားသမား ဘီနာတီယာက ဘိုင်ယန်အတွက် အဖွင့်ဂိုးသွင်းယူခဲ့သည်။
ပထမပိုင်းပြီးချိန်ထိ ဘိုင်ယန်အသင်း တစ်ဂိုး-ဂိုးမရှိဖြင့် ဦးဆောင်ထား သည်။
ဒုတိယပိုင်း ၅၃ မိနစ်တွင် လီဝမ် ဒေါစကီးက ဘိုင်ယန်အတွက် ဒုတိယ ဂိုးသွင်းယူခဲ့ပြီး ၆၉ မိနစ်တွင် သောမတ်စ်မူလာက တတိယဂိုး သွင်းယူခဲ့သည်။ ဘိုင်ယန် အသင်း သည် သုံးဂိုးပြတ်အနိုင်ယူထားသော် လည်း ကစားအားမလျှော့ဘဲ ပွဲချိန် ၇၃ မိနစ်တွင် သောမတ်စ်မူလာက ဘိုင်ယန်အတွက် ထပ်မံသွင်းယူခဲ့ သည်။ ပွဲချိန် ၈၇ မိနစ်တွင် အသစ် ဝယ်ယူထားသော ဒေါက်ကလပ် ကော်စတာက ဘိုင်ယန်အတွက် ငါးဂိုး မြောက်ဂိုးကို သွင်းယူပေးခဲ့သည်။ နည်းပြ ဂွာဒီယိုလာ တာဝန်ယူထား သော ဘိုင်ယန်အသင်း အဖွင့်ပွဲလှပ ခဲ့ပြီး ဇယားထိပ်တွင် ဦးဆောင်နေ သည်။
အခြားပွဲစဉ် အနိုင်/အရှုံး
လေဗာကူဆင် ၂-၁ ဟော်ဖန်ဟိမ်း
အော့စ်ဘတ် ဝ-၁ ဟာသာဘာလင်
ဝါဒါဘရီမင် ဝ-၃ ရှော်လ်ကေး
မိန့်ဇ် ဝ-၁ အင်ဂိုစတက်
ဒမ်စတက် ၂-၂ ဟန်နိုဗာ
သီဟ ဂျာမန်ဘွန်ဒက်စ် လီဂါ အဖွင့်၌ ဘိုင်ယန်မြူးနစ်တို့ ဟမ်းဘတ်အသင်းကို ဂိုးပြတ်နိုင်

သီဟ
No comments:
Post a Comment