ကျနော်ပြောပြချင်တာက ဖဆပလ နှစ်ခြမ်းကွဲတဲ့အချိန်မှာ ဝန်ကြီးချုပ်ဖြစ်တဲ့ ဦးနုရဲ့ ဒီမိုကရေစီ စံနစ်ကို ဖျက်စီးပြစ်လိုက်တဲ့အကြောင်းဘဲ၊ ဒီမိုကရေစီနိုင်ငံအများစုရဲ့ နိုင်ငံရေးပါတီတွေမှာ ဂိုဏ်းကွဲတွေ ပါတီတိုင်းမှာလိုရှိတတ်ကြပါတယ်၊ လက်ဝဲ/လင်္ကျာ/အလယ်အလတ် စသည်ဖြင့် ပါတီအတွင်းမှာအုပ်စုတွေရှိတတ်ကြပါတယ်၊ ရွေးကောက်ပွဲနိုင်ရင် နိုင်တဲ့ပါတီရဲ့ခေါင်းဆောင်ဟာ တိုင်းပြည်အကြီးအကဲဖြစ်ကြရပါတယ်၊ ဒါကြောင့်ပါတီတွေဟာ ပါတီတွင်းရွေးကောက်ပွဲကနေ ပါတီခေါင်းဆောင်ရွေးကြလေ့ရှိပါတယ်၊ တခါတလေမှာ လက်ရှိပါတီခေါင်းဆောင်ကို ဖြုတ်ချလိုတဲ့အခါမှာ ခေါင်းဆောင်ရွေးခွင့်ရှိတဲ့ပါတီအာဏာပိုင်အဖွဲ့အစည်းအဝေးခေါ်ပြီး အများဆန္ဒနဲ့ ဖြုတ်ချလေ့ရှိပါတယ်၊ ပြုတ်သွားတဲ့ခေါင်းဆောင်က ပါတီအတွင်းမှာဘဲဆက်နေပြီး နောက်တခါအခွင့်အရေးရရင် ခေါင်းဆောင်ပြန်ရအောင် ကြိုးပန်းလေ့ရှိပါတယ်၊ ဒါယေဘုယျသဘောတရားပါ၊နိုင်ငံအလိုက် ပါတီအလိုက် သူတို့ရဲ့စီးမျဉ်းအလိုက် ကွဲပြားတာတွေရှိမှာပါ၊ ဖဆပလ ကွဲတဲ့အချိန်မှာ ဦနုဟာ ပါတီခေါင်းဆောင်လဲဖြစ်တယ်-ဝန်ကြီးချုပ်လဲဖြစ်ပါတယ်၊ ဖဆပလ မှာ ပါတီခေါင်းဆောင်ကို ဗဟိုဦးစီးအဖွဲ့က ရွေးရပါတယ်၊ ပါတီခေါင်းဆောင်ဟာ ပါတီကအစိုးရဖွဲ့နိုင်ရင် ဝန်ကြီးချုပ်ဖြစ်လာပါလိမ့်မယ်၊ ဖဆပလ ဗဟိုဦးစီးအဖွဲ့ခေါ်ပြီး ခေါင်းဆောင်အသစ်ပြန်ရွေးရရင် အဲဒီအချိန်မှာ ဦးနုသေချာပေါက်ရှုံးပြီး ဦးဗဆွေတို့အုပ်စုကအနိုင်ရပြီး ဦးဗဆွေ ပါတီခေါင်းဆောင်အသစ်ဖြစ်လာပါလိမ့်၊အဲဒီအခါ ဦးနုဟာ ပါတီစီးမျဉ်းအရ ဝန်ကြီးချုပ် အဖြစ်ကပါ နှုတ်ထွက်ပြီး ဦးဗဆွေ ကို ဝန်ကြီးချုပ်အဖြစ် အာဏာလွဲပေးရမှာဖြစ်ပါတယ်၊ ဒါပေမဲ့အာဏာလက်လွှတ်ရမှာကိုကြောက်တဲ့ ဦးနုဟာ ဒီမိုကရေစီကျင့်စဉ်ကနေသွေဖီပြီး ပါတီဗဟိုဦးစီးအဖွဲ့အစည်းအဝေးကိုမခေါ်ဘဲ ပါလီမန်ထဲမှာ ပမညတ တွေနဲ့ပေါင်းပြီး ဖဆပလတခြမ်းပဲ့အစိုးရ ဖွဲ့ပြီး ဒီမိုကရေစီစံနစ်ကို ရိုက်ချိုးပြစ်ခဲ့ပါတယ်၊ အဲဒီလုပ်ရပ်ဟာ နောက်ဆုံးတော့ စစ်အာဏာရှင်စံနစ်ကို ပေါ်ပေါက်စေပါတယ်၊ မြန်မာနိုင်ငံမှာစစ်အာဏာရှင်စံနစ်ပေါ်ထွန်းလာခြင်းအတွက် ဦးနုမှာလဲတာဝန်ရှိပါတယ်၊ ဒီကနေ့ ပြည်ခိုင်ဖြိုးပါတီမှာဖြစ်နေတာတွေဟာ ဖဆပလ ခေတ်မှာလို မဖြစ်ပါစေနဲ့လို့ဘဲဆုတောင်းရမှာဘဲ။
No comments:
Post a Comment