Tuesday, August 11, 2015
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
(၁၁-၈-၂၀၁၅)ရက်နေ့ ညနေ (၁၆း၀၀)နာရီအချိန် ထုတ်ပြန်ချက်
ယနေ့ မြန်မာစံတော်ချိန် ညနေ(၁၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း တို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။
လက်ရှိ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်သည့်နေရာမှာ အိန္ဒိယကမ်းခြေနှင့် နီးကပ်နေသော်လည်း အဆိုပါလေဖိအား နည်းရပ်ဝန်း ၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတမ်းတောင်ပိုင်း ပင်လယ်ပြင်တွင် လှိုင်း လေထန်နိုင်ပြီး ရေပြင်/မြေပြင်လေတိုက်နှုန်း (၃၅)မိုင်အထိ တိုက်ခတ်နိုင်သဖြင့်
ကမ်းနီး ကမ်းဝေး ရေယာဉ်ငယ်များ သတိပြုရန် လိုအပ်ပါသည်။
အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ခြင်း ရှိ/မရှိအား စောင့်ကြည့်လျက်ရှိပြီး ထူးခြားပါက ဆက်လက် သတင်းထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။ (၁၁-၈-၂၀၁၅)ရက်နေ့ ညနေ (၁၆း၀၀)နာရီအချိန် ထုတ်ပြန်ချက်
ယနေ့ မြန်မာစံတော်ချိန် ညနေ(၁၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း တို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။
လက်ရှိ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်သည့်နေရာမှာ အိန္ဒိယကမ်းခြေနှင့် နီးကပ်နေသော်လည်း အဆိုပါလေဖိအား နည်းရပ်ဝန်း ၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတမ်းတောင်ပိုင်း ပင်လယ်ပြင်တွင် လှိုင်း လေထန်နိုင်ပြီး ရေပြင်/မြေပြင်လေတိုက်နှုန်း (၃၅)မိုင်အထိ တိုက်ခတ်နိုင်သဖြင့်
ကမ်းနီး ကမ်းဝေး ရေယာဉ်ငယ်များ သတိပြုရန် လိုအပ်ပါသည်။
အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ခြင်း ရှိ/မရှိအား စောင့်ကြည့်လျက်ရှိပြီး ထူးခြားပါက ဆက်လက် သတင်းထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။
No comments:
Post a Comment